الخميس، 26 مايو 2016

X-BO Official Firmware Collection

SPD သုံးဖုန်းအား Firmware Backup ထုတ်ခြင်း


SPD 8810 သုံးထားတဲ့ TEEENO T600 ကို Piranha Box Crack နဲ့ (.img) ရော (pac) ပါထုတ်နည်းလေးပါ ကျွန်တော်က piranha box crack သုံးလို့ လိုက်မဒေါင်းပါနဲ့ miracle နဲ့ လဲအတူတူပါပဲ ထုတ်နည်းက ပထမ ဦးဆုံးလိုအပ်တာကတော့
1. ဖုန်းမှာ Root Access ရထားရပါမယ် Root ဖောက်ထားရမယ်ပေါ့ဗျာ

2. 2GB SD Card အလွတ်တစ်ခုလိုပါမယ်
အားလုံးစုံပြီးဆို SD Card ကို ဖုန်းထဲထည့်ပြီး ဖုန်းကိုပါဝင်ဖွင့်ထားပြီး computer ဖြင့်ချိတ်ဆက်ထားလိုက်ပါ USB Debugging On တာ ဘာညာတော့မပြောတော့ပါဘူး Root တောင်ဖောက်ပြီးပြီပဲ
3.Piranha Box Crack ကိုဖွင့်ပါ CHINESE TOOL ကိုရွေးပါ SPD&WT ကိုရွေးပါ Backup Mobile (ADB) ကိုရွေးပါ USB Mode ကိုရွေးပါ
Select Cable name မှာ USB_(Cable&Mode) ကိုရွေးပါ ဖုန်းကလဲ computer နဲ့ ချိတ်ပြီးသားဆိုတော့ start ကိုနှိပ်ပါ ဖုန်းမှာ Root permission တောင်းပါလိမ့်မယ် ခွင့်ပြုပေးလိုက်ပါ Piranha မှာ Need root (su)လို့ စာတမ်းအနီနဲ့ပြပါက ခွင့်ပြုပြီးပြီဖြစ်သောကြောင့် Start ကိုထပ်နှိပ်ပေးပါ
 Box တစ်ခုတက်လာပြီး ကိုယ့် Save ထားမယ် Folder ကို ရွေးပေးပြီး OK နှိပ်ပေးပါ

