‏إظهار الرسائل ذات التسميات emmc. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات emmc. إظهار كافة الرسائل

الأربعاء، 16 نوفمبر 2016

ADB ကနေ eMMC File block 0 ကို backup ယူတဲ့ Window Application တစ်ခုပါ မိမိဖုန်းကို Root ဖေါက်ထားပြီး PC နဲ့ချိတ်ပြီး Backup ယူရတာပါ။

ADB ကနေ eMMC File ကို backup ယူတဲ့ Window Application တစ်ခုပါ
မိမိဖုန်းကို Root ဖေါက်ထားပြီး PC နဲ့ချိတ်ပြီး Backup ယူရတာပါ။
ရရှိလာတဲ့ဖိုင်ကို ADB ကနေ ပြန်သွင်းတာ ဖြစ်ဖြစ်
eMMC Box တစ်ခုခုကို အသုံးပြုပြီး ပြန်ရေးတာဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။
ဖိုင်ဆိုဒ် တွက်ချက်ပေးတာ -
ပြီးမြောက်မှုအခြေအနေကို ပြပေးတာ -
သက်ဆိုင်ရာ ဖိုင်နာမည်နဲ့ သိမ်းဆည်းပေးတာ -
မို့ အထူးအဆင်ပြေစေမှာပါ

الخميس، 10 نوفمبر 2016

ကိုယ့်​ဖုန်းထဲက emmc အ​ကြောင်းအပြည့်​အစုံ ကြည့်​တဲ့ Batch ဖိုင်​ပါ

ကိုယ့်​ဖုန်းထဲက emmc အ​ကြောင်းအပြည့်​အစုံ ကြည့်​တဲ့ Batch ဖိုင်​ပါ . ပါဝါမလာရင်​​တော့မရဘူး . 
Usb debug On ထားပါ 
နှစ်​ချက်​နှိပ်​ပါ . 

http://pc.cd/vUpotalK

refer - M3 Mobile Phone Professional Training & Service

الخميس، 3 نوفمبر 2016

တန်ဖိုးကြီး eMMC Software Box တွေမ၀ယ်နိုင်လို့ စိတ်မညစ်နဲ့ တစ်စုတစ်စည်းတည်း ပေါင်းဒေါင်းရန်

