السبت، 9 مايو 2015

Emailပါအခိုးခံရသောfacebook accountအားပြန်ယူနည်း

Emailပါအခိုးခံရတဲ.ဖေ.ဘုတ်အကောင်.ကိုID(government issued ID)+facebook old password နဲ. ပြန်လိုက်နိုင်ပါတယ်။အကောင်.ပြန်လိုက်နည်းကိုတော.အောက်ကscreenshot တွေမှာရေးပြထားပါ တယ်။browser ထဲကနေ၀င် try ရပါမယ်။အကောင်.ခိုးသွားတဲ.သူကemailချိန်းသွားရင်တော.email   နေ ရာမှာusernameသို.မဟုတ်ID numberနဲ.၀င်ပါ။IDနေရာမှာသုံးလို.ရနိုင်တာတွေကမြန်မာမှတ်ပုံတင်   ယဉ်မောင်းလိုင်စင်,passport နဲ.တစ်ခြား ဓါတ်ပုံ, မွေးနေ.နဲ.နာမည်တွဲပါတဲ.ကတ်တွေအကျုံးဝင်ပါ တယ်။ 














အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الثلاثاء، 5 مايو 2015

Android မှာ OTA Updates ပြုလုပ်ရင် Root ကို ထိန်းသိမ်းထားနည်းများAndroid မှာ OTA Updates ပြုလုပ်ရင် Root ကို ထိန်းသိမ်းထားနည်းများ














Android မှာ OTA (Over-The-Air) Updates ပြုလုပ်ရင် Root Access ကို ဖယ်ရှားလိုက်တဲ့အတွက် Root ပြန်လုပ်ရတဲ့ အလုပ်ရှုပ်မှုတွေ ရှိပါတယ်။ ဒါပေမယ့်လည်း Root ကို ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ အချို့ Device များမှာ Root ပြန်လုပ်ရတာ အလွန်လွယ်ကူပါတယ်။ 
Google က Update များ မကြာခဏပေးလေ့ရှိတဲ့ Nexus Device များမှာတော့ OTA Update လုပ်တိုင်း စိတ်ညစ်စရာ ကြုံရမှာ ဖြစ်ပါတယ်။
ဘာကြောင့် Root ဆုံးရှုံးရသလဲ
Android ဟာ Linux ကို အခြေပြုထားတာကြောင့် ၀င်းဒိုးရဲ့ Administrator User Account နဲ့ ဆင်တူတဲ့ Root User Account ဆိုတာ Android မှာ ပါရှိလာပါတယ်။ Default အားဖြင့် Android မှာ Root Account ကို အသုံးပြုခွင့် မပေးပါဘူး။ Root ပြုလုပ်ခြင်းဟာ Root Account ကို အသုံးပြုလို့ရမှာ ဖြစ်ပြီး SU Binary ကို အင်စတော လုပ်ပေးမှာပါ။ Apps များက SU ကို အသုံးပြုပြီး Android ရဲ့ အဆင့်မြင့် စွမ်းဆောင်ချက်များကို သုံးနိုင်မှာပါ။ လုံခြုံရေး ပြဿနာများကြောင့် Android မှာ နဂိုအားဖြင့် Root ပြုလုပ်ပေးထားခြင်း မရှိတာပါ။ အထူးသဖြင့် နည်းပညာနဲ့ အကျွမ်းဝင်မှု မရှိသူတွေအတွက် ဖြစ်ပါတယ်။
Root ပြုလုပ်ရင် SuperSU or Superuser လို App များကို အင်စတော လုပ်မှာ ဖြစ်ပါတယ်။ အဲဒီ App ဟာ SU Binary ကို ထိန်းချုပ်နိုင်တဲ့အတွက် ဘယ် App ကို Root Access ပေးမလဲဆိုတာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Operating System Update ကို အင်စတော လုပ်ရင် Root Access ကို ဆုံးရှုံးလေ့ရှိပါတယ်။ OTA Update က SU Binary ကို ဖယ်ရှားပြီး Android System Partition ကို Factory State ကို ပြန်လည် ပြုပြင်လိုက်တာပါ။
Xposed Framework ကို အင်စတော လုပ်ထားရင် OTA Update ကို အင်စတော မလုပ်ခင် Xposed Framework ကို အရင် ဖြုတ်ထားရပါတယ်။ မဟုတ်ရင်တော့ အောက်က Error လိုမျိုးပေါ်လာမှာ ဖြစ်ပြီး Update လုပ်လို့ ရမှာ မဟုတ်ပါဘူး။
SuperSU’s OTA Survival Mode

