‏إظهار الرسائل ذات التسميات Internet Tools. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات Internet Tools. إظهار كافة الرسائل

الثلاثاء، 8 يوليو 2014

လူသုံးများလာသော Torrent ၊ လူသိနည်းနေသေးသော Torrent

လူသုံးများလာသော Torrent ၊ လူသိနည်းနေသေးသော Torrent
----------------------------------------------------------------------

ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်တစ်ခုခုကို အင်တာနက်ပေါ်ကနေ ရှာလို့မရဘူးဆိုတာ အလွန်ပဲရှားပါတယ်။ ကွန်ပျူတာအတွက် Full Version ဆော့ဝဲလိုချင်လား ၊ ဖုန်းအတွက်ဆော့ဝဲလိုချင်လား ၊ ဘာဇာတ်ကား ၊ ဘာသီချင်းဖိုင်လိုချင်လဲ ၊ အင်တာနက်ပေါ်မှာအကုန်နီးပါးရှာလို့ရပါတယ်။ ဒီဖိုင်တွေကိုဘယ်တွေမှာတင်ထာ်းလဲဆိုရင်
လူသုံးများတဲ့ File Sharing Site အများစုမှာပါ။ ယခင်ကတည်းက ဖိုင်တွေမျှဝေချင်ရင် ဒီလို File Sharing Site တွေပေါ်မှာတင်ပြီး မျှဝေခဲ့ကြတာပါပဲ။ ဒါပေမယ့် ၂၀၁၁ နှောင်းပိုင်းလောက်ကစလို့ အမေရိကန်မှာ Online နဲ့ပတ်သက်တဲ့ DCMA Policy အကူးအပြောင်းကြီးစတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီ Policy အသစ်ကြောင့် Copyright နဲ့ငြိနေတဲ့ ဖိုင်တွေအများအပြား File Sharing Site တွေကနေအဖျက်ခံရသလို အချို့ File Sharing Site တွေဟာလည်း FBI ကပိတ်သိမ်းအရေးယူတဲ့အခြေအနေတွေ
အထိရှိလာခဲ့ပါတယ်။ အဲဒီကာ့လနောက်ပိုင်းတွေမှာတော့ ဆော့ဝဲ ၊ ဂိမ်း Full version ဖိုင်တွေ ၊ Windows OS (Full version) crack တွေ ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊ သီချင်းတွေစတဲ့ Copyright နဲ့ငြိမယ့်ဖိုင်တော်တော်များများဟာ သာမန် File Sharing Site တွေမှာသိပ်မတွေ့ရတတ်တော့ပါဘူး ။ Uploader တစ်ဦးတစ်ယောက်ကတင်လည်း နာရီပိုင်း ၊ ရက်ပိုင်းအတွင်း အဖျက်ခံရပါတယ်။ ဒါကတော့ တင်သမျှဖိုင်ပေါင်းစုံကိုလက်ခံနေတဲ့ File Sharing Service တွေနဲ့ အမေရိကန် Policy အပြောင်းအလဲမှာ File Sharing Site တစ်ချို့အရေးယူခံရပုံ ၊ ပိုက်ဆံပေးသုံးစွဲရမယ့် ဖိုင်မျိုးတွေကို Share ထားရင် Copyright နဲ့ငြိတာကြောင့်ယင်းဖိုင်တွေကိုခဏလေးနဲ့ ပြန်ဖျက်ခံရတဲ့အကြောင်း ၊ အဲဒီနောက်ပိုင်း သာမန် File Sharing Site တော်တော်များများမှာ Full version Software တွေ ၊ Music ၊ Video တွေကိုအတွေ့နည်းသွားရပုံကိုသိစေချင်တာပါ။

ဒီနောက်ပိုင်းမှာ အဲ့ဒီလို ဆော့ဝဲ ၊ ဂိမ်း Full version ဖိုင်တွေ ၊ Windows OS (Full version) crack တွေ ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ၊ သီချင်းတွေစတဲ့ Copyright နဲ့ငြိမယ့်ဖိုင်တော်တော်များများကို Online ပေါ်တင်ချင်သူတွေ ၊ ယင်းဖိုင်တွေကိုရရှိနိုင်မယ့်နေရာဟာ သာမန် File Sharing Service တွေကနေ torrent လို့ခေါ်တဲ့ File Sharing Service ဘက်ကိုပိုမိုရွေ့လျားလာခဲ့ပါတယ်။