တန်ဖိုးကြီး eMMC Software Box တွေမ၀ယ်နိုင်လို့ စိတ်မညစ်နဲ့
တစ်စုတစ်စည်းတည်း ပေါင်းဒေါင်းရန်
Android_eMMC_backup_tool.rar (5.67 MB)
EMMCRAW_Tool.rar (1.25 MB)
EMMC_Read_Write_Tool.rar (275.33 KB)
Minitool_Partition_Wizard_Professional_9.1.rar (26.58 MB)
busybox_installer.rar (1.02 MB)
eMMC_flash_drive_Complete_guide.pdf (747.91 KB)
no.need.eMMC.software.box.tool.collection.rar, Size 35.53 MB...
http://d-h.st/P6cn
https://userscloud.com/g3iljj4fbbzq
တန်ဖိုးကြီး eMMC software box တွေမ၀ယ်နိုင်လို့ စိတ်မညစ်ကြပါနဲ့ ကိုကို မမ တို့
တန်ဖိုးနည်း eMMC Read/Write stick အသုံးပြုပုံကိုပြောပြပေးပါမယ်။ လိုအပ်တာလေးတွေရှိနေရင်လည်း ကျွမ်းကျင်တဲ့ ဆရာများမှ ဖေးမကူညီဖြည့်စွက်ပေးကြပါ။ အရင်ဆုံး eMMC Stick B169 နဲ့ B162 တစ်ခုခုဝယ်ထားပါ။ သက်ဆိုင်တဲ့ eMMC အကောင်းတစ်လုံးလည်းရှာထားပါ။ အဟောင်းလဲရပါတယ် Data ရှိရှိမရှိပေါ့။ ပြီးရင် Stick ပေါ်မှာ eMMC ကိုတပ်ဆင်ပါ။ လက်ဆနဲ့ အပူကိုတော့ လေ့ကျင့်ပြီးသားဆိုအဆင်ပြေမှာပါနော်။ အရင်ဆုံး Minitool Partition ကို Download ချပြီး PC မှာ install လုပ်ထားပေးပါ။
Minitool_Partition_Wizard_Professional_9.1.rar, Size 26.58 MB...
https://my.pcloud.com/publink/show?code=zl0otalK
eMMC တပ်ထားပြီးဖြစ်တဲ့ stick ကို PC မှာတပ်ပြီး Minitool Partition ကိုဖွင့်ပါ။ 4G, 8G စသည်ဖြင့်တွေ့ရရင် eMMC တပ်ထားတာအောင်မြင်နေပါပြီ။ eMMC stick မတွေ့သေးဘူးဆိုရင်တော့ သေချာပြန်ကပ်ပေးကြည့်ပါဦး။ eMMC ကိုယ်တိုင်ပျက်စီးနေရင်လဲမတွေ့ပါဘူးနော်။ Windows ကနေ Format ချကြည့်လို့လဲရပါတယ်။ 4G, 8G memory stick အဖြစ်အသုံးပြုလို့ရသွားပါလိမ့်မယ်။ Android system အသုံးပြုမှာဆိုရင်တော့ Minitool Partition ကနေအနည်းငယ်ပြင်ဆင်ပေးရပါမယ်။ Android system က Partition တွေအများကြီးပိုင်းထားပါတယ်။ Partition စနစ်မှာလည်း MBR စနစ်နဲ့ GPT စနစ်နှစ်မျိုးရှိပြီးတော့ Android က GPT စနစ်ကိုအသုံးပြုထားပါတယ်။
တကယ်လို့မိမိအသုံးပြုမယ့် eMMC က MBR ဖြစ်နေရင် GPT ကိုပြောင်းပေးဖို့လိုပါတယ်။ တစ်ချို့ Android model တွေမှာ MBR ဖြစ်နေတာတွေလဲ တွေ့ရပါတယ်ခင်ဗျ။ ခြွင်းချက်ပါ။ ပြီးတော့ မိမိရဲ့ eMMC မှာ Partition တွေဘယ်လောက်ပိုင်းထားပိုင်းထား Delete All Partition ကိုနှိပ်ပေးပါ။ Apply လုပ်ပါ။ MBR Partition ဖြစ်နေရင် GPT ကို ပြောင်းပေးပါ။ Apply ကိုနှိပ်ပါ။ ဒါဆိုရင် အဆင်သင့်ဖြစ်ပါပြီခင်ဗျ။ Format လုံးဝမချရပါဘူးနော်။ ပုံမှာတွဲကြည့်ရင် နားလည်မယ် ထင်ပါတယ်။