OTA Update ပြုလုပ်ရင် Root မပြုတ်သွားအောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းများရှိပေမယ့် အမြဲတမ်း အဆင်ပြေတဲ့ နည်းလမ်းများ မဟုတ်ပါဘူး။ အဲဒီနည်းလမ်းများဟာ Minor Update များအတွက်သာ Root မပြုတ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ နောက်ပြီး အရင် Android Version များမှာသာ အဲဒီနည်းလမ်းများက အလုပ်ဖြစ်ပြီး နောက်ပိုင်း Android Version များမှာ အလုပ်မလုပ်နိုင်တော့ပါဘူး။
ဥပမာ အားဖြင့် SuperSU မှာ “ Survival Mode” ပါရှိပြီး OTA Update မလုပ်ခင် Enable ပြုလုပ်ထားခြင်းဖြင့် Root ကို ထိန်းသိမ်းနိုင်မှာပါ။ ဒါပေမယ့် ၂.၄၉ ဒေါ်လာ ကျသင့်တဲ့ SuperSU Pro မှာသာ အဲဒီ “Survival Mode” ပါရှိတာပါ။ နောက်ပြီး Root ကို ထိန်းသိမ်းထားမယ်လို့ အပြည့်အ၀ အာမ မခံပါဘူး။
OTA RootKeeper က အခမဲ့ ဖြစ်ပေမယ့် Android 4.3 နဲ့ အသစ် ဗားရှင်းများမှာ အလုပ်မလုပ်ပါဘူး။
SuperSU Pro ဟာ တကယ် အလုပ်ဖြစ်မဖြစ် စမ်းသပ်ကြည့်လိုက်ပါတယ်။ App ကို Android 4.4.3 အသုံးပြုထားပြီး Root လုပ်ပြီးသား Nexus 4 မှာ အင်စတော လုပ်လိုက်ပါတယ်။ Survival Mode ကို Enable လုပ်ပြီး OTA Update ကနေ Android 4.4.4 ကို အဆင့်မြှင့်ကြည့်တဲ့အခါမှာ Root ပြုတ်မသွားဘဲ ထိန်းသိမ်းထားနိုင်တာ တွေ့ရပါတယ်။
Survival Mode က အလုပ်ဖြစ်ပေမယ့်လည်း ခြွင်းချက်ရှိပါတယ်။ Android 4.4.4 ဟာ Minor Update ဖြစ်တဲ့အတွက် Major Update များကို အင်စတော လုပ်ရင်တော့ Survival Mode က အလုပ်ဖြစ်ချင်မှ ဖြစ်မှာပါ။ အနာဂတ် Android Version များကို Update ပြုလုပ်တဲ့နည်းကို ပြောင်းလဲပစ်နိုင်ကောင်း ပစ်နိုင်ပြီး Survival Mode ကို အကျိုးမဲ့ ဖြစ်စေနိုင်ပါတယ်။ OTA RootKeeper ကိုလည်း ဒီနည်းအတိုင်း အသုံးမ၀င်အောင် ပြုလုပ်လိုက်တာပါ။ Google Play Store မှ SuperSU Pro ရဲ့ စာမျက်နှာမှာ “No Guarantees” လို့ သတိပေးထားပါတယ်။
Root ပြုလုပ်နည်း သုံးနည်း
သင့်ရဲ့ Android Device မှာ Root ပြုတ်သွားရင် ပြန်ပြီး Root လုပ်နိုင်တဲ့ နည်းများစွာ ရှိပါတယ်။
• Unlock the Bootloader: Google နဲ့ Device ထုတ်လုပ်သူများက Root ပြုလုပ်ခြင်းကို တရားဝင် ပံ့ပိုးပေးထားခြင်း မရှိပေမယ့် အချို့ Device များမှာ Low-Level Access ရဖို့အတွက် နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ ဥပမာ အားဖြင့် Nexus Device များဟာ Developer များအတွက် ရည်ရွယ်ထားပြီး Command အနည်းငယ်ဖြင့် Bootloader ကို Unlock လုပ်နိုင်ပါတယ်။ အဲဒီနောက်မှာ SU Binary ပါတဲ့ .zip ဖိုင်ကို Recovery Screen ကနေ Flash ပြုလုပ်ခြင်းဖြင့် Root ပြုလုပ်နိုင်ပါတယ်။ Nexus Root Toolkit လို Tools များက အဲဒီဖြစ်စဉ်ကို အလိုအလျှောက် ပြုလုပ်ပေးနိုင်ပါတယ်။ အခြား ဖုန်းထုတ်လုပ်သူများက အချို့ Device များရဲ့ Bootloader ကို Unlock လုပ်ဖို့ တရားဝင်နည်းလမ်းများကို ပံ့ပိုးပေးထားပါတယ်။
