السبت، 25 أبريل 2015

MTK 4.4.2 ဖုန်းတွေမှာ COC မြန်မာ Font


အခုပေးထားတဲ့ DroidSans.ttf ဖောင့်ကို system>font ထဲကိုထည့်ပေး reboot လုပ်ပြီးတာနဲ့ coc မှာမြန်မာစာမြင်ရပါပြီ

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

နောက်ထွက် MTK 4.4.2 အတွက် Ornagai 4.4.2

original ornagai
Ornagai 4.4.2
နောက်ထွက် MTK 4.4.2 အလုံးတွေမှာ Ornagai သုံးရင် eng စာမှာ? တွေပေါ်နေတာကိုပြင်ပေးထားပါတယ် လိုအပ်သူများအောက်ကလင့်မှာဒေါင်းနိုင်ပါပြီ



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

သင့်ရဲ့ တည်နေရာကို ကောင်းစွာ အသုံးပြုနိုင်တဲ့ Android Apps အမျိုးအစား ငါးခု

GPS နဲ့ Mobile Data ကို အသုံးပြုပြီး သင့်ရဲ့ တည်နေရာကို ရှာဖွေရတာ ဘက်ထရီကုန်စေပါတယ်။ ဒါဆိုရင် အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုသင့်သလားဆိုတာ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ သုံးသင့်ပါတယ်။ သင့်ရဲ့ တည်နေရာကို ကောင်းစွာ အသုံးပြုနိုင်တဲ့ Android Apps အမျိုးအစားငါးခုကို ဖော်ပြလိုက်ပါတယ်။ ဒီ App တွေက သင့်ရဲ့ နေ့စဉ် ဒစ်ဂျစ်တယ် လူနေမှုဘ၀ကို ကောင်းမွန်စေမှာပါ။
ကားမောင်းခြင်း။
Android Phone အများစုမှာ နဂိုပါရှိတဲ့ Google Maps သာမက Sygic နဲ့ HERE တို့က သင် ကားမောင်းရင် အထောက်အကူပြုပေးနိုင်ပါတယ်။ အဲဒီ App တွေက သင့်ရဲ့တည်နေရာကို မြေပုံပေါ်မှာ ဖော်ပြပေးနိုင်ပြီး သင်သွားချင်တဲ့ တည်နေရာကို လမ်းညွှန်ပေးနိုင်ပါတယ်။ Google Maps မှာတော့ Turn-by-Turn Navigation ခေါ် တစ်ဆင့်ချင်းလမ်းညွှန်မှုကို အသုံးပြုရင် အင်တာနက် ချိတ်ဆက်ထားရမှာဖြစ်ပြီး Sygic နဲ့ HERE တို့မှာတော့ Offline အသုံးပြုနိုင်ပါတယ်။
အခြားနိုင်ငံတွေမှာ ဆိုရင်တော့ Uber နဲ့ Lyft အငှားယာဉ်ဝန်ဆောင်မှု App တွေကို အသုံးပြုပြီး သင့်အနီးအနားမှာ ရှိတဲ့ အငှားယာဉ်တွေကို အမြန်ဆုံး ဆက်သွယ်နိုင်မှာပါ။ အဲဒီဝန်ဆောင်မှုတွေက သင်သွားမယ့် တည်နေရာကိုပဲ သွားမယ့် အခြား လူတွေကို ခေါ်ဆောင်လာမှာ ဖြစ်တဲ့အတွက် အငှားယာဉ် ဈေးနှုန်းကလည်း သက်သာပါတယ်။
1
သင့်ရဲ့ တည်နေရာကို မျှဝေခြင်း။
သင့်ရဲ့ သူငယ်ချင်းတွေနဲ့ ချိန်းဆိုထားစဉ်မှာ နောက်ကျနေတယ်ဆိုရင် သူတို့က သင့်ကို ဖုန်းဆက်မေးမြန်းကြမှာပါ။ ဒီလို ဖုန်းတွေ ၀င်လာတာ အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ Glympse ကို အသုံးပြုပါ။ App က သင့်ရဲ့ တည်နေရာကို မြေပုံပေါ်မှာ သူငယ်ချင်းတွေကို စဉ်ဆက်မပြတ်ပြသပေးနေမှာပါ။ တည်နေရာ မျှဝေမှုကို သင်က ပိတ်ထားချင်ရင်လည်း ပိတ်ထားနိုင်တဲ့အတွက် အခြား အချိန်တွေမှာ သင့်တည်နေရာကို ဘယ်သူမှ မသိနိုင်ပါဘူး။
