‏إظهار الرسائل ذات التسميات နည်းပညာ. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات နည်းပညာ. إظهار كافة الرسائل

السبت، 15 أكتوبر 2016

SD Card ဖြင့် Firmware တင်မရသော Huawei Y535D-C00 USB Upgrade Huawei phone Y series model များထဲမှ Y535D-C00 model အား USB firmware upgrade ပြုလုပ်ခြင်း။


-



























D Card ဖြင့် Firmware တင်မရသော Huawei Y535D-C00 USB Upgrade
Huawei phone Y series model များထဲမှ Y535D-C00 model အား USB firmware upgrade ပြုလုပ်ခြင်း။
လိုအပ်ချက်
၁ - HW OneKeyDownload v1.0.6 tool
Download link - comment တွင် ပေးထားပါသည်
HW OneKeyDownload v1.0.6 tool ဖိုင်ထဲမှ HQ_ASP_DownLoad.exe ကိုဖွင့်ပါ။
ဖုန်းကို battery တပ်ပီးကြိုးထိုးပါ။computer တွင် driver သိပြီး Choose path နေရာတွင် firmware file ထည့်ပါ။
HQ_ASP_DownLoad.exe software တွင်လည်း ready လို့ပြမည်။
Driver မသိပါက Firmware ထည့်လို့ရမည်မဟုတ်ပါ။
ပြီးလျှင် upgrade ကိုနှိပ်ပါ။
Firmware တင်ပြီးပါက success ပေါ်လာပြီး restart ကျသွားမည်ဖြစ်ပါသည်။
Firmware Flashing လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။