ဖိုင်ပြန်ရေးဖို့အဆင်သင့်ဖြစ်ပြီဆိုရင် eMMC Read Write Tool ကို Download ချထားပါ။ Rar ဖိုင်ဖြေပြီးရင် Right Click Run as Admin နဲ့ဖွင့်ပါ။ Double Click နှိပ်ဖွင့်ရင် Stick ကိုတွေ့မှာမဟုတ်ပါဘူးခင်ဗျ။
EMMC_Read_Write_Tool.rar, Size 275.33 KB...
https://my.pcloud.com/publink/show?code=rx0otalK
မေ့နေလို့ပါခင်ဗျ ပြန်ရေးဖို့အတွက် သက်ဆိုင်ရာ Model ရဲ့ Firmware bin ဖိုင်လေးတော့ အဆင်သင့်ရှိထားဖို့ လိုပါတယ်။ မိမိစမ်းသပ်မဲ့ Android model တစ်ခုခု ရဲ့ Firmware bin ဖိုင်လေးကိုအရင်ထုတ်ထားကြပါခင်ဗျ။ အားလုံးကောင်းနေတဲ့ eMMC ဆိုရင် stick မှာတပ်ဆင်ပြီး တစ်ခါတည်း eMMC R/W tool နဲ့ Read လုပ်လိုက်ရင်လည်း သက်ဆိုင်ရာ Model ရဲ့ Firmware bin ဖိုင်လေးရလာမှာပါ။ Model နာမည်လေးပေးပြီး သိမ်းထားလိုက်ရင် နောက် Model တူလေးလာခဲ့ရင် အဆင်သင့်ဖြစ်သွားမှာပါ။ eMMC ကိုမဖြုတ်ပဲ Firmware bin ဖိုင်ထုတ်ယူပုံလည်းပြောပြပါမယ်နော်။
Read Write လုပ်ချိန်က eMMC size ပေါ်မူတည်ပြီး အချိန်အနည်းငယ် စောင့်ပေးရပါမယ်ခင်ဗျ။ ပြီးသွားပြီဆိုရင် မူရင်း Circuit board ပေါ်မှာ eMMC ကိုပြန်တပ်ဆင်ပေးလိုက်ရင်အားလုံး ပြီးပါပြီခင်ဗျ။ Model ၁၀မျိုးလောက်ကို စမ်းသပ်အောင်မြင်ပြီးဖြစ်ပါတယ်ခင်ဗျ။
နောက်ထပ် EMMC RAW TOOL ဆိုတာလေးကို အသုံးပြုပြီး Firmware bin ထုတ်ယူတာ ပြန်ရေးတာတွေကို အသုံးပြုလို့ရပါတယ်။ မိမိကြိုက်နှစ်သက်တာကိုသုံးနိုင်ပါတယ်။ နှစ်မျိုးလုံးအောင်မြင်ပါတယ်။
EMMCRAW_Tool.rar, Size 1.25 MB...
https://my.pcloud.com/publink/show?code=al0otalK
အဆင်ပြေကြပါစေ။
eMMC Firmware bin ဖိုင်ကို Android ပေါ်မှ Backup ရယူနည်း။
သိပြီးသားတွေဖြစ်ပေမယ် အခုမှလေ့လာမယ့် ကိုကိုတို့အတွက်ပါနော်။ မိမိထုတ်ယူမယ့် Android devices ကို Root လုပ်ထားဖို့လိုပါတယ်။ ပြီးရင် Busy box ကိုလည်းသွင်းထားဖို့လိုပါတယ်။ app store ကယူရတဲ့ busy box apk ကိုသုံးလည်းရပါတယ်။ အောက်မှာပေးထားတဲ့ busy box installer ကိုသုံးလည်းရပါတယ်။ ကိုဖြိုးညီညီရဲ့ tool လေးပါ။ (credit)
busybox_installer.rar, Size 1.02 MB...
https://my.pcloud.com/publink/show?code=Ul0otalK
SD Card အလွတ်တစ်ခုကို Android devices မှာထည့်ထားပါ။ SD size က Android devices ထက်များဖို့လိုပါတယ်။