နှစ်ဦးနှစ်ဖက် တည်နေရာကို စဉ်ဆက်မပြတ် မျှဝေချင်ရင်တော့ Jink ကို ရွေးချယ်နိုင်ပါတယ်။ Beta Version သာရှိသေးပေမယ့် Google Play Store ကနေ ဘယ်သူမဆို ရယူနိုင်ပါတယ်။
2
နေရာအသစ်များကို ရှာဖွေခြင်း။
သင်နဲ့ သင့်သူငယ်ချင်းတွေ အပြင်မှာ လည်ပတ်ဖို့ ရောက်ရှိနေကြပြီး ဘယ်နေရာသွားရင်ကောင်းမလဲလို့ စဉ်းစားမရ ဖြစ်နေရင်တော့ ဒီ Apps တွေကို ဆောင်ထားပါ။ Urbanspoon, Zagat, Foursquare, Yelp စတဲ့ App တွေက စားသောက်ဆိုင်တွေ အပါအ၀င် ပျော်စရာကောင်းတဲ့ နေရာတွေကို သင်တို့အတွက် ရှာပေးမှာပါ။
3
Social ကျခြင်း။
သင်ရောက်ရှိနေတဲ့ နေရာကောင်းလေးတစ်ခုကို သူငယ်ချင်းတွေနဲ့ မျှဝေတာကလည်း Social ကျစေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ စာရေးသားပြီး မျှဝေစရာမလိုပါဘူး။ လူမှုကွန်ရက် အချို့က ဒီလိုလုပ်ဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ Facebook က သင်ရောက်ရှိနေတဲ့ တည်နေရာကို မျှဝေဖို့ Check-In စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။
တည်နေရာကို သူငယ်ချင်းတွေနဲ့ မျှဝေတာ အပြင် သင့် အနီးအနားမှ သူငယ်ချင်းအသစ်တွေကို ရှာဖွေရတာကလည်း သင့်ရဲ့ လူမှုကွန်ရက်ကို တိုးပွားစေမှာပါ။ Google Plus App မှာ သင့်အနီးအနားမှ သူငယ်ချင်းတွေကို ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။
4
ပျောက်ဆုံးသွားတဲ့ Device ကို ရှာဖွေခြင်း။
Google က ပျောက်ဆုံးသွားတဲ့ Android Device တွေကို ရှာဖွေဖို့ Android Device Manager ကို ထည့်သွင်းပေးထားပါတယ်။ သင့်ဖုန်း မပျောက်ခင်မှာ Google Settings App> Android Device Manager ထဲသွားပြီး Option နှစ်ခုကို အမှန်ခြစ်ပေးထားရမှာပါ။ သင့်ဖုန်းပျောက်သွားရင် Android Device Manager Website ကနေ သင့်ဖုန်းရဲ့ တည်နေရာကို မြေပုံပေါ်မှာ ခြေရာခံနိုင်ပါတယ်။
5
သင့်ဖုန်းမှာ Android Device Manager ကို On မလုပ်ထားမိဘဲ ဖုန်းပျောက်ဆုံးသွားရင်လည်း သင့်ဖုန်းရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ အခွင့်အရေးရှိပါသေးတယ်။ ကွန်ပြူတာကနေ Google Play Store ထဲသွားပြီး သင့်အကောင့်နဲ့ ၀င်ပါ။ Android Lost, Lookout, Cerberus , Prey တို့လို App တွေကို ရှာပြီး သင့်ဖုန်းရဲ့ Android Version နဲ့ ကိုက်ညီတာကို ရွေးချယ်ပြီး အင်စတောလုပ်ပါ။ ဒါဆိုရင် သင့်ဖုန်း အင်တာနက်ချိတ်ဆက်နေတဲ့အချိန်မှာ Remote Install လုပ်ပေးမှာပါ။ ပြီးရင်တော့ သက်ဆိုင်ရာ ၀န်ဆောင်မှုရဲ့ ၀က်ဆိုက်ကနေ ပျောက်ဆုံးသွားတဲ့ သင့်ဖုန်းကို မြေပုံပေါ်မှာ ရှာဖွေနိုင်ပါတယ်။
Android Device တစ်ခုရဲ့ တည်နေရာကို ကောင်းစွာ အသုံးချနိုင်တဲ့ Apps များစွာ ရှိပါတယ်။ အခုဆောင်းပါးမှာတော့ ကောင်းနိုးရာရာ Apps အမျိုးအစားငါးခုကို ဖော်ပြပေးလိုက်တာပါ။