REF _ Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း



HDD (Harddisk Drive) & SSD ( Solid State Drive) တို့ရဲ့ အားနည်းချက် ၊ အားသာချက်

SSD နဲ့ HDD ဘယ်လိုကွာလည်း
HDD လို့ခေါ်တဲ့ ကျွန်တော်တို့သုံးနေကြ သာမန် Harddisk တွေဟာ သံလိုက်ပြားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသံလိုက်ပြားတွေပေါ်မှာ ဒေတာတွေကို အကန့်တွေခွဲပြီး သိမ်းဆည်းထားပါတယ်။ ဒေတာတွေကို ကွန်ပျူတာကနားလည်တဲ့ စနစ်ဖြစ်တဲ့ 0 နဲ့ 1 ဆိုတဲ့ Binary စနစ်နဲ့ သိမ်းပါတယ်။ 1 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်ဝင်စေပြီး 0 ဖြစ်စေချင်တဲ့အပိုင်းကို သံလိုက်ဓာတ်မရှိအောင် လုပ်ပစ်ပါတယ်။
မောင်းတံတစ်ခုပါပြီး ဒီမောင်းတံက သံလိုက်ပြားတွေကို လည်ပတ်စေပြီး ခုနသိမ်းဆည်းထားတဲ့ ဒေတာတွေကို မောင်းတံနဲ့ ခြစ်ပြီး ဒေတာတွေ သိမ်းဆည်းတာ ဖတ်ရှုတာ လုပ်ပါတယ်။
HDD ဝယ်တဲ့အချိန်မှာ 5400 RPM ၊ 7200RPM စသဖြင့် ရေးထားတာဟာ ဒီသံလိုက်ပြားတွေရဲ့ လည်ပတ်နှုန်းဖြစ်ပါတယ်။ လည်ပတ်နှုန်းမြန်လေ သိမ်းဆည်းတာ ဖတ်ရှုတာတွေ ပိုမြန်လေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာလကြာရှည်လာတာနဲ့အမျှ ဒီသံလိုက်ပြားတွေ ယိုယွင်းလာသလို မောင်းတံဟာလည်း ယိုယွင်းလာပါတယ်။ HDD တစ်လုံးပျက်ကာနီးရင် စပြတဲ့ လက္ခဏာက စက်ဖွင့်ထားရင် တစ်ဂျစ်ဂျစ်နဲ့ အသံကြားလာရတာပါပဲ။ ဒါဟာ မောင်းတံပျက်စီးစပြုလာတာကို ပြပါတယ်။
HDD တွေကို ကျွန်တော့်အတွေ့အကြုံအရဆိုရင်တော့ ပျမ်းမျှ နှစ်နှစ်ထက်ပို မသုံးသင့်ပါဘူး။ နှစ်နှစ်ကျော်လောက်ဆိုရင် သာမန် HDD တစ်လုံးဟာ စဖောက်လာပါပြီ။ တစ်ချို့ HDD တွေ ၆လ တစ်နှစ်နဲ့ ပျက်သွားတာတွေလည်း ရှိပါတယ်။ ပြီးတော့ HDD တစ်လုံးဟာ ဘယ်လောက်ပဲ RPM မြင့်ပါစေ mechanical လို့ခေါ်တဲ့ ရုပ်ပစ္စည်းနဲ့သာ လုပ်ထားတာဖြစ်လို့ ဒီ ပစ္စည်းရဲ့ သတ်မှတ်လည်ပတ်နှုန်းကို မကျော်နိုင်ပါဘူး။ ဒီတော့ read/write speed ကလည်း အကန့်အသတ်တွေ ရှိနေပါတယ်။
တစ်ဘက်မှာ SSD အကြောင်း ဆက်ကြည့်ကြမယ်ဆိုရင် SSD (Solid State Drive) မှာ ခုနက HDD လို သံလိုက်ပြားတွေ မပါဘူး မောင်းတံတွေမပါပါဘူး။ ဒီတော့ ပထမဆုံးအချက်အနေနဲ့ ပျက်စီးနိုင်တဲ့ mechanical အစိတ်အပိုင်းတွေ နည်းသွားပါတယ်။ ဒုတိယအနေနဲ့က SSD ပေါ်မှာ ဒေတာတွေ သိမ်းဆည်းရာမှာ သံလိုက်ပြားပေါ်မှာ မဟုတ်ပဲ chip တွေပေါ်မှာ Electronic Signal အနေနဲ့ သိမ်းဆည်းပါတယ်။
ဟာ ဒါဆို RAM တွေလိုပဲပေါ့။ တစ်ဝက်တော့ မှန်ပါတယ်။
RAM တွေမှာက Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်ရင် ပျောက်သွားတဲ့ memory chip တွေ ကို သုံးပါတယ်။ SSD မှာကြတော့ Non-Volatile Memory လို့ခေါ်တဲ့ ပါဝါပိတ်လိုက်လည်း ဆက်လက်သိမ်းဆည်းထားပေးတဲ့ memory chip တွေကို သုံးပါတယ်။
ဒီလို electronic signal အနေနဲ့ သိမ်းဆည်းတဲ့အတွက် read/write လုပ်ရာမှာ အရမ်းမြန်သွားပါတယ်။ HDD မှာ ဒေတာကို ဖတ်ဖို့ သံလိုက်ပြားပေါ်က ဒေတာသိမ်းဆည်းထားတဲ့နေရာကို သံလိုက်ပြားတွေကို လည်ပတ်စေပြီး မောင်းတံက ဒီသံလိုက်ပြားပေါ် ရွေ့လျား သွားဖတ်နေရပေမယ့် SSD မှာကတော့ ဒက်ကနဲ electronic signal လွှတ်လိုက်ပြီး ဖတ်နိုင်ပါတယ်။