Torrent လို့ခေါ်တဲ့ File Sharing စနစ်ဟာပေါ်ပေါက်ခဲ့တာတော့ ၂၀၀၁ ခုနှစ်လောက်ကတည်းကပါ။၂၀၁၀ နောက်ပိုင်းမှာတော့ တော်တော်လေးကျယ်ပြန့်
အသုံးများလာပါတယ်။ Torrent စနစ်ကဘယ်လိုအလုပ်လုပ်လဲဆိုရင် File ကိုမျှဝေပေးထားသူနဲ့ ဖိုင်ကို download ရယူလိုသူတို့ကိုချိတ်ဆက်ပေးလိုက်ပြီး Download Speed ကောင်းကောင်းနဲ့ File ကို Download လုပ်လို့ရစေမယ့် Service ဖြစ်ပါတယ်။ File ကို download လုပ်ပြီးသွားသူတွေရဲ့ ဖိုင်သိမ်းဆည်းထားရာ ကွန်ပျူတာ၊ ဖုန်းကိုလည်း ခုနက download ရယူခဲ့တဲ့ဖိုင်ကို ပြန်လည် share ပေးရတဲ့ Peer-to-peer network အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ ဒါကြောင့် သာမန် File Sharing Site တွေမှာဆိုရင် File ကို upload လုပ်ထားတဲ့ပင်မ Server ဆီကနေ ကမ္ဘာ့နေရာအနှံ့အပြားက Users တွေက download ရယူတဲ့ FTP Service ပုံစံဖြစ်ပြီး ဖိုင်အား download ရယူသူများတာနဲ့အမျှ Download Speed နှေးမှာဖြစ်ပြီး ယခု Torrent File Sharing ပုံစံကတော့ ဖိုင်ကိုမျှဝေထားတဲ့ ၊ Download ရယူထားတဲ့သူတွေအကုန်လုံးဆီကနေ ဖိုင်ကိုတိုက်ရိုက်လှမ်းယူတဲ့ပုံစံဖြစ်ပါတယ်။ ဖိုင်ကိုမျှထားသူ ၊ Torrent စနစ်ကနေ Download ရယူထားသူတွေအကုန်လုံးဆီကနေဖိုင်ကိုမျှဆွဲယူတဲ့ပုံစံဖြစ်တဲ့အတွက် Download ရယူပြီးသူများလေ ကျန်တဲ့သူတွေကလည်း ယင်းဖိုင်ကို Download ရယူရတာမြန်လေဖြစ်ပါတယ်။

Torrent စနစ်ကိုအသုံးပြုပြီး ဖိုင်ကိုမျှဝေမယ့်သူတွေအနေနဲ့လည်း ကိုယ်တင်မယ့် ဖိုင်တစ်ခုလုံးကို အင်တာနက်ပေါ်ကို upload လုပ်စရာမလိုပါဘူး ။ ကိုယ့်ကွန်ပျူတာထဲမှာရှိနေတဲ့ မျှဝေလိုတဲ့ဖိုင်ရဲ့တည်နေရာ address ကို Torrent ဆော့ဝဲတစ်ခုခုအသုံးပြုပြီး torrent file အဖြစ်နဲ့ဖန်တီးပေးလိုက်ရုံသာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ကိုယ်ဖန်တီးလိုက်တဲ့ (.torrent) ဖိုင်ဟာ ကွန်ပျူတာထဲမှာရှိနေတဲ့ ကိုယ်မျှဝေလိုတဲ့ဖိုင်တည်ရှိနေတဲ့ address ကိုညွှန်ပြပေးတဲ့ မြေပုံဖိုင်သဘောမျိုးပါပဲ။ address သာပါဝင်တာကြောင့် ဖိုင် size အရွယ်အစားသေးငယ်ပြီး KB ခန့်သာရှိပါတယ်။ ယင်း torrent file လေးကို Torrent File Sharing Site တစ်ခုခု (ဥပမာ- PirateBay.se) မှာသွားပြီး upload လုပ်လိုက်ရုံပါပဲ။ (နောက်ပိုင်းမှာ Torrent File ပြုလုပ်ပုံကိုအသေးစိတ်ရေးပေးပါဦးမယ်)