ref;http://www.myanmardigitallife.com/

الجمعة، 24 أبريل 2015

Facebook မှာ Posts များကို ရှာဖွေနည်း

Facebook က Posts, Photos, Videos များကို အလွယ်တကူ ရှာဖွေနိုင်တဲ့ စွမ်းဆောင်ချက်ကို မကြာမီက ထည့်သွင်းပေးလိုက်ပါတယ်။ Facebook က Graph Search အပေါ် အခြေခံပြီး အဲဒီစွမ်းဆောင်ချက်ကို တည်ဆောက်ထားတာပါ။ စွမ်းဆောင်ချက် အသစ်ဟာ သင်ရဲ့ ပို့စ်များ၊ သူငယ်ချင်းများရဲ့ ပို့စ်များနဲ့ Pages များမှ ပို့စ်များ အားလုံးကို ရှာဖွေပေးနိုင်ပါတယ်။
အခုအချိန်မှာတော့ အဲဒီစွမ်းဆောင်ချက်အသစ်ကို iPhone နဲ့ Desktop မှာ အသုံးပြုနိုင်ပေမယ့် Android မှာတော့ ဘယ်အချိန် ရမလဲဆိုတာ ပြောကြားခြင်း မရှိသေးပါဘူး။ Android အတွက် မကြာမီမှာ ဖြန့်ချီပေးတော့မယ်လို့ ထင်ရပါတယ်။
အဲဒီ စွမ်းဆောင်ချက်ကို သင်အသုံးပြုလို့ရပြီဆိုရင် Desktop မှာ ဖြစ်ဖြစ်၊ မိုဘိုင်းမှာ ဖြစ်ဖြစ် Search Box ရဲ့ အောက်ခြေကနေ အသိပေးစာ ပေါ်လာမှာပါ။ ပို့စ်တွေကို ရှာရတာ လွယ်ကူပါတယ်။ Search Box မှာ စကားလုံးတွေ ရိုက်ထည့်ပေးရုံပါပဲ။
Search Box မှာ စာရိုက်ထည့်ပြီးရင် Graph Search က အကြံပြုပြသပေးမှာပါ။ အကြံပြုချက်တွေထဲမှာ Page, App, Friends တွေကိုပါ တွေ့ရတတ်ပါတယ်။ ပို့စ်တွေကို ရှာမယ်ဆိုရင်တော့ အကြံပြုချက်များရဲ့ အောက်ဆုံးမှာ ရှိတတ်တဲ့ သင်ရှာဖွေတဲ့ စာသားနဲ့ မှန်ဘီလူးပုံ တွဲလျက်ပြထားတဲ့ Option ကို နှိပ်ရပါမယ်။
5
ဒါဆိုရင် နောက် စာမျက်နှာတစ်ခုကို ရောက်သွားမှာ ဖြစ်ပြီး ရှာဖွေမှုရလဒ်တွေကို ပြသပေးမှာပါ။ အပေါ်ဆုံးမှာတော့ Posts, People, Photos, Pages, Places စတဲ့ ကဏ္ဍတွေကို ခွဲခြားပြသပေးထားပါတယ်။ Default အားဖြင့် Posts ကို ရွေးချယ်ပေးထားတဲ့အတွက် ပို့စ်ရှာမယ်ဆိုရင် ဘာမှပြောင်းလဲစရာမလိုပါဘူး။ ဓါတ်ပုံ၊ သူငယ်ချင်း စတာတွေ ရှာမယ်ဆိုရင်တော့ သက်ဆိုင်ရာ ကဏ္ဍကို ပြောင်းလဲကြည့်ရှုရပါမယ်။
6
Search Box မှာ စကားလုံးတွေ ရိုက်ထည့်ရှာဖွေရတာ မခက်ပေမယ့် လိုချင်တဲ့ ပို့စ်ကို အလွယ်တကူ ရှာတွေ့ဖို့ Tips အနည်းငယ်ပေးချင်ပါတယ်။
စကားလုံး သို့မဟုတ် Keyword တွေကို စဉ်းစားပါ။
Graph Search က Google Search လိုဖြစ်ပြီး စကားလုံး အနည်းငယ်ရိုက်ထည့်တာက ပိုကောင်းတဲ့ ရလဒ်ကို ရရှိပါတယ်။ “that time when I was at the beach with James.” လို စကားလုံး အများကြီးနဲ့ မရှာဘဲ “ James beach” လို့ ရှာရင် ရလဒ်ကောင်းကို ရမှာပါ။
နာမည်နဲ့ ရှာပါ။
သင့်ရဲ့ ပို့စ်ကို ရှာမယ်ဆိုရင် ရှာဖွေတဲ့ စကားလုံးရဲ့ အရှေ့မှာ သင့်နာမည်ပါထည့် ရှာရင် ရလဒ်ကောင်းကို ရရှိပါတယ်။ သူငယ်ချင်းရဲ့ ပို့စ်ကို ရှာမယ်ဆိုရင်တော့ သူ့နာမည်ကို အရှေ့မှာ ထည့်ပေးပါ။
7
Scroll ပြုလုပ်ပါ။
ရလဒ်တွေကို အစီအစဉ်နဲ့ ပြသတာမဟုတ်ပါဘူး။ အဲဒီအတွက် သင်ရှာဖွေတာကို မတွေ့ရင် အောက်ဘက်ကို Scroll လုပ်ပြီး ရှာပါ။
ကဏ္ဍများ ပြောင်းလဲရှာပါ။
Desktop မှာတော့ ထိပ်ဆုံးမှာ ကဏ္ဍတွေကို ပြသပေးထားတဲ့ အတွက် လွယ်ကူစွာ ပြောင်းလဲနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာ ဆိုရင်တော့ Search Box ရဲ့ ညာဘက်မှ Settings Icon ကိုနှိပ်ပြီး ကဏ္ဍတွေကို ပြောင်းလဲရမှာ ဖြစ်ပါတယ်။
8
Facebook Graph Search ဟာ အလွန် အစွမ်းထက်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ အဆက်အသွယ်မရတဲ့ မိတ်ဆွေဟောင်းတွေကိုရှာဖွေတာ၊ ကျောင်းနေဖက် သူငယ်ချင်းတွေကို ရှာဖွေတာ၊ ခရီးသွားလာသင့်တဲ့ နေရာတွေကို ရှာဖွတာ၊ အလုပ်အကိုင်အသစ်တွေကို ရှာဖွေတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ref;http://www.myanmardigitallife.com/