ဒီနေ့ခေတ် SSD ရဲ့ speed ကို ကန့်သတ်ထားတဲ့ အရာကတော့ interface လို့ခေါ်တဲ့ ချိတ်ဆက်မှု စနစ်ပါ။ SSD အများစုဟာ SATA 3 interface နဲ့ပဲ motherboard ပေါ်ကို ချိတ်ဆက်ထားပါတယ်။ SATA 3 ရဲ့ သီအိုရီအရ အမြန်ဆုံး speed ဟာ 6.0Gbps ပါ။ Megabyte နဲ့ဆိုရင် တစ်စက္ကန့်ကို 750 မီဂါဘိုက်ပါ။ ဒါပေမယ့် တကယ်တမ်း read/write test လုပ်ရင် အဲဒီလောက် မထွက်ပါဘူး။
ဒီတော့ သာမန် SSD တွေထက်မြန်တဲ့ PCIe SSD ဆိုတာတွေ ထပ်ထွက်လာပါတယ်။ ဒီမှာကြတော့ Sata3 interface နဲ့ မချိတ်ဆက်တော့ပဲ Motherboard ရဲ့ PCI-e interface နဲ့ တိုက်ရိုက် ချိတ်ဆက်တဲ့အတွက် SATA3 ထက် အများကြီး မြန်သွားပါတယ်။ ဒါပေမယ့် ဈေးကတော့ ကြီးမြင့်နေတုန်းပါ။
HDD ထက်လည်း အများကြီး မြန်တယ်။ ပျက်စီးစရာ စက်အစိတ်အပိုင်းလည်း မပါဘူး။ ဒါဖြင့် SSD တွေကိုပဲ ယုံမှတ်လိုက်ကြတော့မလား။ ရာနှုန်းပြည့်တော့ ဘယ်ဟာကိုမှ စိတ်ချလို့မရပါဘူး။
HDD မှာ ဒေတာတွေကို ဖျက်လိုက်ရင် တကယ်တမ်းက ဒေတာကို ဖျက်လိုက်တာ မဟုတ်ပါဘူး။ ဒီဒေတာကို ရှာဖွေနိုင်တဲ့ Pointer ကို ကို ဖျက်လိုက်တာပါ။ ဥပမာ ကျွန်တော်က ကျွန်တော့အိမ်လိပ်စာမှာ မြို့နယ်နဲ့ရပ်ကွက်ကို ဖျက်ပစ်လိုက်သလိုပေါ့။ ကျွန်တော်ကတော့ ဒီအိမ်မှာ ရှိနေတာပဲ။ ဒါပေမယ့် ရှာမယ့်သူက မြို့နယ်မသိတော့ ရှာမတွေ့တော့သလိုပေါ့။ ဒီဒေတာအကန့်အပေါ်ကို ဒေတာအသစ်တွေ ထပ်မရေးသေးသရွေ့ ဖျက်လိုက်တဲ့ဖိုင်တွေဟာ ပြန်ရှာလို့ရပါသေးတယ် (အချို့ဖုန်းဆိုင် ကွန်ပျူတာဆိုင်တွေဟာ ဖောက်သည်တွေရဲ့ ပစ္စည်းတွေကို အဲလိုပြန်ရှာပြီး သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာဓာတ်ပုံနဲ့ ဒေတာတွေကို အင်တာနက်ပေါ်တင်ကြတယ်လို့ ကြားဖူးပါတယ်။ အပြင်းအထန်ရှုံ့ချပါတယ်)။
SSD မှာကြတော့ Read/Write Cycle ဆိုတာ ရှိပါတယ်။ ဒေတာတစ်ခုကို SSD ပေါ်မှာ ဖျက်လိုက်တဲ့အခါ ဒီဒေတာနေရာယူထားတဲ့ cell တစ်ခုလုံးကို SSD က ဖျက်ပစ်ရပါတယ်။ ဒါမှ နောက်ထပ်နေရာယူလို့ရမှာ မို့လို့ပါ။ SSD ပေါ်မှာ ဖျက်လိုက်တဲ့ ဒေတာကို HDD လို အလွယ်တကူပြန်ယူလို့မရတော့ပါဘူး။
ဒေတာတစ်ခုရှိတယ်၊ SSD ပေါ်ကနေဖျက်လိုက်တယ်၊ ဒေတာနေရာယူထားခဲ့တဲ့အကန့်တစ်ခုလုံးကို ဖျက်ပစ်ရတယ်။ ဒီအကန့်ကို ဒေတာအသစ်နေရာယူဖို့ ပြန်တည်ဆောက်တယ်။ ဒါက SSD ရဲ့ Read/Write Cycle လို့ ခေါ်ပါတယ်။
ဒီလို read/write cycle က SSD ရဲ့ သတ်မှတ်ထားတဲ့ အရေအတွက်ကို ရောက်တဲ့အခါ ဒီ SSD ရဲ့ သက်တမ်းကုန်ဆုံးသွားပါပြီ။
ဒီ Read/Write Cycle ကို အဲလောက်တော့ ကြောက်စရာမလိုပါဘူး။ အများအားဖြင့် SSD တစ်လုံးဟာ အနည်းဆုံး ၅နှစ်သက်တမ်း ပျမ်းမျှရှိကြပါတယ်။ ၁လထဲနဲ့ ပျက်သွားတဲ့ SSD ကိုလည်း တွေ့ဖူးပါတယ် (ဒါတော့ ရှားရှားပါးပါး factory fault ပါ)။
အားသာချက် အားနည်းချက်တွေကို ယှဉ်ကြည့်ပြီးရင်တော့ SSD ဟာ အဘက်ဘက်မှာသာပါတယ်။ အမြန်နှုန်းဘက်ကကြည့်မလား၊ ရေရှည်ခံမှုဘက်က ကြည့်မလား၊ စိတ်ချရမှုဘက်ကကြည့်မလား။ အစစ သာပါတယ်။ ဈေးနှုန်းပိုကြီးပေမယ့် တစ်ဖြည်းဖြည်းနဲ့ အကျဘက်ကို ဦးတည်လာပြီမို့ နောက်ကို 1TB SSD ကို ဒီနေ့ခေတ် HDD ဈေးလောက်နဲ့ ရရှိလာမယ်လို့ မျှော်လင့်ပါတယ်။
Credit. Second Laptop
Share copy- @Than Zaw Oo