4G android devices အတွက် 8G SD ထည့်ထားပေးပါ။ adb command ကနေ
adb shell
su
dd if=/dev/block/mmcblk0 of=/storage/sdcard1/backup.img bs=512 count=30535646
ဆိုပြီးရိုက်ထည့်ပါ။
အချိန်အနည်းငယ်ကြာပြီးရင် SD card ထဲမှာ မိမိလိုအပ်တဲ့ backup.img ဆိုတဲ့ firmware ဖိုင်လေးရလာပါမယ်။ သက်ဆိုင်ရာ Model name လေးပေးပြီးသိမ်းထားလို့ရပါပြီ။
နောက်တစ်မျိုးက Android eMMC backup tool နဲ့ထုတ်ယူလို့ရပါတယ်။ ဒီ tool ရဲ့ မူရင်းပိုင်ရှင်ကို မသိတော့ပါဘူး Credit ပေးပါတယ်ခင်ဗျ၊ ကျေးဇူးပါ။ မိမိ backup ထုတ်ယူမယ့် android devices ကို root လုပ်ထားပေးပါခင်ဗျ။ busy box လဲလိုအပ်ပါတယ်။ busy box မရှိရင်လဲဒီ tool ကနေ သွင်းလို့ရပါတယ်။
Android_eMMC_backup_tool.rar, Size 5.67 MB...
https://my.pcloud.com/publink/show?code=UK0otalK
1 Check Phone ကိုနှိပ်ပါ။ busy box မရှိပါကသွင်းယူပါ။
2 Block mode ကိုအမှန်ခြစ်ပေးပါ။
3 R လေးကို နှိပ်ပြီး Refresh လုပ်ပါ။ mmcblk0 ကိုရွေးပြီး
4 save လုပ်မည့်နေရာကိုပြပေးပါ။
5 Start Dump နှိပ်ပြီးအချိန်အနည်းငယ်ကြာရင် မိမိလိုအပ်တဲ့ eMMC firmware bin ဖိုင်ကိုရပါပြီခင်ဗျ။
သက်ဆိုင်ရာ model name လေးပေးပြီးသိမ်းထားနိုင်ပါပြီ။ eMMC လဲလှယ်ဖိုလိုအပ်လာတိုင်း ဒီနည်းအတိုင်း ပြန်ရေးနိုင်ပါတယ်။ board အဟောင်းပေါ်က eMMC တွေနဲ့စမ်းကြည့်တာအောင်မြင်ပါတယ်။
Virus ကိုက်နေရင်တော့ format ချပစ်ပါတယ်။ Delete All partition လုပ်ပါတယ်။ MBR ဖြစ်နေရင် GPT ပြောင်းပါတယ်။ ပြီမှ tool လေးနဲ့ Backup ဖိုင်ကို write လုပ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျ။
B221 eMMC ကစမ်းသပ်ဆဲဖြစ်ပါတယ်။ ဒီထက်အဆင်ပြေတဲ့နည်းလေးများရှိရင်လည်း သွန်သင်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။
အခက်အခဲ တစ်ခုခုကြုံခဲ့ရင် ကျွန်တော့ကိုဖုန်းဆက်မေးလို့ရပါတယ်ဗျာ 09428313452 ပါ။
eMMC stick ကိုတော့နှစ်ခု တစ်စုံ ၇၀၀၀ကျပ်နဲ့ မန္တလေးအာကာမိုဘိုင်း၊ ၈၁လမ်း၊ ၃၅×၃၆ ကြား၊ ကိုအောင်ပြည့်ဖြိုး၊ 09259021895 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဒီ Post အပြည့်အစုံကို သိမ်းထားချင်တယ်ဆိုရင် PDF ဖိုင်ကို အောက်မှာ Download ရယူနိုင်ပါတယ်။
eMMC_flash_drive_Complete_guide.pdf, Size 747.91 KB..
https://my.pcloud.com/publink/show?code=0K0otalK
Credot: ဦး ပီး