• Exploit a Security Vulnerability: အချို့ Device များမှာ Bootloader ကို Unlock လုပ်လို့မရအောင် ပြုလုပ်ထားတတ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ Device များရဲ့ လုံခြုံရေး ဟာကွက်ကို ဖော်ထုတ်ပြီး System Partition မှာ SU Binary ကို အင်စတော လုပ်ခြင်းဖြင့် Root ပြုလုပ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ Verizon သို့မဟုတ် AT&T မှ Galaxy S5 ကို ပထမဆုံး Root ပြုလုပ်နိုင်သူကို ဒေါ်လာ ၁၈၀၀၀ ဆုကြေးပေးတဲ့ ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ လုံခြုံရေး ဟာကွက်ကို တွေ့ရှိခဲ့ပေမယ့် နောက်ပိုင်း Update မှာတော့ အဲဒီ ဟာကွက်ကို ဖာထေးပြီး Root ပြုလုပ် မရအောင် ကန့်သတ်ထားမှာဖြစ်ပါတယ်။
• Flash CyanogenMod or Another Custom ROM: CyanogenMod လို Custom ROMs များမှာ ကြိုတင် Root လုပ်ထားတတ်ပါတယ်။ CyanogenMod မှာ Root Access ကို Enable or Disable ပြုလုပ်ဖို့ Settings မှာ အဖွင့်၊ အပိတ် ခလုတ်ပါရှိပါတယ်။ ROM မှာ Root ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ပါရင် CyanogenMod ဗားရှင်းအသစ်ကို Upgrade ပြုလုပ်ရင် ဖြစ်ဖြစ် Custom ROM ကို အသုံးပြုရင် ဖြစ်ဖြစ် Root ကို မပြုတ်ပါဘူး။
Root ပြန်လုပ်ရတာ ခက်သလား
Nexus Device လို Bootloader ကို Unlock လုပ်ထားတဲ့ Device မှာဆိုရင် OTA Update လုပ်လိုက်လို့ Root ပြုတ်သွားရင်လည်း Root ပြန်လုပ်ရတာ လွယ်လွယ်လေးပါ။ Android Device ကို ကွန်ပြူတာနဲ့ ချိတ်ပြီး အရင် နည်းလမ်းအတိုင်း Root လုပ်ပေးလိုက်ရုံပါပဲ။ ဥပမာ အနေနဲ့ Nexus Root Toolkit ကို သုံးနိုင်သလို adb command နဲ့ ကိုယ်တိုင် Root လုပ်နိုင်ပါတယ်။
လုံခြုံရေးဟာကွက်ကို ရှာပြီး Root ပြုလုပ်ရတဲ့ Android Device များမှာ ဆိုရင် OTA Update မယူခင် Root ပြုလုပ်နိုင်မယ့် နည်းလမ်းများကို အရင်ရှာဖွေထားသင့်ပါတယ်။ လုံခြုံရေးဟာကွက်ကို ဖာထေးထားတယ်ဆိုရင် နောက်ထပ် ဟာကွက်တစ်ခုကို ရှာမတွေ့ခင် Update မလုပ်သင့်ပါဘူး။ Root မလုပ်ချင်သူတွေအတွက်တော့ Update လုပ်နိုင်ပါတယ်။
Update ပြုလုပ်ပြီးတိုင်း Root မလုပ်ချင်ရင်တော့ Root Access ပါရှိပြီးသား CyanogenMod ဒါမှမဟုတ် Custom Android ROM များကို အသုံးပြုနိုင်ပါတယ်။
OTA Update ရယူပြီးလို့ Root ပြုတ်သွားပြီဆိုရင် ပြန်ပြီး Root လုပ်ဖို့အတွက် သင့်ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး မိနစ်အနည်းငယ်သာ ကုန်စေနိုင်သလို ရက်သတ္တပတ်များစွာ ဒါမှမဟုတ် လပေါင်းများစွာ အချိန်ကုန်နိုင်ပါတယ်။ ဒါကတော့ သင့်ရဲ့ Device အမျိုးအစား အပေါ်မူတည်ပါတယ်။
ref;http://www.myanmardigitallife.com/