الاثنين، 12 سبتمبر 2016

<< Firmware မှားရေး၍ dead ခြင်းကို ပြန်နိုးခြင်းနှင့် CID မတူသော emmc လဲနည်း >>> ~~~ Firmware မှားခြင်း ~~~

<<< Firmware မှားရေး၍ dead ခြင်းကို ပြန်နိုးခြင်းနှင့် CID မတူသော emmc လဲနည်း >>>
~~~ Firmware မှားခြင်း ~~~
SYH WP930 နှင့်နမူနာထားပြီး ပြောပြပေးပါ့မယ်...
SYH တွေကို Firmware ရေးရင် ဖုန်းရဲ့ IMEI ကို ကြည့်ပြီး firmware ရေးရပါတယ်။ WP930 မှာ IMEI 35801 နှင့် 35802 ဆိုပြီး ၂မျိုးရှိပါတယ်။ အဲဒီ ၂ မျိုး မှားရေးလို့မရပါဘူး။ မှားရေးရင်တော့ finished ပြတာနဲ့ ဖုန်းဟာ dead သွားပါပြီ။ အဲဒီတော့ ... firmware မရေးခင် IMEI ကိုသေသေချာချာစစ်ပြီး ရေးစေချင်ပါတယ်။
မသိလို့ရေးမိသွားပြီဆိုရင် ဘယ်လိုပြန်ကယ်မလဲ...
Firmware မှားရေးပြီးသွားရင်တော့ Computer မှာ COM Port လည်းမသိတော့ပါဘူး... အဲဒါဆို၇င်တော့ emmc ကိုခွာမယ် emmc ရေးတဲ့ box တစ်ခုခုနဲ့ ic ကို format ချပြီး miracle crack နှင့် ပြန်ရေးလိုက်ပါ... အဆင်ပြေပါလိမ့်မယ်..
~~~ cid မတူသော emmc လဲနည်း ~~~
emmc ပျက်နေတယ် ဆိုရင်တော့ emmc အသစ်လဲရပါလိမ့်မယ်...
ဝယ်လို့ရတဲ့ Samsung KMKJS000VM 309 ကို ကိုယ်ပျက်နေတဲ့ ဖုန်းမှာ ဘယ်လိုထည့်မလဲဆိုတာ ပုံတစ်ပုံချင်းစီ ထောက်ပြီးကြည့်လိုက်ပါ....
အားလုံးအဆင်ပြေကြပါစေ...


asd

Factory Image Column ကိုရွေးလိုက်ပါ... vendor မှာ MeidaTek ကိုရွေးပါ... Scatter နေရာမှာ ကိုယ့်ဖုန်းရဲ့ firmware ထဲက scatter fileိကိုရွေးလိုက်ပါ... အဲဒီ scatter file နဲ့ လိုက်ဖက်တဲ့ emmc တွေရဲ့ cid number တွေကို ပြပါလိမ့်မယ်... ကိုယ်ထည့်တဲ့  emmc ဟာ samsung ဆိုရင် samsung ပြထားတဲ့အထဲက CID တစ်ခုခုပြောင်းလိုက်ရင်ရပါပြီ...