(.img )တွေကိုစပြီးထုတ်ပေးပါလိမ့်မယ် စောင့်နေလိုက်ပါ နောက်ဆုံး Packing လို့ပြပြီး File save to ( location) လို့ပေါ်လာရင်ပြီးပါပြီ 
အဲဒါဆို ကျွန်တော်တို့ Save ထားတဲ့ Folder ထဲမှာ (.img) ဖိုင်နဲ့ Packing လုပ်ထားတဲ့ pac file လေးပါရောက်နေပါပြီး ကျွန်တော် ထုတ်တာ T600 ဆိုတော့ T600_t.pac လို့ ပေါ်နေပါတယ် img file တွေကတော့ အခြားနည်း Reserach Downloader ပြန်ပြီး Packing ပြန်ပေါင်းတာပေါ့ ခင်ဗျာတို့သိတဲ့ Display fix ဆိုတာ မျိုးပေါ့ လိုတာလေးတွေ ကိုပြန်ပေါင်းပြီး pac ပြန်လုပ်ဖို့ img လေးတွေကိုပြန်ပေါင်းပေးတာပါ ဒါဆိုကျွန်တော် piranha က ပေါင်းထားပေးတဲ့ pac လေးကို Reserach Downloader နဲ့ ပြန် flash လိုက်ယုံပါပဲ ပုံလေးတွေ ကြည့်ရင်ရှင်းမယ်ထင်ပါတယ် ကျွန်တော် video toturial လေးထဲ ထပ်ထည့်ပေးပါမယ် သိမ်းထားချင်သူများအတွက် နောက်တစ်နည်းက တော့ miracle နဲ့ထုတ်တာပေါ့ miracle ကတော့ ရှင်းတယ် 
ဖုန်းမှာ Root ရအောင်လုပ် SD Card အလွတ်ထည့်ပြီးcomputer နဲ့ချိတ် miracle box carck ကိုဖွင့် SPD ကိုရွေးပေး Backup Mobile (ADB) ကိုရွေးပေး USB Mode ကိုရွေးပြီး Start ကိုနှိပ် ဖုန်းမှာRoot Permission တောင်းရင်ခွင့်ပြုပေးလိုက်ပါ Need root (su) လိုပြနေရင် start ကိုထပ်နှိပ်ပေးပါ ဒါဆိုရင် ဖုန်းကို Tool က ချိတ်ဆက်ပြီး Save မယ့် Folder location ကို ရွေးဖို့ Box တစ်ခု ပေါ်လာရင် save မယ့် Folder လေးရွေးပေးပြီး OK နှိပ် စပြီးတော့ .img တွေကို backup ထုတ်ပေးပါပြီး စောင့်နေလိုက်ပါ နောက်ဆုံး Packing ပြပြီး File save to (Folder location ) လို့ပေါ်လာပါက backup ထုတ်ခြင်းပြီးဆုံးပါပြီ ကိုယ်သိမ်းထားတဲ့ Folder ထဲသွားကြည့်ပေါ့ .img file တွေနဲ့ Pac file လေးရောက်နေပါပြီး ဒါဆို Reserach Downloader နဲ့ ပြန်flash လို့ရပါပြီ အဆင်ပြေကြပါစေခင်ဗျ ပုံလေးတွေကြည့်ပြီးထုတ်ကြည့်ပါ အဆင်မပြေတာရှိရင် ကျွန်တော် account chatbox မှာ မေးနိုင်သလို 

KSDreamMobile - Credit
မူရင်းရေးသားသူ - Kyaw Zay Ya (KSDreamMobile)

Find My iPhone, iPad, iPod, Mac နဲ့မိတ်ဆက်ပေးချင်ပါတယ်။ (မသိသေးသူများအတွက်သာ)

Find My iPhone App က Apple ကထုတ်တဲ့ iPhone, iPad, iPod Touch, Mac တွေ မှာပါပါတယ်။

Find My iPhone ကတော့ iCloud နှင့် တွဲပြီး သုံးရတဲ့ App တစ်ခုဖြစ်ပါတယ်။
Find My iPhone App ရဲ့အဓိက ကောင်းချက်ကတော့ မိမိရဲ့Apple ပစ္စည်း အထားမှား၍ ပျောက်တာပဲ ဖြစ်ဖြစ်၊ သူတပါးခိုးသွားတာပဲ ဖြစ်ဖြစ် iCloud အသုံးပြုပြီးတော့ မြေပုံမှာပြန်ရှာလို့ရအောင် (သို့) Apple ပစ္စည်း ကို ပျောက်သွားရင်သူများသုံး၍ မရအောင် Screen Lock ချခြင်း (သို့) Activation Lock ချခြင်း (သို့) ကိုယ့်ရဲ့အရေးကြီးသောPersonal Data များကို Erase/Delete လုပ်လို့ရပါတယ်။
Find My iPhone ကိုအသုံးပြုခြင်ရင်တော့ Apple ID account ရှိဖို့တော့လိုအပ်ပါတယ်။ 

Find My iPhone ကိုတော့ မိမိ Apple device ရဲ့ Settings -> iCloud -> Find My iPhone ထဲမှာရှာတွေ နိုင်ပါတယ်။
iCloud ကို Apple ID account ဖြင့် Sign-in မလုပ်ရသေး ရင် Find My iPhone ကိုတော့တွေ့မှာ မဟုတ်ပါဘူး။
Sign-in လုပ်ပြီးရင်တော့ Find My iPhone ကို On လုပ်လိုက်ပါ။
ပြီးရင် တခြား Computer မှ web browser ဖြင့်https://www.icloud.com ကိုသွားပြီး မိမိရဲ့ Apple ID account ဖြင့် Sign-in လုပ်ပါ။