الاثنين، 4 مايو 2015

LolliZwaper - Lollipop Zawgyi installer


Android Lollipop ဖုန်းများအတွက် ကိုဖြိုးချမ်းရေးထားတဲ့ LolliZwaper - Lollipop Zawgyi installer လေးပါ လိုအပ်သူများအောက်မှာဒေါင်းယူနိုင်ပါပြီ



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Android Phone ကို Scanner လို အသုံးပြုလို့ ရစေမယ့် CamScanner

စာရွက်စာတမ်းများကို ဒစ်ဂျစ်တယ် ပုံစံ ပြောင်းပေးနိုင်ဖို့ အတွက် Scanner များကို အသုံးပြုခဲ့ကြရပါတယ်။ အခုတော့ စမတ်ဖုန်းများကို Scanner အဖြစ် အသုံးပြုနိုင်ကြပါပြီ။ CamScanner ဆိုတဲ့ Android App က စာရွက်စာတမ်းများကို ဖုန်းရဲ့ ကင်မရာကနေ ဓါတ်ပုံရိုက်ကူးလိုက်တာနဲ့ ဒစ်ဂျစ်တယ် ပုံစံပြောင်းပေးပြီး ဖုန်းမှာ သိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် PDF ဖိုင်အနေနဲ့ ပြုလုပ်ပေးနိုင်ပါတယ်။
CamScanner ကို အင်စတော လုပ်ပြီးရင် App ရဲ့ အသုံးဝင်မှုများကို ပြသပေးမှာပါ။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး စကရင် တစ်ခုချင်းစီကို ကျော်လွှား ဖတ်ရှုနိုင်ပါတယ်။
1
နောက်ဆုံး စကရင်မှာ Use Now ကို နှိပ်ပါ။
2
ပြီးတာနဲ့ Scan လုပ်ချင်တဲ့ စာရွက်စာတမ်း တစ်ခု သို့မဟုတ် ကွန်ပြူတာ မော်နီတာက စာများကို ဖုန်းရဲ့ အနောက်ကင်မရာနဲ့ ချိန်ရွယ်ပါ။ လိုချင်တဲ့ အနေအထားကို ရရင် ကင်မရာ ခလုတ်ကို တစ်ချက်နှိပ်ပါ။
3
နောက်အဆင့်မှာတော့ ရိုက်ကူးထားတဲ့ ဓါတ်ပုံဟာ သင့်တော်သလားဆိုတာ စစ်ဆေးပါ။ မကြိုက်သေးရင် ကြက်ခြေခတ် ခလုတ်ကို နှိပ်ပြီး Cancel လုပ်နိုင်ပါတယ်။ အိုကေပြီဆိုရင် အမှန် ခလုတ်ကို နှိပ်ပါ။
4
နောက်အဆင့်မှာ ဓါတ်ပုံမှာ မလိုအပ်တဲ့ အပိုင်းများကို ဖယ်ရှားနိုင်မှာပါ။
5
လေးထောင့်ဘောင်မှ စက်ဝိုင်း အမှတ်အသားလေးများကို လက်နဲ့ ပွတ်ဆွဲပြီး လိုချင်တဲ့ အပိုင်းကို ဘောင်ထဲမှာ ထည့်သွင်းပါ။ မလိုချင်တဲ့ အပိုင်းကို ဘောင်ရဲ့ အပြင်ဘက်မှာ ထားပေးပါ။ ပြီးရင် အမှန် ခလုတ်ကို နှိပ်ပါ။
6
နောက်အဆင့်မှာ ဓါတ်ပုံရဲ့ အလင်း အမှောင်ကို Auto ချိန်ညှိပေးထားမှာ ဖြစ်ပါတယ်။ အလင်း အမှောင်ကို အပေါ်မှာ ပြသထားတဲ့ Effect များ ထည့်သွင်းနိုင်ပါတယ်။ ပြီးရင် အမှန် ခလုတ်ကို နှိပ်ပါ။
7