ကိုယ်ထည့်တဲ့ emmc ရဲ့ boot partition size နဲ့ ကိုယ်ရေးမယ့် firmware ရဲ့ boot size မတူရင် ဒီလို ပေါ်လာပါလိမ့်မယ်.. Yes ကိုရွေးလိုက်ပါ...ကိုက်ညီမယ့် boot size ကို auto ချိန်းသွားပါလိမ့်မယ်...


emmc cid မတူရင် ဒီလိုပေါ်လာပါလိမ့်မယ်.. ဒါဆိုရင်လည်း Yes ကိုရွေးလိုက်ရင်ရပါပြီ


ကိုယ်ထည့်တဲ့ ic ရဲ့ ထုတ်တဲ့ company ကိုကြည့်ပြီး cid ရွေးလိုက်ပါ



ဒါဆိုရင်တော့ ic ကို boot size လည်းချိန်းပြီး သလို cid လည်း ချိန်းပြီးလို့ file ထည့်နေပါပြီ

အားလုံးရေးပြီးလို့ emmc Identify လုပ်လိုက်ရင်တော့ ဒီလိုပေါ်လာပါလိမ့်မယ်။ ဖုန်းမှာပြန်တပ်လိုက်ပါ... emmc ပြန်တပ်ရုံနဲ့ မတက်သေးဘူးဆိုရင်တော့ Miracle crack နဲ့ firmware ပြန်ရေးလိုက်ပါ....
အားလုံးအဆင်ပြေကြပါစေ

by Mobile Ayeyarwaddy

الثلاثاء، 9 أغسطس 2016

How to Play Pokemon Go MTK Devices

ကစားရာမှာ MTK Devices တွေမှာ GPS အဆင်မပြေမှုလေးတွေကို
ဖြေရှင်းပေးမယ့် ဆော့ဖ်ဝဲလ်လေးတခုကို အားလုံးအသုံးပြုနိုင်အောင်
တင်ပေးလိုက်ပါတယ် ။
ဒီကောင်လေးသုံးမယ်ဆိုလျှင် မိမိတို့ ဖုန်းမှာ Root Access ရှိထားရန်
လိုအပ်ပါလိမ့်မယ် ဘယ်လိုအသုံးပြုနိုင်သလဲဆိုတာကို
ပုံလေးတွေကြည့်ပြီး ဒေါင်းလိုက်ပါအုန်းဗျာ……..
epo epo2 epo3 epo4 epo5 epo6

Download EPO Tools

EPO Tools

1.9MB 79 downloads
Download
ref-http://blog.regenerationmm.com/

الأحد، 7 أغسطس 2016

Baidu Cloud Manager eng လိုပြောင်းမယ်

ပုံပါအတိုင်း eng လိုပြောင်းမယ်ဆိုရင် ဒီဖိုင်လေးကို အရင်ဒေါင်းလိုက်ပါ ဖြေလို့ထွက်လာတဲ့ resource.db ဖိုင်ကို C:\Users\yourusername\AppData\Roaming\baidu\BaiduYunGuanjia ဖိုင်ထဲမှာသွား ပြီး replace လုပ်ပါ 

الاثنين، 19 أكتوبر 2015

Tutorial to create samsung 4 file multi firmware by yur own

 

No need to search for multi file hereafter

Download nd install cywinDownload here

* create a folder in c drive c/Newfolder Name the folder as MyWork or any

* copy the single file firmware into created folder

* Delete the.md5extension for example if yur file isi9300xxx xxx.tar.md5 ---> i9300xxx xxx.tar

* Extract the firmware using winrar

* Im trying on 4.4.2 i9500 single firmware I9500XXUFNC1_I9500ODDFNC1_I9500DDUFNA4_HOME

Run cygwin

Enter below given commnd

cd /cygdrive/c/mywork (Tis cmmd is for show the file path)



* Now yu hav to createBootloader,PDA,MODEM,CSC

Extracted files:

boot.img
cache.img
hidden.img
modem.bin
param.bin
recovery.img
sboot.bin
system.img

* NoW Bootloader files areboot.img,param.bin,sboot.bin

* PDA --->boot.img,param.bin,sboot.bin,recovery.img,system.i mg

* CSC --->cache.img, hidden.img

* Modem ---->modem.bin


Run below given cmmds to create Bootloader (command:tar -H ustar -c filename.img > filename.tar)

tar -H ustar -c boot.img param.bin sboot.bin > BOOTLOADER_I9500XXUFNC1.tar

For PDA

tar -H ustar -c boot.img param.bin sboot.bin recovery.img system.img > PDA_I9500XXUFNC1.tar

For CSC

tar -H ustar -c cache.img hidden.img system.img > CSC_I9500DDUFNA4.tar

For MODEM

tar -H ustar -c modem.bin > MODEM_I9500ODDFNC1.tar





NoW yu are done creating Odin flashable Tar files.