السبت، 15 أكتوبر 2016

EMMC emmc ဆိုတာ



EMMC
emmc ဆိုတာ ဘာညာဘာညာတွေတော့ အားလုံးလဲသိပြီးနေလောက်ပါပြီ။
အရေးကြီးတာက emmc လဲလို့ မအောင်ရင် ဘာတွေဆက်လုပ်ကြမလဲ။
VDD 1.7V,VDD2.8V တွေရောက်နေရုံနဲ့  emmc အပြည့်အ၀လုပ်မလုပ်တာတော့
သေခြာတယ်ဗျ။ emmc တွေအဓိကအလုပ်လုပ် တာက CMD ,CLK,RESET D0,DI အစရှိတဲ့
control လမ်းကြောင်းတွေ မပါရင် vdd ဗို့ ရောက်လဲ ဘာမှအလုပ်ဆက်လုပ်နိင်မှာမဟုတ်ပါဘူး။
Data 8lines,CMD,CLK,Reset, ပေါင်း ၁၁လိုင်းလောက် CPU နဲ့ ချိတ်ဆက်ထားပါသေးတယ်။
Digital အိုင်စီတွေရဲ့ အသက်ဟာ clock ဆိုတဲ့ခုန်လိုင်းလေးတွေကအသက်ပါပဲ။MMC အပိုင်း ကိုတော့
DDRSDRAM ဖြစ်ပြီး 65 PIN လောက်သုံးထားပါတယ်။
Power ic ကနေ CPU ,EMMC အတွက်လိုအပ်တဲ့ ဗို့ တွေရောက်တာနဲ့ 
CPU ထဲမှာရှိတဲ့ clock generator အပိုင်းစတင်အလုပ်လုပ်ပါတယ်။ clock အပိုင်းတွေအလုပ်လုပ်
သွားပြီဆိုရင် emmc ရဲ့ boot 1 ထဲမှာရှိတဲ့ power on code တွေကို CPU ရဲ့ RAM ထဲကို ကူးယူစေပါတယ်။ ဒီအပိုင်းကို CMD ကနေ ထိန်းချုပ်ပေးပါတယ်။ နောက်တဆင့်အနေနဲ့ 
boot 2 ထဲက code တွေကို ဆက်ပြီး read လုပ်ပါတယ်။ဒီအပိုင်းမှာ error မရှိရင် kernel နဲ့ ချိတ်ဆက်ပေးပါတယ်။ုkernel ဟာ power on လုပ်ငန်းစဉ်မှာ အဓိကကျတဲ့အပိုင်းလဲ
ဖြစ်ပါတယ်။ hardware devices များနဲ့  software os, app, တို့ အချိုးညီညီ ပေါင်းစပ်ပေးတဲ့အပိုင်းပါ။ ဒီနေရာမှာ emmc ပဲဖြစ်ဖြစ်၊ data ပဲဖြစ်ဖြစ်၊CPU RAM အပိုင်းပဲဖြစ်ဖြစ်
တစ်ခုခုချို့ ယွင်းနေရင် 3G LOGO ကနေ ဆက်မတက်နိင်တော့ပါဘူး။
ပါဝါပိုင်းမှာ ဗို့ အတက်အကျမငြိမ်တဲ့အခါ မျိုးမှာ boot operation sequence ကို
ရပ်ဆိုင်းပေးလိုက်ပါတယ်။ဗို့ အတက်အကျကြောင့် emmc တွေပျက်စီးခြင်းမှကာကွယ်ပေး
တဲ့စံနစ်ပါ။ဒါကြောင့် emmc တွေပုံမှန်အလုပ်မလုပ်ရင် power ic လဲကြည့်တာမျိုး လုပ်ကြည့်သင့်ပါတယ်။CPU နဲ့ EMMC ကြားမှာ ချိတ်ဆက်ထားတဲ့ resistor လေးတွေစုံမစုံ
စစ်ကြည့်သင့်ပါတယ်။ခုနောက်ပိုင်းဈေးကွက်ထဲရောက်လာတဲ့ အိုင်စီအသစ်တွေမှာ
ခဲအမှာတွေဖြစ်တဲ့အတွက် ပုံမှန်အပူချိန်လောက်မှာမကပ်တော့တာတွေ့ ရပါတယ်။လိုအပ်တာထက်အပူများရင်လဲအခြားအပိုင်းတွေထိခိုက်နိင်ပါတယ်။ဒါကြောင့်ခဲအသစ်ပြန်
လောင်းပြီး မှ တတ်တာအကောင်းဆုံးပါ။
emmc တွေမှာ SD RAM တွေက DDR1 တွေပါ။ခုနောက်ပိုင်းမှာ data speed တွေ ပိုမြန်တဲ့
DDR2 တွေနဲ့ တွဲဘက်ပြီးပါဝင်လာပါတယ်။ version 4.1,4.2,4.3,4.4,4.5 အထိရောက်ရှိလို့ လာပါပြီ။ ကျွန်တော်ဥာဏ်မှီသလောက်လေးပါ၊ဆရာတို့  ပြောပြပေးတာလေးတွေလဲ
လေ့လာပါရစေ။
အခုနောက်ဆုံး version 5.1 ကို SAMSUNG ကမိတ်ဆက်ပေးထားပါတယ်။လေ့လာခြင်ရင်တော့ဒီ အောက်မှာ ၀င်ကြည့်နိင်ပါတယ်။