ွှTorrent စနစ်မှာ အဓိကအားဖြင့် Seeder , Leecher , Tracker , Index , Share Ratio ဆိုပြီး ရှိပါသေးတယ်။ အဲဒီထဲကမှ Seeder နဲ့ Leecher အကြောင်းကိုတော့ User တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။
Seeder ဆိုတာကတော့ Uploader ကမျှဝေထားတဲ့ Torrent File ကနေတစ်ဆင့် ဖိုင်ကို ပြီးဆုံးအောင် download လုပ်ပြီးတဲ့အခါမှာ ၄င်းရဲ့ ဖုန်း (သို့) ကွန်ပျူတာကိုလည်း ခုနက download ပြုလုပ်ထားတဲ့ဖိုင်ကို တခြား users တွေကနေလာရောက် ဆွဲယူနိုင်အောင် ပြုလုပ်ပေးထားသူကိုခေါ်ပါတယ်။ Seeder တစ်ယောက်ဖြစ်ဖို့ဘာမှထူးထွေလုပ်စရာမလိုပါဘူး ။ ဖိုင်ကို download လုပ်ပြီးရင် ဖိုင်ကို မဖျက်ဘဲ ဒီအတိုင်းသာ ထားလိုက်ပါ ။ ကိုယ့်ကွန်ပျူတာထဲမှာသွင်းထားတဲ့ Torrent ဆော့ဝဲက အလိုအလျောက် seeding process ကိုပြုလုပ်ပေးနေမှာဖြစ်ပါတယ်။

Leecher ဆိုတာကတော့ ဖိုင်ကို မျှဝေထားသူဆီကနေ ဖိုင်ကို Download ရယူနေဆဲ ၊ ရယူနေသူများကိုခေါ်ဝေါ်သုံးနှုန်းပါတယ်။ File ကိုအပြည့်အ၀ download ရယူပြီးရင်တော့ သူ့ကွန်ပျူတာထဲမှာသွင်းထားတဲ့ Torrent ဆော့ဝဲက Seeding process ကိုစတင်လုပ်ဆောင်နေပြီဖြစ်လို့ Leecher Level ကနေ Seeder Level ကိုရောက်ရှိမှာဖြစ်ပါတယ်။

ဒါကြောင့် torrent site တွေကနေ ဖိုင်တစ်ခုခုဒေါင်းမယ်ဆိုရင် ယင်းဖိုင်ရဲ့ seeder နဲ့ leecher level ကိုကြည့်နိုင်ပါတယ်။ Seeder အရေအတွက်များနေမှသာ ဖိုင်ကို download လုပ်ရတာအလွန်မြန်ဆန်မှာဖြစ်ပြီး Seeder အရေအတွက်နည်းနေရင်တော့ ကိုယ့်ဘက်က အင်တာနက်လိုင်းကောင်းသော်လည်း ဖိုင်ကို download လုပ်ရတာ speed နှေးနေမှာပဲဖြစ်ပါတယ်။

Popular ဖြစ်တဲ့ Torrent Downloader ဆော့ဝဲကတော့ BitTorrent နဲ့ uTorrent ဖြစ်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။

www.utorrent.com/
www.bittorrent.com/

ဖုန်းတွေအတွက်ဆိုရင်တော့ Android ဖုန်းတွေအတွက် aTorrent လို့ခေါ်တဲ့ဆော့ဝဲကို Google Play ကနေရယူအသုံးပြုနိုင်ပြီး iPhone တွေအတွက်ကတော့ iTransmission 4 လို့ခေါ်တဲ့ Cydia Tweak ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Torrent File အနေနဲ့ ဆော့ဝဲ၊ သီချင်း ၊ ဗီဒီယို အစရှိတဲ့ဖိုင်များစွာကိုရရှိနိုင်တဲ့ နာမည်ကြီး torrent site တွေကတော့ အောက်ပါအတိုင်းပါ။

http://kickass.to/
http://thepiratebay.se/
https://torrentz.eu/

ဒီလောက်ဆိုရင်တော့ Torrent File Sharing Service အကြောင်းကိုသိရှိကြမယ်လို့ထင်ပါတယ်။ မိတ်ဆွေတို့အတွက် ဗဟုသုတရစေမယ်ဆိုရင် ဒီပို့စ်ကို သူငယ်ချင်းတွေအတွက် ပြန်လည် Share ပေးနိုင်ပါတယ်။

သက်နိုင်စိုး (Myanmar Mobile App Store)
MMUG 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الاثنين، 30 يونيو 2014