If yu want to convert tar to MD5

Commands :

md5sum -t filename.tar >> filename.tar

mv filename.tar filename.tar.md5

Example:

Run below given command after create .tar file example below

For Bootloader

md5sum -t BOOTLOADER_I9500XXUFNC1.tar >> BOOTLOADER_I9500XXUFNC1.tar

mv BOOTLOADER_I9500XXUFNC1.tar BOOTLOADER_I9500XXUFNC1.tar.md5

For PDA

md5sum -t PDA_I9500XXUFNC1.tar >> PDA_I9500XXUFNC1.tar

mv PDA_I9500XXUFNC1.tar PDA_I9500XXUFNC1.tar.md5

For CSC

md5sum -t CSC_I9500DDUFNA4.tar >> CSC_I9500DDUFNA4.tar

mv CSC_I9500DDUFNA4.tar CSC_I9500DDUFNA4.tar.md5

For MODEM

md5sum -t MODEM_I9500ODDFNC1.tar >> MODEM_I9500ODDFNC1.tar

mv MODEM_I9500ODDFNC1.tar MODEM_I9500ODDFNC1.tar.md5

السبت، 9 مايو 2015

ထိုင်းမှာနေတဲ့သူငယ်ချင်းတွေအတွက် ထိုင်းကဖုန်း sim Card တွေကို မှတ်ပုံတင်တဲ့နည်း


ထိုင်းနိုင်ငံကဖုန်း sim Card တွေအကုန်လုံးကို ထိုင်းနိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ပေးရမယ်လို့ တရားဝင်ကြေငြာထားပါတယ်..မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကဒ်တွေကို ၁.၇.၂၀၁၅ မှစ၍ှဖုန်းခေါ်ဆိုမှု့နဲ့ အင်တာနက်အသုံးပြုမှု့တွေကို ပိတ်ပြစ်မှာဖြစ်ပါတယ်...ဒါကြောင့်အခုလိုဖုန်းဆင်းကဒ်ကိုမှတ်ပုံတင်တဲ့နည်းလေးကို မသိရသေးတဲ့သူတွေနဲ့ သိပြီးတော့သေသေချာချာမလုပ်တက်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီပို့စ်ကိုတင်လိုက်တာပါ..ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမှာက မိမိရဲ့ဖုန်းနံပါတ်ကိုအရင်စာရွက်အလွတ်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းလေးမြင်သာအောင်ချရေးထားလိုက်ပါ..ပြီးရင် ဖုန်းခေါ်တဲ့နေရာမှာ.*151# ကိုနှိပ်ပြီးခေါ်လိုက်ပါ...အဲလိုခေါ်လိုက်တာနဲ့ဖုန်းရုံးက စာအိပ်တစ်အိပ်ပြန်လည်ပို့ပေးလာပါလိမ့်မယ်....ထိုင်းစာတွေနဲ့ပါ အဲ့ဒီစာအိပ်ထဲမှာ english အက္ခရာ ဂဏန်း ခြောက်လုံး ရှိပါတယ်...ဥပမာ..auepcw. ပါ..အဲ့ဒီ ဂဏန်း ခြောက်လုံးကိုသေချာလေးမှတ်ထားပေးဖို့လိုပါတယ်...ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့အောက်မှာ သက်ဆိုင်ရာဆင်းကဒ် နံပါတ်တွေကို ရေးပေးထားပါတယ် ..ကိုယ်အသုံပြုတဲ့ ဆင်းကဒ် ရဲ့ကုဒ်နဲ့ပါတ်ကို အသုံးပြုနိုင်ပါတယ်....
Dtac.......User name......71278995Password.......71278995(or)User name......75702005Password.......75702005Truemove...User name.....17405423Password......true1234(or)User name.....17405425Password......true123412 Call..User name.....AIS83618Password......AIS83618
အပေါ်မှာရေးပြပေးထားတဲ့ user name နဲ့ password တွေကို ဆင်းကဒ် မှတ်ပုံတင်ရာမှာအသုံးပြုရမယ့် ဆော့ဝဲလ်မှာထည့်ပေးရမှာဖြစ်ပါတယ်..မိမိတို့ရဲ့ဆင်းကဒ်အမျိုးအစားအလိုက် ရွေးပြီးတော့ ထည့်ပေးလိုက်ပါ...အောက်မှာဆော့ဝဲလ်လင့်ချပေးထားပါတယ်...အရင်ဒေါင်းထားလိုက်ပါ....
ဒေါင်းလော့လင့်ဒ်
http://www.mediafire.com/?tbidiz2oxxra5ve
or

ပတ်စပိုစ့်စာအုပ်ကိုအဆင်သင့်ယူထားလိုက်ပါ....မိမိရဲ့ဖုန်းနံပါတ်ကိုလဲစာရွက်တစ်ခုပေါ်မှာရှင်းရှင်းလင်းလင်းမြင်သာအောင်ချရေးထားပါ..internetနဲ့GPSကိုဖွင့်ထါးပါ..ဆော့ဝဲကိုဒေါင်းပြီးပြီးဆိုရင်အောက်မှာပြထားတဲ့screenshotအတိုင်းတဆင့်ချင်းစတင်လုပ်ဆောင်နိုင်ပါပြီ..ထိုင်းနိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးမှတ်ပုံတင်ပေးမှရမှာဖြစ်တဲ့အတွက်ကျနာ်skbminminအချိန်ပေးပြီးတော့ပြန်လည်မျှဝေပေးထားတာပါ..အားလုံးကိုကျေးဇူးတင်ပါတယ်...ဒီ post လေးကိုတက်နိုင်သလောက်မသိသေးတဲ့သူတွေအတွက်ပြန်ပြီး Share ပေးဖို့တောင်းဆိုပါတယ်...မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်ုတွေကို ၁.၇.၂၀၁၅ မှာ ပိတ်ပြစ်တော့မှာမို့လို့ပါ....အားလုံးအဆင်ပြေကြပါစေ
Credit.. ......skbminmin








ref: Skbminmin - Android နည်းပညာမျှဝေခြင်း
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 2 مايو 2015