တန်ဖိုးကြီး eMMC software box တွေမ၀ယ်နိုင်လို့ စိတ်မညစ်ကြပါနဲ့ ကိုကို မမ တို့

တန်ဖိုးကြီး eMMC software box တွေမ၀ယ်နိုင်လို့ စိတ်မညစ်ကြပါနဲ့ ကိုကို မမ တို့
တန်ဖိုးနည်း eMMC Read/Write stick အသုံးပြုပုံကိုပြောပြပေးပါမယ်။ လိုအပ်တာလေးတွေရှိနေရင်လည်း ကျွမ်းကျင်တဲ့ ဆရာများမှ ဖေးမကူညီဖြည့်စွက်ပေးကြပါ။ အရင်ဆုံး eMMC Stick B169 နဲ့ B162 တစ်ခုခုဝယ်ထားပါ။ သက်ဆိုင်တဲ့ eMMC အကောင်းတစ်လုံးလည်းရှာထားပါ။ အဟောင်းလဲရပါတယ် Data ရှိရှိမရှိပေါ့။ ပြီးရင် Stick ပေါ်မှာ eMMC ကိုတပ်ဆင်ပါ။ လက်ဆနဲ့ အပူကိုတော့ လေ့ကျင့်ပြီးသားဆိုအဆင်ပြေမှာပါနော်။ အရင်ဆုံး Minitool Partition ကို Download ချပြီး PC မှာ install လုပ်ထားပေးပါ။
Minitool Partition Download link:
http://pc.cd/zl0otalK
eMMC တပ်ထားပြီးဖြစ်တဲ့ stick ကို PC မှာတပ်ပြီး Minitool Partition ကိုဖွင့်ပါ။ 4G, 8G စသည်ဖြင့်တွေ့ရရင် eMMC တပ်ထားတာအောင်မြင်နေပါပြီ။ eMMC stick မတွေ့သေးဘူးဆိုရင်တော့ သေချာပြန်ကပ်ပေးကြည့်ပါဦး။ eMMC ကိုယ်တိုင်ပျက်စီးနေရင်လဲမတွေ့ပါဘူးနော်။ Windows ကနေ Format ချကြည့်လို့လဲရပါတယ်။ 4G, 8G memory stick အဖြစ်အသုံးပြုလို့ရသွားပါလိမ့်မယ်။ Android system အသုံးပြုမှာဆိုရင်တော့ Minitool Partition ကနေအနည်းငယ်ပြင်ဆင်ပေးရပါမယ်။ Android system က Partition တွေအများကြီးပိုင်းထားပါတယ်။ Partition စနစ်မှာလည်း MBR စနစ်နဲ့ GPT စနစ်နှစ်မျိုးရှိပြီးတော့ Android က GPT စနစ်ကိုအသုံးပြုထားပါတယ်။ တကယ်လို့မိမိအသုံးပြုမယ့် eMMC က MBR ဖြစ်နေရင် GPT ကိုပြောင်းပေးဖို့လိုပါတယ်။ တစ်ချို့ Android model တွေမှာ MBR ဖြစ်နေတာတွေလဲ တွေ့ရပါတယ်ခင်ဗျ။ ခြွင်းချက်ပါ။ ပြီးတော့ မိမိရဲ့ eMMC မှာ Partition တွေဘယ်လောက်ပိုင်းထားပိုင်းထား Delete All Partition ကိုနှိပ်ပေးပါ။ Apply လုပ်ပါ။ MBR Partition ဖြစ်နေရင် GPT ကို ပြောင်းပေးပါ။ Apply ကိုနှိပ်ပါ။ ဒါဆိုရင် အဆင်သင့်ဖြစ်ပါပြီခင်ဗျ။ Format လုံးဝမချရပါဘူးနော်။ ပုံမှာတွဲကြည့်ရင် နားလည်မယ် ထင်ပါတယ်။