ဒါဆိုရင်တော့ စာရွက်စာတမ်းရဲ့ ဒစ်ဂျစ်တယ် ပုံစံကို ရပါပြီ။ PDF ဖိုင် အနေနဲ့ သိမ်းချင်ရင် ညာဘက်အောက်ထောင့်မှ PDF ခလုတ်ကို နှိပ်ပါ။ Share ခလုတ်ကို နှိပ်ပြီး အီးမေး၊ Bluetooth တို့ကနေ မျှဝေနိုင်သလို Evernote တို့လို မှတ်စု မှတ်သားတဲ့ ၀န်ဆောင်မှုများမှာလည်း သိမ်းဆည်းနိုင်ပါတယ်။ CamScanner မှာ အကောင့် ပြုလုပ်ပြီးလည်း Cloud မှာ သိမ်းထားနိုင်ပါတယ်။
8
ညာဘက် အပေါ်ထောင့်မှ ဒေါင်လိုက် အစက်သုံးစက်ကို နှိပ်ပြီး Tag များ သတ်မှတ်နိုင်သလို အမည်ပြောင်းလဲနိုင်ပါတယ်။
9
PDF Settings ထဲ ၀င်ကြည့်ရင် PDF ကို Password နဲ့ ကာကွယ်ထားနိုင်ပြီး Orientation ကိုလည်း ပြောင်းလဲနိုင်ပါတယ်။ PDF Page ရဲ့ အရွယ်အစားကို ပြောင်းလဲနိုင်သလို Margin များလည်း ထည့်သွင်းနိုင်ပါတယ်။
10
CamScanner ရဲ့ Main Screen ကို ပြန်သွားကြည့်ရင် သိမ်းထားတဲ့ PDF ဖိုင်ကို တွေ့ရမှာ ဖြစ်ပါတယ်။ အပေါ်ဘက်မှ Tag Icon ကိုနှိပ်ပြီး Tag များနဲ့ ခွဲခြား သိမ်းနိုင်သလို View အိုင်ကွန်ကို နှိပ်ရင်တော့ Thumbnail ကနေ List View ကိုပြောင်းလဲနိုင်မှာပါ။ ဖိုင်များကို အချိန် သို့မဟုတ် အက္ခရာစဉ် အလိုက် စီထားနိုင်ပါတယ်။ ညာဘက်ထောင့်စွန်းက အမှန်ခြစ် ခလုတ်ကို နှိပ်ရင် ဖိုင်ကို ဖျက်တာ၊ Merge လုပ်တာ၊ Lock လုပ်တာများကို ပြုလုပ်နိုင်မှာပါ။
11
Main Screen ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပြီး Settings ထဲသွားနိုင်ပါတယ်။ Settings ထဲမှာ စာရွက်စာတမ်းများကို Device များစွာမှ Sync ပြုလုပ်နိုင်ပြီး ရယူအသုံးပြုနိုင်ဖို့ Register ပြုလုပ်နိုင်ပါတယ်။ Scan ကဏ္ဍမှာ ဓါတ်ပုံများကို အလိုအလျှောက် Crop လုပ်တာ၊ အလင်းအမှောင်ကို ပြောင်းလဲပေးတဲ့ Mode များကို ရွေးချယ်နိုင်တာ ၊ ရိုက်ကူးလိုက်တဲ့ ဓါတ်ပုံကို Album ထဲ အလိုအလျှောက် သိမ်းဆည်းတာတို့ကို ရွေးချယ်နိုင်ပါတယ်။
12
CamScanner ဟာ နာမည်ကြီး App တစ်ခုဖြစ်ပြီး စာရွက်စာတမ်းများကို မှန်ကန်စွာနဲ့ Scan ပြုလုပ်ပေးနိုင်ပါတယ်။ အခမဲ့ ဗားရှင်းမှာ CamScanner ရဲ့ Watermark ကိုထည့်သွင်းထားတာတွေ့ရပါတယ်။ Watermark ကို ဖျောက်ချင်ရင်တော့ အခပေး ၀ယ်ယူအသုံးပြုနိုင်ပါတယ်။
CamScanner ကို Android 2.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အခမဲ့ ဗားရှင်းကို အောက်က လင့်မှာ ရယူနိုင်ပါတယ်။
Download CamScanner