Google Chromecast ကို အသုံးပြုပြီး Android Device မှ ဗီဒီယိုနဲ့ ဂိမ်းများကို တီဗီမှာ ကြည့်ရှု ကစားနည်း

Google က Android Device မှ ဗီဒီယိုနဲ့ ဂိမ်းများကို တီဗီမှာ ကြည့်နိုင်မယ့် Chromecast ဆိုတဲ့ ကိရိယာကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ Chromecast ဟာ Memory Stick အရွယ်သာ ရှိပြီး ၃၅ ဒေါ်လာသာ တန်ကြေးရှိပါတယ်။ သူ့ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်လိုက်တာနဲ့ Android Device မှ ဗီဒီယို၊ ဂိမ်းများ သာမက Android Device မှာ ပြသနေတဲ့ အရာအားလုံးကို တီဗီမှာ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ကြည့်ရှုနိုင်ပါတယ်။ အဲဒီအတွက် Android နဲ့ တီဗီကို ချိတ်ဆက်ပေးတဲ့ MHL ကြိုးတွေ မလိုအပ်တော့ပါဘူး။
Google က အဲဒီ Android Screen Mirroring စွမ်းဆောင်ချက်ကို Chromecast မှာ နောက်ပိုင်းမှ ထည့်သွင်းပေးလိုက်တာပါ။ အရင်တုန်းကတော့ Chromecast ရဲ့ စွမ်းဆောင်ချက်က ဒီလောက် မကျယ်ပြန့်သေးဘဲ Chromecast ကို အထောက်အပံ့ပေးတဲ့ Android App တွေကနေသာ ဗီဒီယိုနဲ့ သီချင်းများကို တီဗီမှာကြည့်ရှုနိုင်တာပါ။ Android Screen Mirroring ကြောင့် အခုဆိုရင် Android Device မှာ ပြသနေတာ အားလုံးကို တီဗီမှာ ကြည့်ရှုနိုင်ပါပြီ။ Android Device မှာ သိမ်းထားတဲ့ ဗီဒီယိုတွေ သာမက အင်တာနက်မှ ရုပ်ရှင်၊ ဗီဒီယိုတွေကို Android Device မှာ ဖွင့်လိုက်တာနဲ့ တီဗီမှာ ပြသပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့ Chromecast က သာမာန် တီဗီကို အင်တာနက်မှ မီဒီယာများ ကြည့်ရှုနိုင်တဲ့ စမတ်တီဗီ အဖြစ် အသွင်းပြောင်းပေးနိုင်တာလည်း ဖြစ်ပါတယ်။
Chromecast ကို တီဗီမှာ တပ်ဆင်ခြင်း။
Chromecast ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်ပါ။ Chromecast မှာ အားသွင်းဖို့ USB Connector ပါရှိပြီး တီဗီမှာ USB Port ပါရင် တပ်ဆင်အားသွင်းနိုင်ပါတယ်။ တီဗီမှာ USB Port မပါရင်တော့ Power Adapter ကြိုးကို Wall Plug မှာ တပ်ဆင်ပြီး Chromecast ကို အားသွင်းနိုင်ပါတယ်။
1
Android Device နဲ့ Chromecast ကို ချိတ်ဆက်ခြင်း။
Android Device နဲ့ Chromecast ကို ချိတ်ဆက်ဖို့ အရင်ဆုံး Android Phone, Tablet မှာ Chromecast App ကို Google Play Store ကနေ အင်စတော လုပ်ပါ။
2
အင်စတော လုပ်ပြီးရင် သင့် တီဗီမှာ Chromecast တပ်ဆင်ထားတဲ့ HDMI Input ကို ပြောင်းပေးပါ။ Android Device မှာ Chromecast App ကိုဖွင့်ရင် သင့်ရဲ့ WiFi Network ထဲမှာ ရှိတဲ့ Chromecast Device ကိုတွေ့ရမှာပါ။
3
ဘယ်ဘက်အပေါ်ထောင့်မှ Devices ကို တစ်ချက်နှိပ်ပြီး Chromecast Settings ကိုဖွင့်ပါ။ Cast screen ကို နှိပ်ပါ။
4
နောက်အဆင့်မှာ Cast screen ကို အသုံးပြုပြီး ဖုန်းနဲ့ တက်ဘလက်မှာ ပြသနေတဲ့ အရာ အားလုံးကို တီဗီမှာ ကြည့်ရှုနိုင်ကြောင်း ရေးသားထားတာ တွေ့ရပါမယ်။ ဒါပေမယ့် အဲဒီစွမ်းဆောင်ချက်ဟာ Beta အဆင့်သာ ရှိနေသေးတယ်ဆိုတာ သတိပေးထားပါတယ်။ နောက်ပြီး Android Device မှ ဗီဒီယိုများကို တီဗီမှာ ချောမွတ်စွာ ကြည့်နိုင်ဖို့ WiFi လိုင်းကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ ဒီအဆင့်မှာ Cast Screen ကို ထပ်နှိပ်ပါ။
5
နောက်အဆင့်မှာ သင့်ရဲ့ Network မှာ ရှိတဲ့ Chromecast Device ကို ပြသပေးမှာပါ။ Chromecast Device များစွာ ရှိရင် အားလုံးကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဒါဆိုရင် Android Device မှာ ပြသနေတာတွေကို တီဗီမှာ ကြည့်နိုင်ပါပြီ။
6
သင်ဟာ Pure Android ထည့်သွင်းထားတဲ့ Nexus Device ကို အသုံးပြုသူဆိုရင် ချိတ်ဆက်ရတာ ပိုလွယ်ပါတယ်။ Status Bar ကို အောက်ဆွဲချပြီး Cast Screen ကို နှိပ်ပါ။
7
နောက်အဆင့်မှာ Chromecast Device ကို ရွေးချယ်ပေးပါ။ On / Off ခလုတ်က ဒီနေရာမှာ အရေးမပါပါဘူး။
8
ဒါဆိုရင် Android Device မှာ ပြသနေတာတွေကို တီဗီမှာ ကြည့်နိုင်ပါပြီ။ Android Game တွေကို နှစ်သက်သူများ အတွက်လည်း မျက်နှာပြင်ကြီး တီဗီကို ကြည့်ရှုပြီး ကစားနိုင်ပါပြီ။
9
Android Device မှ ဗီဒီယိုနဲ့ အခြားအရာတွေကို တီဗီသို့ စတင်ထုတ်လွှင့်ပေးတာနဲ့ Status Bar မှာ Casting screen ဆိုတဲ့ အချက်ပေးမှုကို ချိတ်ဆက်နေတဲ့ Chromecast Device နာမည်နဲ့ အတူ ပြသပေးမှာပါ။ ထုတ်လွှင့်မှုကို ရပ်နားချင်ရင် Disconnect ခလုတ်ကို နှိပ်ပါ။
10
Android Screen Mirroring ကို အထောက်အပံ့ပေးတဲ့ Android Device များ
Android Screen Mirroring ကို Android Device အားလုံးမှာ အသုံးပြုလို့ မရသေးပါဘူး။ အခုလောလောဆယ်မှာတော့ Google Nexus 4, 5 , 7 (2013) , 10, the Samsung Galaxy S4, S5, Note 3 , Note 10 (2014), HTC One M7, LG G2, G Pro 2 , G3 တို့မှာသာ အသုံးပြုနိုင်ပါသေးတယ်။
Android Screen Mirroring ကို အထောက်အပံ့ မပေးတဲ့ Android Device များအတွက်
Android Screen Mirroring ကို အထောက်အပံ့ မပေးတဲ့ Android Device များအတွက်တော့ XDA Developer တစ်ယောက်က Mirror Enabler ဆိုတဲ့ App ကို ပြုလုပ်ပေးထားပါတယ်။ အဲဒီ App ကို အသုံးပြုပြီး Android Device များစွာနဲ့ Chromecast ကို ချိတ်ဆက်ပြီး Android Screen Mirroring ကို အသုံးပြုနိုင်ပါတယ်။ Mirror Enabler ကို အသုံးပြုဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။
Google Chromecast ဟာ Android Device မှ မီဒီယာများကိုသာ တီဗီသို့ ထုတ်လွှင့်ပေးနိုင်ရုံ သာမက Windows နဲ့ Mac မှ Chrome Browser မှာ ကြည့်ရှုနေတဲ့ ၀က်ဆိုက်များ ၊ မီဒီယာများနဲ့ အခြားအရာများကို တီဗီသို့ ထုတ်လွှင့်ပေးနိုင်ပါတယ်။ Chromecast ဟာ ၃၅ ဒေါ်လာတည်းနဲ့ သင့်ရဲ့ သာမာန်တီဗီကို အင်တာနက်မှ မီဒီယာများနဲ့ App များကို အသုံးပြုနိုင်တဲ့ စမတ်တီဗီ ခေါ် အင်တာနက် တီဗီ အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အသုံးဝင်တဲ့ Gadget ပဲ ဖြစ်ပါတယ်။