Sign-in လုပ်ပြီးရင် Find My iPhone ကိုရွေးပါ။

Find My iPhone ထဲရောက်ပြီဆိုရင် မိမိရဲ့ ပိုင်ဆိုင်အသုံးပြုနေသော Apple Devices တွေအားလုံးကိုMap ကိုမြေပုံပေါ်မှာ အစက် ဝိုင်းကလေးများအနေဖြင့်မြင်ရမှာဖြစ်ပါတယ်။
အစက်ကလေးပေါ်မှာ နှိပ်လိုက်ရင်တော့ ကိုApple Device ရဲ့ပတ်သတ်တဲ့ Information (နေရာ Location, Battery Status, Battery Charging Status) တွေကိုမြင်နိုင်ပါတယ်။ပြီးရင် ခလုပ် (၃) ခု ပါပါတယ်။
Play Sound, Lost Mode, Erase iPhone။

Play Sound ကိုနှိပ်ရင်တော့ ကိုရဲ Apple Device မှာ Alarm လာမြည်ပါ တယ်။ အိမ်မှာနေရာအထားမှား၍ ပြောက်တာပဲဖြစ်ဖြစ် Play Sound ကိုအသုံးပြုပြီးရှာနိုင်ပါတယ်။
Play Sound က မိမိ ရဲ Apple Device ကို Silent လုပ်ထားရင်တောင် Alarm မြည်နိုင်ပါတယ်။
နောက်တခုကတော့ Lost Mode ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Apple Device မှာ Passcode မရှိသေးရင်တော့ Lost Mode ကိုနှိပ်လိုက်ရင်တော့ Passcode ထည့်မို့ ဂဏန်း ၄လုံးတောင်းပါလိမ့်မယ်။

ဂဏန်း ၄လုံး ထည့်ပြီးရင် ကိုApple Device က Auto Screen Lock ကျသွားမှာပါ။ ဂဏန်း ၄လုံးထည့်ပြီးရင် ဆက်သွယ်ရမည့် ဖုန်းနံပတ် နှင့် ကိုပြောလိုသောMessage ကို စာ ရေး၍ Apple Device ကိုပို့လို့ရပါတယ်။
နောက်ဆုံးတခုကတော့ Erase iPhone ဖြစ်ပါတယ်။ အဲဒါကိုနိပ်ပြီးရင်တော့ ကိုApple Device ထဲမှာရှိတဲ့ Personal Data တွေအားလုံး ကိုဖျက်ပစ် Erase/Delete လုပ်သွားမှာဖြစ်ပါတယ်။
ဒီနည်းကိုတော့ ကိုရဲ့ Apple Device ကိုဘယ်လိုမှ မျော်လင့်ချက်မရှိ၊ ပြန်မရနိုင်တော့ရင်သာအသုံးပြုသင့်ပါတယ်။ လုပ်ပြီးရင်တော့ Apple Device ကိုiCloud ကနေရှာလို့ Track လို့ မရတော့ပါဘူး။
ဒါပေမဲ့Erase iPhone လုပ်ထာတဲ့ Apple Device ဟာ မိမိရဲ့Personal Data တွေအထဲမှာမရှိတော့ပါဘူး ။
မိမိ ရဲ့ Apple ID account မရှိတဲ့သူတွေဟာ ဘယ်လိုမှ မိမိ ရဲ့ Apple Device ကိုအသုံးပြု နိုင်မှာမဟုတ်ပါဘူး။
Find My iPhone ကို On လုပ်ထားရင် ဘယ်သူမှ မိမိ ရဲ့Apple ID account မရှိရင် iOS Firmware ပြန်တင်ပြီးရင်တောင် အသုံးပြုလို့မရနိုင်ပါဘူး။
Activation Lock ကျသွားပါပြီ။
ဒီ Play Sound, Lost Mode, Erase iPhone တွေကိုနှိပ်တိုင်းFind My iPhone App က ကိုရဲ့ Apple ID email ကိုnotifications တွေပို့ပေးပါတယ်။
ဒီ Find My iPhone App ကောင်းကောင်း အလုပ်လုပ် ဖို့အတွက်တော့ သင့်ရဲ့ Apple Device ဟာ 3G (သို့) Wi-Fi Internet နဲ့ အမြဲတမ်းလိုလို ချိတ်ဆက် နေမှ သာ iCloud Website ပေါ်မှတဆင့် ကိုရဲ့ Apple Device ကို Track လုပ်၊ Command ပေးတာတွေလုပ်လို့ရမှာပါ။
အခု ကတော့ 3G ကို Telenor, Ooredoo, MPT တို့ဖြင့် တွင်တွင် ကျယ်ကျယ် သုံးလာတာရော၊ 3G ကို Pay As You Go စနစ်ဖြင့် အသုံးပြုလာတာ ကြောင့် ကျွန်တော်တို့ရဲ့ Apple Devices တွေဟာ အမြဲတမ်းလိုလို Internet နဲ့ အချိတ်အဆက်ရှိ တဲ့ အတွက် ဒီ App လေးကို ထိထိ ရောက်ရောက် အကျိုးရှိစွာသုံးနိုင်မှာ ဖြစ်ပါတယ်။
Creadit 
IOS Banker .MM

