‏إظهار الرسائل ذات التسميات movies. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات movies. إظهار كافة الرسائل

السبت، 17 يناير 2015

PK (2014) Movie + ( မြန်မာစာဖိုင်) Download


မြန်မာစာဖိုင် ကို အောက်ကလင့်ခ်ကနေ ယူပါ ။ ပထမဦးဆုံးအကြိမ် ပြန်တာမို့ အမှားပါရင် ခွင့်လွှတ်နားလည်ပေးပါလို့ . . . . . smile emoticon
http://www.mediafire.com/download/i6rjrzxe4we6hxk/PK_(2014)_-_NonRetail_-_1080p_-_x264_-_DTS_5.1_-_TeamTelly.srt

ဇာတ်လမ်းအကြောင်း နဲ့ ဗီဒီယိုကိုတော့
https://www.facebook.com/intlmoivenews?fref=nf မှ ကူးယူဖော်ပြလိုက်ပါတယ် ။
================================================
India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ....
ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ တဖြည်းဖြည်းချဉ်းကပ်လာနေပါတယ်
တိမ်တိုက်အတွင်းမှာတော့ ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်ပျံတစ်စင်း
အဆိုပါယာဉ်ထဲမှ ဝတ်လစ်စလစ်နှင့် လူသားသဏ္ဍာန်တစ်ခုဆင်းလာပါတယ်
ထို့နောက်ယာဉ်ပျံကပြန်လည်ထွက်ခါသွားပါတော့တယ်

သူ့လည်ပင်းမှာတော့ အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို ဆွဲကြိုးအဖြစ်ဆွဲထားပါတယ်
အဆိုပါဆွဲကြိုးဟာ သူ့အတွက် သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control ဆိုလည်းမမှားပါဘူး

ကမ္ဘာကြီးကသူ့အတွက်တော့ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့
India အမျိုးသားကြီးတစ်ယောက်ကို သူတွေ့တဲ့အခါ ထိုအမျိုးသားကြီးဆီသူလျှောက်သွားတယ်
ထိုအမျိုးသားကြီးက သူ့လည်ပင်းကဆွဲကြိုးကို ဖြုတ်လုပြီး ခုတ်မောင်းလာနေတဲ့ ရထားတွဲပေါ်ပြေးတက်လိုက်ပါသွားတယ်
သူလည်းသူ့ဆွဲကြိုးလေးပြန်ရဖို့ကြိုးစားရင် ထိုအမျိုးသားကြီးဆီက ရေဒီယိုလေးတစ်လုံးကို ပြန်ရခဲ့ပါတယ်

သဲကန္တာရအလယ်
အခြားကမ္ဘာက ဝတ်လစ်စလစ်ဂြိုလ်သားတစ်ယောက
ရေဒီယိုလေးတစ်လုံးပိုက်လို့ ။ သူနေထိုင်ရာဂြိုလ်ဆီပြန်ဖို့ remote control ကလည်းပျောက်ဆုံးသွားခဲ့ပြီ
လူသားတွေရဲ့အလေ့အထ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုပညတ်တွေ ဘာသာစကားတွေ ဘာမှနားမလည်တဲ့ သူ့အဖို့ ဒီ remote control လေးကို ဘယ်လိုပြန်ရှာဖွေမှာလဲ

လူတွေကတော့ သူ့ကို PK လို့ခေါ်ကြတယ်
သူနေထိုင်ရာ ဂြိုလ်မှာ ဘာသာစကားမရှိဘူး
အဝတ်အစားမဝတ်ဘူး အတွေးနဲ့စကားပြောကြတယ်
သူ့မှာအမည်နာမ မရှိဘူး
လူသားတွေလို စကားတစ်ခွန်းကြောင့် နားလည်မှုလွဲပြီးအမုန်းတွေမပွားကြဘူး

PK အတွက်တော့ လူသားတွေလို ပြုမူနေထိုင်နိုင်ဖို့တော်တော်လေ့လာသင်ယူခဲ့ရတယ်
အဝတ်အစားကိုမှန်ကန်အောင်ဝတ်နိုင်ဖို့ ငွေကြေးတွေသုံးစွဲဝယ်ယူတတ်ဖို့နဲ့ ဘာသာစကားတွေကို ပြောဆိုတတ်ဖို့ သူ့အတွက် ခြောက်ပတ်တိတိလေ့လာခဲ့ရတယ်

PK ရဲ့ ထူးခြားတဲ့အမူအကျင့်တွေကို သတိထားမိခဲ့သူ သတင်းထောက်မလေး Jaggu ဟာ PK အကြောင်းကို သိရဖို့ကြိုးစားပါတော့တယ်

PK အတွက်ကမ္ဘာပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေကိုဆက်လက်တွေ့ရမှာလဲ
သူ့ remote control လေးကို ပြန်ရှာတွေ့နိုင်မှာလား

.......

PK ဇာတ်ကားဟာ 2014 ခုနှစ်ထွက် Bollywood ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Ghajini (2008), 3 Idiots (2009) နဲ့ Dhoom 3 (2013) စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား Aamir Khan ကခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Anush Sharma နဲ့အတူ ဒါရိုက်တာ Rajkumar Hirani ကရိုက်ကူးပေးထားတာပါ

Vinod Chopra Films မှထုတ်လုပ်ပြီး UTV Motion Pictures မှ 2014 ခုနှစ် December 19 ရက်တွင် ဖြန့်ချိပေးခဲ့ရာ ဖြန့်ချိပြီး ၂ ပတ်အတွင်းမှာပင် India နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း 2014 ခုနှစ်ထွက်ရှိသမျှဇာတ်ကားတွေထဲမှာတော့ ဝင်ငွေအကောင်းဆုံး နံပါတ် ၆၅ အဖြစ်ရပ်တည်နေပါတယ်

ရိုက်ကူးထုတ်လုပ်မှုစရိတ် ဒေါ်လာ ၁၃ သန်းကုန်ကျခဲ့တဲ့ PK ရုပ်ရှင်ဇာတ်ကားဟာ အခုချိန်ထိဝင်ငွေ ၉၂ သန်းကျော် ပြန်လည်ရှိထားပါတယ်

ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် PK ဇာတ်ကားဟာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ ဘာသာရေးကိုခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်မှုနေတဲ့ အစွန်းရောက်လွန်းလှတဲ့ အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်

ကျွန်တော်တို့တွေရောရိုးသားစွာယုံကြည်သက်ဝင်နေကြတာလား
သေသေချာချာတွေးတောကြည့်ဖြစ်ကြရဲ့လား
လွဲမှားနေတဲ့ အယူအဆအဟောင်းတွေနောက်လိုက်မိနေကြပြီလား

PK နဲ့အတူအတွေးနယ်ချဲ့ကြည့်ရအောင်လားဗျာ....

IMDb Rating: 8.7/10

L.H
7:04 A.M (07.01.2015)

P.S:: Dwnload link တောင်းဆိုထားတဲ့ သူငယ်ချင်းတွေအတွက်ပါ
Download Movie 923 MB

credit မိုး စက်
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الثلاثاء، 3 يونيو 2014

My Sassy Girl ကိုရီးယား မြန်မာစာတန်းထိုး Full Movie


 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 17 مايو 2014

My Sassy Girl Myanmar Subtitle Download Full Movie



Download Part 1 350MB
Download Part 2 290MB
Download Single Link 700MB
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်