IDM Backup Manager0.9.7



Credit -Mg Thu
Mobile Software Service သမားတွေအတွတ်အသုံးဝင်မဲ့ Software
လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။IDM Backup Manager
လို့ ခေါ်ပါတယ်။ဘာတွေအသုံးဝင်လည်းဆိုတော့ မိမိကွန်ပျူတာဟာ
အကြောင်းအမျိုးမျိုးကြောင့် Windows ပြန်တင်ရမဲ့အခြေနေရောက်လာ
ပြီ၊ IDM ဆွဲထားတဲ့ Files ဆိုဒ်ကြီး တွေကလည်းတစ်ဝက်တစ်ပျက်နဲ့ မပြီး
သေး၊Windows ပြန်တင်လိုက်ရင်လည်းအစကနေပြန်ဆွဲရမှာဆိုတော့စိတ်
ပျက်လာမိမှာပေါ့။ဒီပြသနာတွေကို IDM Backup Manager ကဖြေရှင်းပေး
ထားပါတယ်၊ဆွဲလက်စ data တွေနဲ့ တကွလင့်တွေကိုပါသေချာ BackUp
လုပ်ပေးပါလိမ့်မယ်။ Windows ပြန်တင်ပြီးလို့ Restore ပြန်လုပ်လိုက်တာ
နဲ့ မိမိ BackUp လုပ်ထားတဲ့ IDM အခြေနေတိုင်းပြန်လုပ်ပေးမှာပါ။
သုံးရတာလွယ်ကူပြီး Freeware လည်းဖြစ်တာကြောင့်မိတ်ဆွေတို့ ကို
လက်တို့ လိုက်ပါတယ်၊ အင်တာနက်ဆိုင်မှာ Firmware သွားသွားဒေါင်း
နေတဲ့ဘော်ဒါတွေအဆင်ပြေလိမ့်မယ်မျှော်လင့်ပါတယ်၊
သုံးမယ်ဆိုရင်တော့ Like ၊ ကြိုက်သွားပြီဆိုင်ရင်တော့ Share ပေးပါအုန်း

http://d-h.st/vUd 
ref:http://pyinmanathar.moreforum.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 28 يونيو 2014

Computer Viber မှာမြန်မာစာ မပေါ်သူများအတွက်

အရင်ဆုံး ကွန်ပျူတာမှာသွင်းထားတဲ့ viber အဟောင်းရှိသူများ အရင်ဖြတ်ပါ
ပြီးတာနဲ့ http://pc.cd/LJS ဒီfont ကို Download ပြီး ဖွင့်လိုက်ပါ Install ပါ
အခု viber ကို install လုပ်ပါမယ်
http://download.viber.com/desktop/windows/ViberSetup.exe 
မှာ Download လိုက်ပါ
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الجمعة، 4 أبريل 2014

File များအား Remote URL Upload ကို အသုံးပြု၍ Dev Host(d-h.st) ပေါ်သို့ ပြောင်းခြင်း



Dev Host (http://d-t.st) ဟာ Free အသုံးပြုခွင့် ပေးထားတဲ့ File Hosting site တစ်ခုဖြစ်ပါတယ်။ Mediafire ထက် အားသာတဲ့အချက်များစွာ ရှိပါတယ်။ အဲ့ဒါတွေကတော့

-Remote Upload လို့ခေါ်တဲ့ file တွေကို hosting တစ်ခုကနေ dev host site ပေါ်ကို computer ထဲ download လုပ်စရာမလိုပဲ တိုက်ရိုက် တင်လို့ရခြင်း (Mediafire မှာလည်း ရပေမယ့် dev host မှာ remote upload အတွက် file size limit မရှိပါဘူး)
-Free Account အတွက် Storage Space က 20 GB ပဲ ပေးထားပေမယ့် Copyright အတွက် screening လုပ်တဲ့ဟာက Mediafire ထက် အများကြီး သက်သာပါတယ်။

ဘယ်လိုအချိန်တွေမှာ Remote Upload ကို အသုံးပြုဖို့လိုမလဲ???