ဖိုင်ပြန်ရေးဖို့အဆင်သင့်ဖြစ်ပြီဆိုရင် eMMC Read Write Tool ကို Download ချထားပါ။ Rar ဖိုင်ဖြေပြီးရင် Right Click Run as Admin နဲ့ဖွင့်ပါ။ Double Click နှိပ်ဖွင့်ရင် Stick ကိုတွေ့မှာမဟုတ်ပါဘူးခင်ဗျ။
eMMC Read Write Tool Download Link:
http://pc.cd/rx0otalK
မေ့နေလို့ပါခင်ဗျ ပြန်ရေးဖို့အတွက် သက်ဆိုင်ရာ Model ရဲ့ Firmware bin ဖိုင်လေးတော့ အဆင်သင့်ရှိထားဖို့ လိုပါတယ်။ မိမိစမ်းသပ်မဲ့ Android model တစ်ခုခု ရဲ့ Firmware bin ဖိုင်လေးကိုအရင်ထုတ်ထားကြပါခင်ဗျ။ အားလုံးကောင်းနေတဲ့ eMMC ဆိုရင် stick မှာတပ်ဆင်ပြီး တစ်ခါတည်း eMMC R/W tool နဲ့ Read လုပ်လိုက်ရင်လည်း သက်ဆိုင်ရာ Model ရဲ့ Firmware bin ဖိုင်လေးရလာမှာပါ။ Model နာမည်လေးပေးပြီး သိမ်းထားလိုက်ရင် နောက် Model တူလေးလာခဲ့ရင် အဆင်သင့်ဖြစ်သွားမှာပါ။ eMMC ကိုမဖြုတ်ပဲ Firmware bin ဖိုင်ထုတ်ယူပုံလည်းပြောပြပါမယ်နော်။
Read Write လုပ်ချိန်က eMMC size ပေါ်မူတည်ပြီး အချိန်အနည်းငယ် စောင့်ပေးရပါမယ်ခင်ဗျ။ ပြီးသွားပြီဆိုရင် မူရင်း Circuit board ပေါ်မှာ eMMC ကိုပြန်တပ်ဆင်ပေးလိုက်ရင်အားလုံး ပြီးပါပြီခင်ဗျ။ Model ၁၀မျိုးလောက်ကို စမ်းသပ်အောင်မြင်ပြီးဖြစ်ပါတယ်ခင်ဗျ။
နောက်ထပ် EMMC RAW TOOL ဆိုတာလေးကို အသုံးပြုပြီး Firmware bin ထုတ်ယူတာ ပြန်ရေးတာတွေကို အသုံးပြုလို့ရပါတယ်။ မိမိကြိုက်နှစ်သက်တာကိုသုံးနိုင်ပါတယ်။ နှစ်မျိုးလုံးအောင်မြင်ပါတယ်။
eMMC Raw Tool Download link:
http://pc.cd/al0otalK
အဆင်ပြေကြပါစေ။
eMMC Firmware bin ဖိုင်ကို Android ပေါ်မှ Backup ရယူနည်း။
သိပြီးသားတွေဖြစ်ပေမယ် အခုမှလေ့လာမယ့် ကိုကိုတို့အတွက်ပါနော်။ မိမိထုတ်ယူမယ့် Android devices ကို Root လုပ်ထားဖို့လိုပါတယ်။ ပြီးရင် Busy box ကိုလည်းသွင်းထားဖို့လိုပါတယ်။ app store ကယူရတဲ့ busy box apk ကိုသုံးလည်းရပါတယ်။ အောက်မှာပေးထားတဲ့ busy box installer ကိုသုံးလည်းရပါတယ်။ ကိုဖြိုးညီညီရဲ့ tool လေးပါ။ (credit)
Busy box installer Download link:
http://pc.cd/Ul0otalK
SD Card အလွတ်တစ်ခုကို Android devices မှာထည့်ထားပါ။ SD size က Android devices ထက်များဖို့လိုပါတယ်။ 4G android devices အတွက် 8G SD ထည့်ထားပေးပါ။ adb command ကနေ
adb shell
su
