الجمعة، 15 مايو 2015

Samsung ဖုန်းတွေ Unlocker လုပ်နိုင်မယ့် Unlocker V1.24

Samsung Unlocker V1.24 By Nokia Firmware



Image
or


Password : Nokia.Firmware


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက









အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရပါက တွေဝေခြင်းမရှိပဲ ချက်ချင်း take action လုပ်ပါ။
ဖုန်းနံပါတ် တောင်းပါက မပေးပါနှင့်။
Credit to Ko Ei Maung and Wiki How


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الثلاثاء، 12 مايو 2015

update.app မှ recovery,boot,system သုံးခုကို သီးသန့် ထုတ်ပေးတဲ့ exe


အမေများနေ့ အတွက် လက်ဆောင် အဖြစ် Ko Lwin Oo မှ ထုတ်ပေးလိုက်ပါတယ်
update.app မှ
recovery,boot,system သုံးခုကို
သီးသန့် ထုတ်ပေးတဲ့ exe လေးပါ။
update.app နဲ့ exe အတူတူထားပြီး
exe ကို run ရင်ရပါပြီ။
C8816 အထက်ပဲ ရပါတယ်။
mtk အတွက်ဆိုရင် recovery နဲ့ system ပဲ ရမှာပါ။
bootimg မထွက်ပါ။
MTK sp flash tool အတွက် MOF မှာ တင်ပါမည်။
Thank to Phyo Nyi Nyi

boot ဖိုင်ရပြီးပြီဆိုရင် insecure boot / superboot ဆောက်နည်းတွေကို ဒီလင့်တွေမှာလေ့လာပါ
=========================================================
==========================================================
http://newusersformobile.blogspot.com/2013/07/insecure-boot-image.html

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 9 مايو 2015

file url link များကို Google Drive ထဲသလို Remote upload လုပ်နည်း


Filehosting တခုခုမှ လင့်ခ်ကိုကူးလိုက်ပါတယ် http://urltocloud.nsspot.net/ ကိုသွားပြီး
URL မှာ Link paste ချပြီး Filename မှာကိုကြိုက်တာထည့်ပါ Select a Cloud Service မှာ Google Drive ရွေးပါ Save to Cloud နှိပ်ပါ
pop up window တက်လာပြီး permission Accept ပေးပြီးတာနဲ့ အပေါ်ကပုံလိုပေါ်လာပါမယ် ကိုထည့်ချင်တဲ့ဖိုင်ကို ရွေးပေးလိုက်ပြီး ခလုတ်အပြာရောင် Save As ကိုနှိပ်ပါ
လို့ပေါ်လာရင်တော့ Mediafire ထဲကဖိုင်ဟာ Google Drive ထဲကိုသွင်းပြီးပါပြီ ထိုနည်းတူပဲအခြား Drive တွေဖြစ်တဲ့
Remote upload လုပ်နိုင်ပါပြီ 
How To remote upload URL to Google drive :D
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

