Facebook ဟာ အခုနောက်ပိုင်း တဖြေးဖြေးနဲ့ စီးပွါးရေး အရမ်းဆန်လာပါပြီ။ အရင်ကတော့ အသုံးပြုသူများအားလုံးကို အလကားအခမဲ့ ပေးသုံးထားပြီး သူတို့သုံးသမျှကိုလည်း အားလုံးမြင်အောင်၊ အားလုံးကို သွားပေါ်နေအောင် လုပ်ပေးခဲ့ပါတယ်။
အခုနောက်ပိုင်းမှာတော့ News Feed မှာ သွားပေါ်ပေးတဲ့ ရာခိုင်နှုန်းကို တဖြေးဖြေးနဲ့ လျှော့ချလာလိုက်တာ ပြီးခဲ့ပတ်အထိ Page တစ်ခုကနေ တင်ပေးလိုက်တဲ့ ပို့စ်တစ်ခုကို ၁၇ ရာခိုင်နှုန်းအထိသာ ပေးခဲ့ပါတယ်။ ဆိုလိုတာက လူပေါင်း ၁၀၀၀ ရှိနေတဲ့ Page ဆိုရင် ၁၇၀ ကိုသာ အလိုလို သွားပေါ်အောင် လုပ်ပေးတယ်။ အဲဒီကနေ စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်ဖြစ်နေရင် လူတွေကနေ အဆင့်ဆင့် ပြန် Share ပေးကြမှသာ အဲဒီထက် ပိုမြင်သွားကြပါတယ်။ Page တစ်ခုတည်းတင် မကပဲ အကောင့်တွေကိုလည်း ဒီလိုပဲ ရာခိုင်နှုန်းတွေ လျှော့ချလာခဲ့ပါတယ်။
ဟော အခုဆို ပိုဆိုးလာပါပြီ။ မနေ့က နိုင်ငံခြားသတင်းအများစုတွေ
အဲဒီသတင်းက အမှန်အကန်ပါပဲ။ ဒီနေ့ တင်ခဲ့တဲ့ ပို့စ်တွေအားလုံးဟာ ခါတိုင်း လူပေါင်း ထောင်ချီကြည့်နေတဲ့ အကောင်းစားပို့စ်နေပေမယ့် ဒီနေ့မှာတော့ ၂၀၀ နဲ့ ၃၀၀ ဂဏန်းလောက်သာ မြင်ခဲ့ကြပါတယ်။ အဲဒါ Facebook က စပြီးလျှော့ချလိုက်တာပါပဲ။ Page အက်ဒမင်လုပ်နေသူများအားလုံး
Facebook ဟာ လူတွေအားလုံးရဲ့ သည်းခြေခိုက် ဖြစ်လာတာနဲ့အညီ စီးပွါးရေးသများတွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးသမား၊ ဘာသာရေးသမားအားလုံးတို့ကလည်
အခုတော့ ငွေထည့်ပြီး Promote လုပ်မှ အကုန်လုံးဆီကို မြင်အောင် သွားဖော်ပြပေးမယ်ဆိုတာ ဖြစ်လာပါပြီ။ စီးပွါးရေးဆန်လာတယ်လို့ ဆိုရတော့မယ်။ စီးပွါးရေးသမားများအတွက်ကတေ
ဒါကြောင့်ထင်တယ် ဟိုတစ်လောက ကျွန်တော့်ကို လူတော်တော်များများလာမေးကြပ
www.thantoeaung.com ကိုမှတ်ထားရင်တော့ အကောင်းဆုံးပါပဲ။ အဲဒါမမှတ်နိုင်ဘူးဆိုရင်တော
(ဒါလေးကိုလည်း ကျွန်တော့်အကောင့်ထဲက လူတော်တော်များများသိအောင်လ
အားလုံးကို လေးစားလျှက်
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:iBlogger

ليست هناك تعليقات:
إرسال تعليق