dd if=/dev/block/mmcblk0 of=/storage/sdcard1/backup.img bs=512 count=30535646
ဆိုပြီးရိုက်ထည့်ပါ။
အချိန်အနည်းငယ်ကြာပြီးရင် SD card ထဲမှာ မိမိလိုအပ်တဲ့ backup.img ဆိုတဲ့ firmware ဖိုင်လေးရလာပါမယ်။ သက်ဆိုင်ရာ Model name လေးပေးပြီးသိမ်းထားလို့ရပါပြီ။
နောက်တစ်မျိုးက Android eMMC backup tool နဲ့ထုတ်ယူလို့ရပါတယ်။ ဒီ tool ရဲ့ မူရင်းပိုင်ရှင်ကို မသိတော့ပါဘူး Credit ပေးပါတယ်ခင်ဗျ၊ ကျေးဇူးပါ။ မိမိ backup ထုတ်ယူမယ့် android devices ကို root လုပ်ထားပေးပါခင်ဗျ။ busy box လဲလိုအပ်ပါတယ်။ busy box မရှိရင်လဲဒီ tool ကနေ သွင်းလို့ရပါတယ်။
Android eMMC backup tool Download link:
http://pc.cd/UK0otalK
1 Check Phone ကိုနှိပ်ပါ။ busy box မရှိပါကသွင်းယူပါ။
2 Block mode ကိုအမှန်ခြစ်ပေးပါ။
3 R လေးကို နှိပ်ပြီး Refresh လုပ်ပါ။ mmcblk0 ကိုရွေးပြီး
4 save လုပ်မည့်နေရာကိုပြပေးပါ။
5 Start Dump နှိပ်ပြီးအချိန်အနည်းငယ်ကြာရင် မိမိလိုအပ်တဲ့ eMMC firmware bin ဖိုင်ကိုရပါပြီခင်ဗျ။
သက်ဆိုင်ရာ model name လေးပေးပြီးသိမ်းထားနိုင်ပါပြီ။ eMMC လဲလှယ်ဖိုလိုအပ်လာတိုင်း ဒီနည်းအတိုင်း ပြန်ရေးနိုင်ပါတယ်။ board အဟောင်းပေါ်က eMMC တွေနဲ့စမ်းကြည့်တာအောင်မြင်ပါတယ်။
Virus ကိုက်နေရင်တော့ format ချပစ်ပါတယ်။ Delete All partition လုပ်ပါတယ်။ MBR ဖြစ်နေရင် GPT ပြောင်းပါတယ်။ ပြီမှ tool လေးနဲ့ Backup ဖိုင်ကို write လုပ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျ။
B221 eMMC ကစမ်းသပ်ဆဲဖြစ်ပါတယ်။ ဒီထက်အဆင်ပြေတဲ့နည်းလေးများရှိရင်လည်း သွန်သင်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။
အခက်အခဲ တစ်ခုခုကြုံခဲ့ရင် ကျွန်တော့ကိုဖုန်းဆက်မေးလို့ရပါတယ်ဗျာ 09428313452 ပါ။
eMMC stick ကိုတော့နှစ်ခု တစ်စုံ ၇၀၀၀ကျပ်နဲ့ မန္တလေးအာကာမိုဘိုင်း၊ ၈၁လမ်း၊ ၃၅×၃၆ ကြား၊ ကိုအောင်ပြည့်ဖြိုး၊ 09259021895 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဒီ Post အပြည့်အစုံကို သိမ်းထားချင်တယ်ဆိုရင် PDF ဖိုင်ကို အောက်မှာ Download ရယူနိုင်ပါတယ်။
eMMC flash drive complete PDF link:
http://pc.cd/0K0otalK