الجمعة، 8 أبريل 2016

Samsung ဖုန်းများ Root ဖောက်ပြီး Touch Error ဖြစ်ခဲ့လျှင်

ဒီနေ့ဆိုင်မှာ G920F Samsung S6 တလုံးရောက်လာတော့ မူလ Error က

Kernel မှားပီး စက်က မတက်တော့တာ။ အဲတာနဲ့ Firmware ရေးလိုက်တယ်

စက်ကပုံမှန်ပြန်တက်လာတယ်။ အဲတာနဲ့ရပီပေါ့ စမ်းကြည့်တော့ အကုန်အဆ

င်ပြေတယ်။ အဲတာနဲ့ ပေးပြီးမှ Customer က မြန်မာစာထည့်အုံးမယ်ဆိုတော့

Root ဖောက်ပေးလိုက်တယ်။ Root ဖောက်ပေးပြီး ပြန်တက်လာရော 

Touch က ဘယ်ဘက်နှိပ်ရင် ညာဘက်ဝင်တယ် ညာဘက်နှိပ်ရင် ဘယ်ဘက်

ဝင်တယ်။အော် ဒါ Kernel မှာတခုခုပြသနာတက်လို့နေမှာပါဆိုပြီး Official 

Firmware ပြန်သွင်းပေးလိုက်တယ်။ Firmware ရေးပြီးပြန်တက်လာတော့လဲ

ဒီတိုင်းပဲ။ Touch ကလစ်မြဲလစ်နေတာဆိုတော့ နဲနဲတော့ ချွေးပြန်သွားတယ်။

သူ့လက်ထဲမှာတောင် စမ်းပြီးအကောင်း Root ဖောက်ပြီးမှ ဖြစ်တာကိုးးးး

Firmware ရေးတာတောင် ပြန်မကောင်းဘူးဆိုတော့ ရော်ရတော့မလိုလိ

နောက်ဆုံးကျမှ Secret Code တခုရှာတွေ့ပီးစမ်းလိုက်တာအဆင်ပြေသွားတယ်။

အခုလို Touch ကြောင်တာက အရင် J7 / A5 တွေမှာလဲကြုံဘူးတယ်။

Customer တွေပြောရင်လဲ Root Apk သုံးပြီးဖြစ်တာလို့ပြေတယ်။

ကိုကလဲ Firmware ပြန်ရေပီးတောင် မကောင်းရင်တော့ Hardware လို့ပဲ

ထင်ခဲ့တယ်။ တကယ်တော့ အဲလို Root ပြီးမှဖြစ်ရင်

ဖုန်းမှာ

*#2663# ကိုခေါ် တက်လာတဲက Screen မှာ TSP FW update ကိုတချက်

နှိပ်ပေးလိုက်ပါ။ ပြီးရင်တော့ Touch ပြန်မှန်သွားပါလိမ့်မယ်။

ကြုံလာခဲ့ရင် ကျနော့လိုချွေးမပြန်တော့အောင်ပါ 

အရင်ကတော့ Customer တောင်ငေါက်မိသေးတယ် Firmware ရေးပီးရင်

ဒါ Software ပိုင်းကမှန်သွားပီ အကို့ဟာ Hardware နေမှာဘာညာပေါ့