C8816 MEID & 3G Repair by Mobile Doctor.zip (24.92 MB)




credit-Mobile Doctor
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الخميس، 23 أبريل 2015

Facebook Hello Dialer 1.0.0.3.0


Facebook Hello Dialer 1.0.0.3.0

By Facebook


File name: com.facebook.phone-1.0.0.3.0-9365642-minAPI14.apk
Version: 1.0.0.3.0 (9365642)
Uploaded: April 23, 2015 at 12:56AM GMT+0630
File size: 9.3 MB (9,747,170 bytes)
Minimum Android version: Android 4.0+ (Ice Cream Sandwich, API 14)
MD5: 01a1c9d858e346ae15565167e1c88298
SHA1:58f5fcb5d3d0733ba6ebf9dca894ed7dbe3c1392
Downloads: 28,413
Uploaded by: Artem Russakovskii

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Android AIO Flasher 1.40 beta by Fonehacker free download

Android AIO Flasher 1.40 beta by Fonehacker free download


Android AIO Flasher 1.40 beta by Fonehacker free download here


AIO Flasher

Fastboot Flasher (NANDroid Restorer)
Boot
Recovery
System
UserData
Splash Image
Radio/Modem (dangerous)

ToolBox

Remount System
Start ADB Shell
LIst mtd info
Screenshot

Reboot Menu

Recovery Mode
Reboot

ADB Flasher (live) [Cyanogenmod Only]

Boot Image
Recovery image
Splash Image

APK Installer

Brouse button
New Install

Boot Animation Chaner

Universal Device Unrooter

Usage:

Extract all contents to a folder.
Connect your device in Fastboot mode (for fastboot flasher) or in Debugging mode (for ADB flasher and Boot animation changer) and start the program.
the features are pretty much self explanatory.
This is a beta application and may contains bugs like it won't show errors,you have to determine them by looking at shell output,but if you have connected device properly and have drivers installed,you won't run into problems