-DHG ထဲမှာ အချို့ Helper တွေတင်ပေးထားတဲ့ Link တွေက ရက် အကန့်အသက် (သို့) Sharing ကန့်သက် ထားတာတွေ ရှိပါတယ်။ သတ်မှတ် ရက်အတွင်း download မပြီးနိုင်တာ (သို့) နောင်တစ်ချိန်မှာ ပြန်သုံးချင်လို့ သိမ်းထားချင်ရင် (သို့) အခြားနေရာမှာ ပြန် Share ချင်ရင် dev host ပေါ် ပြောင်းပြီး တင်ထားလို့ရပါတယ်။

-အချို့သော Internet လိုင်း သုံးတဲ့ User တွေဟာ(ဥပမာ skynet) အချို့ site တွေက download လုပ်ရင်(apple ipsws, mediafire) Resume မရပါဘူး။ အဲ့လိုဆိုရင် dev host ပေါ်တင်ပြီးမှ download လုပ်ရင် အချို့ resume ရပါတယ်။

Remote Upload နဲ့ ဘယ်လိုအသုံးပြုမလဲ???

1. အရင်ဆုံး ကိုယ် ပြောင်းချင်တဲ့ file ကို မူလ site ကနေ download လုပ်လိုက်ပါ။
2. Download စလုပ်ပြီဆိုရင် file ရဲ့ download link ကို copy ကူးယူပါ။ download link ကူးတဲ့ပုံစံက file ကို download လုပ်နေတဲ့software အလိုက် အနည်းငယ် ကွဲပြားပါတယ်။

For Firefox, Chrome Browser
Download Windows ကို Ctrl+J နှိပ်ပြီး ခေါ်လိုက်ပါ။
Upload လုပ်ချင်တဲ့ file ပေါ်မှာ Right Click နှိပ်ပြီး Copy Download Link (သို့) Copy Link Address လုပ်လိုက်ပါ။

For IDM
Upload လုပ်ချင်တဲ့ file ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲဝင်ပါ။
ပြီးရင် Address နေရာမှာ ပေါ်နေတဲ့ Link ကို Select ပေးပြီး Copy လုပ်ယူလိုက်ပါ။

3. Download link ကို ရပြီဆိုရင် http://d-t.st ကို သွားပြီး Remote URL Upload ကို ရွေးပြီး အောက်က box ထဲမှာ ခုနက Copy လုပ်ထားတဲ့ Link ကို Paste လုပ်လိုက်ပါ။ ပြီးရင် Upload ကို နှိပ်လိုက်ပါ။
(dev host မှာ account ထဲမ၀င်ဘဲ(သို့) account မရှိဘဲ file တွေကို upload လုပ်လို့ရပါတယ်။ ကိုယ်တင်ထားတဲ့ file တွေကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့ account ထဲ Log in ၀င်ပြီးမှ Upload လုပ်ပါ)

Upload Successful ပြီဆိုရင်တော့ ဘေးက Link ကို သွားပြီး download လုပ်ယူလို့ရပါပြီ။

Remote URL Upload နဲ့ အားလုံးသော Link တွေကို upload လုပ်လို့တော့မရပါဘူး။ ကျွန်တော် သုံးဖူးတာကတော့ rapidleech site တွေက link တော်တော်များများ google drive, apple ipsw တွေ တော့အဆင်ပြေပါတယ်။

တကယ်လို့ ကိုယ်ထည့်လိုက်တဲ့ link က တင်လို့မရဘူးဆိုရင်တော့ status နေရာမှာ Error message ပြပါလိမ့်မယ်။

ကိုယ်အသုံးပြုလို့အဆင်ပြေတဲ့ site တွေ ကို Comment ပြန်လာပေးစေချင်ပါတယ်။ စမ်းကြည့်ကြပါ ရခဲ့ရင် အမြတ်ပေါ့……
thank-Thura Tun
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الجمعة، 7 مارس 2014

Google Talk လေးကိုလာယူကြပါ။

Google Talk ကိုတော့အားလုံးသိကြမယ်လိုထင်ပါတယ် ။ အခု Google Talk ကို Hangout လိုပြောင်း
လိုက်ပြီးဆိုတော့ Google Talk ကိုတော်တော်ရှာဖိုခတ်နေတယ် Google Talk လေးကိုသုံးခြင်တဲ့သူများ
ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တင်ပေးလိုက်ပါတယ် ။ Google Talk လေးဟာလွယ်လွယ်ကူကူနဲ့
Hangout ထက်သုံးလိုလွယ်လိုပိုပြီးတော့လိုခြင်ကြတယ် ။ Google Talk ကိုလိုခြင်သူများအတွက်အောက်
မှာဒေါင်းလိုက်ပါ။




Download
အဆင်ပြေရင်အောက်ပါကြော်ငြာတစ်ချက်လောက်ကလစ်ခဲ့ပါသူငယ်ချင်းတို့ရေ...။ +++++++++++++++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++++++++++++++