ref;http://www.myanmardigitallife.com/

الأربعاء، 22 أبريل 2015

စမတ်ဖုန်း ၊ တက်ဘလက်များမှာ Text Expansion Shortcuts များကို အသုံးပြုပြီး လျှင်မြန်စွာ စာရိုက်နည်း

Text Expander စွမ်းဆောင်ချက်ဟာ စကားလုံး အနည်းငယ်ကို ၀ါကျ သို့မဟုတ် စကားစု အများအပြားအဖြစ် အလိုအလျှောက် ပြင်ဆင်ပေးနိုင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ကို Operating System တိုင်းမှာ အသုံးပြုနေကြပါတယ်။ ဥပမာ အားဖြင့် သင်က “bbl” လို့ ရိုက်လိုက်တာနဲ့ “ I’ll be back later.” လို့ အလိုအလျှောက် အကျယ်ဖြန့် ရိုက်နှိပ်ပေးမှာပါ။
ဒီစွမ်းဆောင်ချက်ဟာ Laptop , Desktop များမှာထက် အရွယ်သေးငယ်တဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များမှာ ပိုလို့တောင် အသုံးဝင်ပါသေးတယ်။
Text Expander ကို အသုံးပြုရတဲ့ အကြောင်းများ
“Text Expander “ ဆိုတာ စကားလုံး အနည်းငယ်ကို ၀ါကျ ၊ စကားစု အဖြစ် အလိုအလျှောက် ပြောင်းလဲပေးနိုင်တဲ့ ဆော့ဝဲတစ်ခု ဖြစ်ပါတယ်။ သူဟာ Auto Correct ဆော့ဝဲလိုပါပဲ။ ဥပမာ အားဖြင့် သင်က “bbl” လို့ ရိုက်လိုက်တာနဲ့ “ Be back later.” ၊ “omw” လို့ ရိုက်လိုက်တာနဲ့ “ On my way” လို့ ဆော့ဝဲက အလိုလို ပြောင်းပေးမှာပါ။ နှေးကွေးတဲ့ ထိတွေ့မျက်နှာပြင် ကီးဘုတ်များ တပ်ဆင်ထားတဲ့ စမတ်ဖုန်ုး၊ တက်ဘလက်များမှာ ဆိုရင် ဒီဆော့ဝဲက ပိုပြီး အသုံးဝင်ပါတယ်။
Physical Keyboard ကို အသုံးပြုရင်တောင်မှ ဒီစွမ်းဆောင်ချက်က အသုံးဝင်နေပါတယ်။ စာသားတူညီတဲ့ အီးမေးများကို မကြာခဏ ပေးပို့ နေသူတွေအတွက် စာပိုဒ်တွေကို အလိုလို ထည့်သွင်းပေးအောင် ဆော့ဝဲကို ခိုင်းစေနိုင်ပါတယ်။ ဥပမာ အားဖြင့် “para 1” လို့ ရိုက်လိုက်တာနဲ့ စာပိုဒ်တစ်ခုလုံးကို ဆော့ဝဲက ထည့်သွင်းပေးမှာပါ။
“Text Expander” ကို အခြား ကိစ္စရပ်များစွာ အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ အားဖြင့် “ @@ “ လို့ ရိုက်လိုက်တာနဲ့ သင့်ရဲ့ အီးမေးလိပ်စာကို ထည့်သွင်းပေးအောင် ပြုလုပ်နိုင်ပါတယ်။ “ ## “ လို့ ရိုက်လိုက်တာနဲ့ သင့်ဖုန်းနံပါတ်ကို အလိုလို ထည့်သွင်းပေးမှာပါ။ “ adr” လို့ ရိုက်ရင် သင်အီးမေး ပေးပို့နေတဲ့ အီးမေးလိပ်စာများကို ရိုက်နှိပ်ပေးမှာပါ။ အခြား အလုပ်ကိစ္စများအတွက်လည်း ဥာဏ်ရှိသလို အသုံးပြုနိုငိပါတယ်။
iPhone and iPad
ဒီစွမ်းဆောင်ချက်ဟာ iOS မှာ “Shortcuts” အမည်နဲ့ Built-In ပါရှိပါတယ်။ Settings App ကိုဖွင့်ပြီး General>Keyboards>Shortcuts ထဲသွားပါ။
အပေါင်းလက္ခဏာ ခလုတ်ကို နှိပ်ပြီး ၀ါကျ သို့မဟုတ် စကားစုနဲ့ Shortcuts ကို သတ်မှတ်ပေးပါ။ နှစ်သက်သလောက် Shortcuts များ သတ်မှတ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ Shortcut ကို အသုံးပြုတဲ့ အခါမှာ X ခလုတ်ကို ကီးဘုတ်က ပြသပေးမှာပါ။ X ကိုနှိပ်ရင် Shortcut ကို အသုံးမပြုဘူးလို့ သဘောရပါတယ်။ Shortcut ကို အသုံးပြုချင်ရင် Space or Enter ကိုနှိပ်ပါ။ ဒါဆိုရင် ၀ါကျ သို့မဟုတ် စကားစုကို အကျယ်ဖြန့်ပြပေးမှာ ဖြစ်ပါတယ်။
3
Android
အချို့ Android Keyboard များမှာ Text Expander စွမ်းဆောင်ချက် ပါရှိကြပါတယ်။ ဒါပေမယ့်လည်း Android မှာ အဲဒီစွမ်းဆောင်ချက်ဟာ Built-In ပါရှိပြီး Google Keyboard နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ Google Keyboard က Android မှာ ပါတဲ့ “Personal Dictionary” နဲ့ တွဲဖက် အလုပ်လုပ်ပါတယ်။
ဒီစွမ်းဆောင်ချက်ကို အသုံးပြုဖို့ Android Settings >Language & Input> Personal Dictionary ထဲသွားပါ။ အပေါင်း လက္ခဏာ ခလုတ်ကို နှိပ်ပြီး ၀ါကျ သို့မဟုတ် စကားစုနဲ့ Shortcut သတ်မှတ်ပေးပါ။ Google Keyboard ကို အသုံးပြုပြီး Shortcut တစ်ခုကို ရိုက်လိုက်တာနဲ့ ၀ါကျ သို့မဟုတ် စကားစုကို အလိုလို အကျယ်ဖြန့် ရိုက်နှိပ်ပေးမှာပါ။
4
“ Text Expander” စွမ်းဆောင်ချက်ဟာ Mac OS X မှာ ပါရှိပြီးသားပါ။ တူညီတဲ့ iCloud အကောင့်ကို အသုံးပြုရင် iOS နဲ့ Mac OS X ကြားမှာ သင်ပြုလုပ်ထားတဲ့ Shortcut များကို Sync လုပ်ပေးမှာ ဖြစ်ပါတယ်။ Windows, Linux, Chrome OS တို့မှာတော့ “ Text Expander “ ဟာ Built-In မပါရှိပေမယ့် Third-Party App များကို အသုံးပြုနိုင်ပါတယ်။

ref;http://www.myanmardigitallife.com/