ref;http://www.myanmardigitallife.com/

السبت، 2 مايو 2015

Google Chromecast ကို အသုံးပြုပြီး Android Device မှ ဗီဒီယိုနဲ့ ဂိမ်းများကို တီဗီမှာ ကြည့်ရှု ကစားနည်း

Google က Android Device မှ ဗီဒီယိုနဲ့ ဂိမ်းများကို တီဗီမှာ ကြည့်နိုင်မယ့် Chromecast ဆိုတဲ့ ကိရိယာကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ Chromecast ဟာ Memory Stick အရွယ်သာ ရှိပြီး ၃၅ ဒေါ်လာသာ တန်ကြေးရှိပါတယ်။ သူ့ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်လိုက်တာနဲ့ Android Device မှ ဗီဒီယို၊ ဂိမ်းများ သာမက Android Device မှာ ပြသနေတဲ့ အရာအားလုံးကို တီဗီမှာ ကြိုးမဲ့ ဆက်သွယ်မှုဖြင့် ကြည့်ရှုနိုင်ပါတယ်။ အဲဒီအတွက် Android နဲ့ တီဗီကို ချိတ်ဆက်ပေးတဲ့ MHL ကြိုးတွေ မလိုအပ်တော့ပါဘူး။
Google က အဲဒီ Android Screen Mirroring စွမ်းဆောင်ချက်ကို Chromecast မှာ နောက်ပိုင်းမှ ထည့်သွင်းပေးလိုက်တာပါ။ အရင်တုန်းကတော့ Chromecast ရဲ့ စွမ်းဆောင်ချက်က ဒီလောက် မကျယ်ပြန့်သေးဘဲ Chromecast ကို အထောက်အပံ့ပေးတဲ့ Android App တွေကနေသာ ဗီဒီယိုနဲ့ သီချင်းများကို တီဗီမှာကြည့်ရှုနိုင်တာပါ။ Android Screen Mirroring ကြောင့် အခုဆိုရင် Android Device မှာ ပြသနေတာ အားလုံးကို တီဗီမှာ ကြည့်ရှုနိုင်ပါပြီ။ Android Device မှာ သိမ်းထားတဲ့ ဗီဒီယိုတွေ သာမက အင်တာနက်မှ ရုပ်ရှင်၊ ဗီဒီယိုတွေကို Android Device မှာ ဖွင့်လိုက်တာနဲ့ တီဗီမှာ ပြသပေးမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ရဲ့ Chromecast က သာမာန် တီဗီကို အင်တာနက်မှ မီဒီယာများ ကြည့်ရှုနိုင်တဲ့ စမတ်တီဗီ အဖြစ် အသွင်းပြောင်းပေးနိုင်တာလည်း ဖြစ်ပါတယ်။
Chromecast ကို တီဗီမှာ တပ်ဆင်ခြင်း။
Chromecast ကို တီဗီရဲ့ HDMI Port မှာ တပ်ဆင်ပါ။ Chromecast မှာ အားသွင်းဖို့ USB Connector ပါရှိပြီး တီဗီမှာ USB Port ပါရင် တပ်ဆင်အားသွင်းနိုင်ပါတယ်။ တီဗီမှာ USB Port မပါရင်တော့ Power Adapter ကြိုးကို Wall Plug မှာ တပ်ဆင်ပြီး Chromecast ကို အားသွင်းနိုင်ပါတယ်။
1
Android Device နဲ့ Chromecast ကို ချိတ်ဆက်ခြင်း။
Android Device နဲ့ Chromecast ကို ချိတ်ဆက်ဖို့ အရင်ဆုံး Android Phone, Tablet မှာ Chromecast App ကို Google Play Store ကနေ အင်စတော လုပ်ပါ။
2
အင်စတော လုပ်ပြီးရင် သင့် တီဗီမှာ Chromecast တပ်ဆင်ထားတဲ့ HDMI Input ကို ပြောင်းပေးပါ။ Android Device မှာ Chromecast App ကိုဖွင့်ရင် သင့်ရဲ့ WiFi Network ထဲမှာ ရှိတဲ့ Chromecast Device ကိုတွေ့ရမှာပါ။
3
ဘယ်ဘက်အပေါ်ထောင့်မှ Devices ကို တစ်ချက်နှိပ်ပြီး Chromecast Settings ကိုဖွင့်ပါ။ Cast screen ကို နှိပ်ပါ။
4