Credit - Ye Lin Aung

السبت، 2 أبريل 2016

GOOGLE တွင် မည်ကဲ့သို့ ရှာမည်နည်း

ကမ္ဘာလုံးကနေ www.google.com လို့ရိုက်ပြီးသွားလိုက်ပါ အပေါ်ပါပုံလိုပေါ်လာပါလိမ့်မယ်
Google မှာ ရှာဖွေမယ်ဆိုရင် English စာလည်း သေသေချာချာ မကျွမ်းကျင်ဘူးဆိုရင်တော့ ရိုးရိုး simple idea လေးနဲ့ ပဲစဉ်းစားရအောင်။ ကျွန်တော်တို့ တစ်ခုခုကို download ချချင်နေပြီပေါ့။ CCleaner ကို download ချချင်ပြီဆိုရင် Ccleaner download ဖြစ်ဖြစ်... download Ccleaner ဖြစ်ဖြစ် Google မှာထည့်ပြီးရှာလိုက်ရုံပါပဲ။ Ubuntu ကို လိုချင်လည်း အဲလိုပါပဲ။ Ubuntu download ဖြစ်ဖြစ် download Ubuntu ဖြစ်ဖြစ်ပေါ့။ နောက်ပြီး Ubuntu အတွက် Game ရှာချင်တယ်။ ဒါဆို ရိုးရိုး simple လေးနဲ့ စဉ်းစားကြည့်ရအောင်။ Game ဘာအတွက်လဲ။ Ubuntu အတွက်။ ဒါဆို Game for Ubuntu ပေါ့။ Ubuntu အတွက်ပိုသေချာစေချင်တယ်။ ဒါဆိုရင် Ubuntu ကို " နဲ့ " ကြားမှာထည့်ရေးလိုက်ပေါ့။ ဒါဆို Game for "Ubuntu" ဆိုပြီး ဖြစ်သွားပါမယ်။ ဒါဆိုရင်တော့ Ubuntu ပါတဲ့စာလုံးလေးတွေကိုပဲ ရှာပါတော့မယ်။ ဟုတ်ပြီ။ နောက်တဆင့် ထပ်စဉ်းစားရအောင်။ Antivirus လိုချင်တယ်။ Ubuntu အတွက်။ ဒါဆိုရင် Antivirus for "Ubuntu" နဲ့ရှာလို့ရတယ်။ စိတ်က သိပ်မကျေနပ်ဘူးဆိုရင် ထပ်ကွန့်ပြီး စဉ်းစားရအောင်။ Ubuntu က open source ဒါမှမဟုတ် free ဟာတွေပဲ ရှိတယ်မဟုတ်လား။ ဒါဆိုရင် ကျွန်တော်တို့တွေ Free Antivirus for "Ubuntu" ဆိုပြီး ရှာလည်း ဖြစ်ပါတယ်။

الجمعة، 1 أبريل 2016

ဖုန်းရေထဲ ကျသွားရင် ဘယ်လိုလုပ်မလဲ....? (သင်္ကြန်နားနီးလို့)


ဖုန်းရေထဲ ကျသွားရင်ဘာတွေလုပ်မလဲ ?

ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။

 အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ

အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။

  သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ

  အကြောင်းအမျိုးမျိုးကြောင့် ရေထဲ ကျသွားရင် ဘာလုပ်ရမလဲ

ဆိုတာ သိထားဖို့လိုအပ်ပါတယ်။

... အိမ်မှာနေရင်း ဖုန်းက ရေထဲ ကျသွားတယ်ဆိုပါစို့။

ပေါက်ပေါက် ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့

သူတွေတောင် ကြံဖူးပါတယ်။


ပါဝင်မဖွင့်ရ

အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့်

အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။

ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲနှစ်နှစ်၊

ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊

 များများပဲ စိုစို ပါဝါ လုံးဝ မဖွင့်မိဖို့ အရေးကြီးပါတယ်။


ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။

အချို့ ကျတော့လည်း ဘက်ထရီနဲ့

ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။

ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။

အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။

 ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။

ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ

မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း

ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ

 မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။


ရေငွေ့မြန်မြန်ပြန်

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက

နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။

ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။နေရဲ့  အပူဒဏ်ကို

 ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး

ပိုလို့တောင် ပျက်ဆီးစေပါတယ်။

ဒါကြောင့် ရေငွေ့အစုပ်မြန်တဲ့

နေရာတစ်ခုခုမှာ ထားရပါမယ်။

  အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။

 ဆန်အိုးထဲနှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို

 အမြန်ဆုံး စုပ်ပေးပါတယ်။

သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထား
ရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း

လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က

အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။

ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း

ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ

ရေငွေ့စင်အောင်ကြိုးစားရပါမယ်။

  ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့

ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါ တယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က

အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။

  ရေဝင်တဲ့ အတိုင်းအတာအလိုက်၊

 ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက်

 အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။

ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက

 မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို

  ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း

အလုပ်ပြန်လုပ်တယ်ဆိုရင်တော့

  ကံကောင်းသွားသူ ဖြစ်ပါတယ်။

 သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။

 မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။

စက်က ထစ်နေတယ်ဆိုရင်တော့

 တကယ် စိတ်မကောင်းစရာ ပါပဲ။

 ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ

သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက

 ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။

အများကြီး ထူးပါတယ်။

  ကိုယ့်ဖုန်းကိုရေကုန်အောင် အတတ်နိုင်ဆုံး

 ကြိုးစားထားပြီး ဖြစ်တဲ့အတွက်

 ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့

လွယ်ကူပါတယ်။ ရေခြောက်ပြီး

 ပုံမှန်အလုပ်လုပ်တယ် ဆိုရင်တောင်

ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။

အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက်

နောက်မှ touchအလုပ်မလုပ်တော့တာမျိုးတို့

ဖြစ်တတ်လို့ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းများအတိုင်း

ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့ ရေစိုဖုန်းများ

  မြန်မြန်အသက်ပြန်ရှင်နိုင်ပါတယ်။

သို့တည်းမဟုတ် အပြင်မှာ သွားရင်း လာရင်း ဖြစ်တယ်

 ဆိုရင်လည်း အိမ်မှာ ရှိတဲ့ facility များလို

အနီးစပ်ဆုံးနည်းလမ်းများကို အသုံြး့ပုရမှာ ဖြစ်ပါတယ်။

အချို့ ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်ပါတယ်။

ကိုယ်ဖြစ်တဲ့ နေရာက ဆိုင်နဲ့နီးနေရင်

 ပိုတောင် အဆင်ပြေပါသေးတယ်။

သို့ပေမယ့် ဖုန်းများ ရေထဲ မကျအောင်၊

 ရေမစိုအောင် ထားဖို့ကတော့ စာဖတ်သူတို့ တာဝန်သာဖြစ်ပါတယ်။