နောက်အဆင့်မှာ Cast screen ကို အသုံးပြုပြီး ဖုန်းနဲ့ တက်ဘလက်မှာ ပြသနေတဲ့ အရာ အားလုံးကို တီဗီမှာ ကြည့်ရှုနိုင်ကြောင်း ရေးသားထားတာ တွေ့ရပါမယ်။ ဒါပေမယ့် အဲဒီစွမ်းဆောင်ချက်ဟာ Beta အဆင့်သာ ရှိနေသေးတယ်ဆိုတာ သတိပေးထားပါတယ်။ နောက်ပြီး Android Device မှ ဗီဒီယိုများကို တီဗီမှာ ချောမွတ်စွာ ကြည့်နိုင်ဖို့ WiFi လိုင်းကောင်းမွန်ဖို့လည်း လိုအပ်ပါတယ်။ ဒီအဆင့်မှာ Cast Screen ကို ထပ်နှိပ်ပါ။
5
နောက်အဆင့်မှာ သင့်ရဲ့ Network မှာ ရှိတဲ့ Chromecast Device ကို ပြသပေးမှာပါ။ Chromecast Device များစွာ ရှိရင် အားလုံးကို ပြသပေးမှာ ဖြစ်ပြီး နှစ်သက်ရာတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ဒါဆိုရင် Android Device မှာ ပြသနေတာတွေကို တီဗီမှာ ကြည့်နိုင်ပါပြီ။
6
သင်ဟာ Pure Android ထည့်သွင်းထားတဲ့ Nexus Device ကို အသုံးပြုသူဆိုရင် ချိတ်ဆက်ရတာ ပိုလွယ်ပါတယ်။ Status Bar ကို အောက်ဆွဲချပြီး Cast Screen ကို နှိပ်ပါ။
7
နောက်အဆင့်မှာ Chromecast Device ကို ရွေးချယ်ပေးပါ။ On / Off ခလုတ်က ဒီနေရာမှာ အရေးမပါပါဘူး။
8
ဒါဆိုရင် Android Device မှာ ပြသနေတာတွေကို တီဗီမှာ ကြည့်နိုင်ပါပြီ။ Android Game တွေကို နှစ်သက်သူများ အတွက်လည်း မျက်နှာပြင်ကြီး တီဗီကို ကြည့်ရှုပြီး ကစားနိုင်ပါပြီ။
9
Android Device မှ ဗီဒီယိုနဲ့ အခြားအရာတွေကို တီဗီသို့ စတင်ထုတ်လွှင့်ပေးတာနဲ့ Status Bar မှာ Casting screen ဆိုတဲ့ အချက်ပေးမှုကို ချိတ်ဆက်နေတဲ့ Chromecast Device နာမည်နဲ့ အတူ ပြသပေးမှာပါ။ ထုတ်လွှင့်မှုကို ရပ်နားချင်ရင် Disconnect ခလုတ်ကို နှိပ်ပါ။
10
Android Screen Mirroring ကို အထောက်အပံ့ပေးတဲ့ Android Device များ
Android Screen Mirroring ကို Android Device အားလုံးမှာ အသုံးပြုလို့ မရသေးပါဘူး။ အခုလောလောဆယ်မှာတော့ Google Nexus 4, 5 , 7 (2013) , 10, the Samsung Galaxy S4, S5, Note 3 , Note 10 (2014), HTC One M7, LG G2, G Pro 2 , G3 တို့မှာသာ အသုံးပြုနိုင်ပါသေးတယ်။
Android Screen Mirroring ကို အထောက်အပံ့ မပေးတဲ့ Android Device များအတွက်
Android Screen Mirroring ကို အထောက်အပံ့ မပေးတဲ့ Android Device များအတွက်တော့ XDA Developer တစ်ယောက်က Mirror Enabler ဆိုတဲ့ App ကို ပြုလုပ်ပေးထားပါတယ်။ အဲဒီ App ကို အသုံးပြုပြီး Android Device များစွာနဲ့ Chromecast ကို ချိတ်ဆက်ပြီး Android Screen Mirroring ကို အသုံးပြုနိုင်ပါတယ်။ Mirror Enabler ကို အသုံးပြုဖို့ သင့်ဖုန်းဟာ Root လုပ်ထားဖို့ လိုပါတယ်။
Google Chromecast ဟာ Android Device မှ မီဒီယာများကိုသာ တီဗီသို့ ထုတ်လွှင့်ပေးနိုင်ရုံ သာမက Windows နဲ့ Mac မှ Chrome Browser မှာ ကြည့်ရှုနေတဲ့ ၀က်ဆိုက်များ ၊ မီဒီယာများနဲ့ အခြားအရာများကို တီဗီသို့ ထုတ်လွှင့်ပေးနိုင်ပါတယ်။ Chromecast ဟာ ၃၅ ဒေါ်လာတည်းနဲ့ သင့်ရဲ့ သာမာန်တီဗီကို အင်တာနက်မှ မီဒီယာများနဲ့ App များကို အသုံးပြုနိုင်တဲ့ စမတ်တီဗီ ခေါ် အင်တာနက် တီဗီ အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အသုံးဝင်တဲ့ Gadget ပဲ ဖြစ်ပါတယ်။

ref;http://www.myanmardigitallife.com/

الجمعة، 1 مايو 2015

Youtube ကနေ Mp3 သီချင်းတွေ Download နည်း

  မြန်မာပြည်မှာ mb တွေနဲ့အင်တာနက်ကိုအသုံးပြုနေ ရတာ သီချင်းပဲနားထောင်ပြီး video မကြည့်ချင်သူများ အတွက်ချွေတာရာလဲရောက်တာပေါ့ Youtubeက video တွေကို mp3 အနေနဲ့ Download ချင်သူများ အတွက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ

  ပထမဦးစွာbrowser(ကမ္ဘာလုံး)ကနေyoutube.comကိုသွားပြီးလိုချင်တဲ့သီချင်းရှာပါ


  အပေါ်ကပုံမှာပြထားသလိုvideo တွေပေါ်လာ ရင်ကိုဒေါင်းချင်တဲ့video ပေါ်မှာဖိနှိပ်
  ထားလိုက်ပါ ကျနော် Chit Tae Sate SoeTar-Po Po Hay Thar ကိုဖိနှိပ်ပြထားပါတယ်


    အပေါ်ကပုံလိုအကွက်ပေါ်လာရင် copy link URL ကိုနှိပ်ပါ 


  Youtube မှ Mp3 app ကိုဖွင့်ပါ convert Video  အပေါ်က http:// ကိုနှိပ်ပါ အားလုံးဖြတ်ပစ်ပါ အဲနေရာမှာဖိနှိပ်ထားပြီး paste နှိပ်ပါ 


  Convert Video ကိုနှိပ်ပါ အပေါ်ကပုံလိုမျိုး  Processing Video ဆိုပြီး  loading လုပ်နေပါမယ် 


  အပေါ်ကပုံလို Video successfully converted to mp3လို့ပေါ်လာရင်Downloadကိုနှိပ်ပြီ mp3  
  အနေနဲ့youtubeကvideoကိုmp3အဖြစ်Downloadလို့ရပြီဖြစ်ပါတယ်ခင်ဗျာ :D :D :D

Facebook မှာ Funny Photo တွေ လုပ်မယ်

Facebook ကသင့်သူငယ်ချင်းတွေ ရဲ့  ပုံတွေကို ရုပ်ပြောင်လေးတွေ လုပ်ချင်ရင် အရင်ဆုံးပုံကို ဒေါင်းလုပ်လုပ်၊ photo editor software တစ်ခု ခု နဲ့ ပြုပြင်၊ ပြီးရင် upload ပြန်လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ Coolpic က Facebook Application or Web Application တစ်ခု ဖြစ်ပြီး Facebook ကသူငယ်ချင်းတွေရဲ့ ပုံတွေကို ရုပ်ပြောင်လေးတွေ အလွယ်တကူလုပ်ပေးနိုင်ပါ တယ်။Facebook တင်မက Picasa ,Flickr တို့ မှာလည်းလုပ်ပေးနိုင်ပါတယ်။Coolpic က browser မှာ အင်စတောလုပ်ရမယ့် extension or add-on တစ်ခု ပါ။ Chrome, Firefox, IE browsers တွေမှာသုံးနိုင်ပါတယ်။
Coolpic ဆိုက်ကိုသွားပြီး DOWNLOAD FREE ! ကိုနှိပ်ပြီး အင်စတောလုပ်ပါ။
14
Coolpic က Facebook မှာတင် အသုံးပြုရတာ ဖြစ်တဲ့အတွက်ဆင်ပြေပါတယ်။ Facebook မှ သင်ရုပ်ပြောင်တွေ ထည့်ချင်တဲ့ပုံကို နှိပ်ပါ။ ဒါဆိုရင် ဘယ်ဘက်ဘေးမှာ အစိမ်းရောင် dock လေးပေါ်လာပါမယ်။ အဲဒါကို နှိပ်ပါ။
15
ပုံမှာမြင်တဲ့အတိုင်းပဲ headgear, facial hair ,eyewear ,props စတာတွေကို ထည့်ပြီးရုပ်ပြောင်လေးတွေ ပြုလုပ်နိုင်ပါတယ်။ ရုပ်ပြောင်လေးတွေကို နေရာပြန်ချနိုင်ပြီး resize လုပ်နိုင် rotate လုပ်နိုင်ပါတယ်။
16
Speech bubbles တွေလည်းပြုလုပ်နိုင်ပြီး နှစ်သက်ရာစာသားထည့်နိုင်ပါတယ်။ပြီးရင်တော့ save your work ကို နှိပ်ပြီးအဲဒီပုံကို သင် share လုပ်နိုင်ပါပြီ။ Photo Comment အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
17
Facebook မှာရုပ်ပြောင်ပုံတွေလုပ်ချင်တဲ့သူတွေ အတွက် တစ်ခြား ဆော့ဝဲတွေ သုံးစရာမလို ဘဲ Facebook မှာတင် ပြုလုပ်ပေးနိုင်တဲ့အတွက် Coolpic ကအသုံးဝင်ပါတယ်။
Coolpic ကို အောက်ကလင့် ကနေ အင်စတော လုပ်ပါ။
http://goo.gl/Ax6kQr

ref;http://www.myanmardigitallife.com/