ထိုင်းမှာနေတဲ့သူငယ်ချင်းတွေအတွက် ထိုင်းကဖုန်း sim Card တွေကို မှတ်ပုံတင်တဲ့နည်း


ထိုင်းနိုင်ငံကဖုန်း sim Card တွေအကုန်လုံးကို ထိုင်းနိုင်ငံရဲ့လုံခြုံရေးအရ မှတ်ပုံတင်ပေးရမယ်လို့ တရားဝင်ကြေငြာထားပါတယ်..မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကဒ်တွေကို ၁.၇.၂၀၁၅ မှစ၍ှဖုန်းခေါ်ဆိုမှု့နဲ့ အင်တာနက်အသုံးပြုမှု့တွေကို ပိတ်ပြစ်မှာဖြစ်ပါတယ်...ဒါကြောင့်အခုလိုဖုန်းဆင်းကဒ်ကိုမှတ်ပုံတင်တဲ့နည်းလေးကို မသိရသေးတဲ့သူတွေနဲ့ သိပြီးတော့သေသေချာချာမလုပ်တက်သေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီပို့စ်ကိုတင်လိုက်တာပါ..ကျွန်တော်တို့ ပထမဦးဆုံးလုပ်ရမှာက မိမိရဲ့ဖုန်းနံပါတ်ကိုအရင်စာရွက်အလွတ်တစ်ခုပေါ်မှာ ရှင်းရှင်းလင်းလင်းလေးမြင်သာအောင်ချရေးထားလိုက်ပါ..ပြီးရင် ဖုန်းခေါ်တဲ့နေရာမှာ.*151# ကိုနှိပ်ပြီးခေါ်လိုက်ပါ...အဲလိုခေါ်လိုက်တာနဲ့ဖုန်းရုံးက စာအိပ်တစ်အိပ်ပြန်လည်ပို့ပေးလာပါလိမ့်မယ်....ထိုင်းစာတွေနဲ့ပါ အဲ့ဒီစာအိပ်ထဲမှာ english အက္ခရာ ဂဏန်း ခြောက်လုံး ရှိပါတယ်...ဥပမာ..auepcw. ပါ..အဲ့ဒီ ဂဏန်း ခြောက်လုံးကိုသေချာလေးမှတ်ထားပေးဖို့လိုပါတယ်...ဒါတွေလုပ်ဆောင်ပြီးပြီဆိုရင်တော့အောက်မှာ သက်ဆိုင်ရာဆင်းကဒ် နံပါတ်တွေကို ရေးပေးထားပါတယ် ..ကိုယ်အသုံပြုတဲ့ ဆင်းကဒ် ရဲ့ကုဒ်နဲ့ပါတ်ကို အသုံးပြုနိုင်ပါတယ်....
Dtac.......User name......71278995Password.......71278995(or)User name......75702005Password.......75702005Truemove...User name.....17405423Password......true1234(or)User name.....17405425Password......true123412 Call..User name.....AIS83618Password......AIS83618
အပေါ်မှာရေးပြပေးထားတဲ့ user name နဲ့ password တွေကို ဆင်းကဒ် မှတ်ပုံတင်ရာမှာအသုံးပြုရမယ့် ဆော့ဝဲလ်မှာထည့်ပေးရမှာဖြစ်ပါတယ်..မိမိတို့ရဲ့ဆင်းကဒ်အမျိုးအစားအလိုက် ရွေးပြီးတော့ ထည့်ပေးလိုက်ပါ...အောက်မှာဆော့ဝဲလ်လင့်ချပေးထားပါတယ်...အရင်ဒေါင်းထားလိုက်ပါ....
ဒေါင်းလော့လင့်ဒ်
http://www.mediafire.com/?tbidiz2oxxra5ve
or

ပတ်စပိုစ့်စာအုပ်ကိုအဆင်သင့်ယူထားလိုက်ပါ....မိမိရဲ့ဖုန်းနံပါတ်ကိုလဲစာရွက်တစ်ခုပေါ်မှာရှင်းရှင်းလင်းလင်းမြင်သာအောင်ချရေးထားပါ..internetနဲ့GPSကိုဖွင့်ထါးပါ..ဆော့ဝဲကိုဒေါင်းပြီးပြီးဆိုရင်အောက်မှာပြထားတဲ့screenshotအတိုင်းတဆင့်ချင်းစတင်လုပ်ဆောင်နိုင်ပါပြီ..ထိုင်းနိုင်ငံမှာရှိတဲ့သူတွေအကုန်လုံးမှတ်ပုံတင်ပေးမှရမှာဖြစ်တဲ့အတွက်ကျနာ်skbminminအချိန်ပေးပြီးတော့ပြန်လည်မျှဝေပေးထားတာပါ..အားလုံးကိုကျေးဇူးတင်ပါတယ်...ဒီ post လေးကိုတက်နိုင်သလောက်မသိသေးတဲ့သူတွေအတွက်ပြန်ပြီး Share ပေးဖို့တောင်းဆိုပါတယ်...မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်ုတွေကို ၁.၇.၂၀၁၅ မှာ ပိတ်ပြစ်တော့မှာမို့လို့ပါ....အားလုံးအဆင်ပြေကြပါစေ
Credit.. ......skbminmin








ref: Skbminmin - Android နည်းပညာမျှဝေခြင်း
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Baseband အိုင်စီနဲ့ပတ်သက်ပြီး မေးထားတာတွေ့ လို့ အရင်ပို့ အဟောင်းလေးပြန်တင်ပေးလိုက်ပါတယ်။

Baseband အိုင်စီကို CPU မှာ ပေါင်းစပ်ထည့်သွင်းထားသလို ၊သီးသန့် အိုင်စီတစ်လုံးအနေနဲ့  အသုံးပြုတာလဲ၇ှိပါတယ်။ ဖုန်းတွင်ပါဝင်သော အိုင်စီလေးများအကြောင်း CPU Central Processing Unit ဖုန်းတွေမှာ အသုံးပြုကြတဲ့ CPU တွေကိုအများအားဖြင့် System-on-Chip (soc) Architectures စံနစ်ကိုအများဆုံးအသုံးပြုကြပါတယ်။ ဆီလီကွန် ချိစ် အပြားလေးတစ်ခုအတွင်းမှာ CPU Core, GPU,RAM,In/Out logic,Baseband စတဲ့အပိုင်းတွေကို စုစီးပေါင်းစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ HUAWEI တွေမှာအသုံးအများဆုံး MTK CPU တွေရဲ့  ဖွဲ့စည်းပုံက အထက်ပါအတိုင်းဖြစ်ပါတယ်။ နေရာယူမှုနဲ့ ပါဝါစားသုံးမှုကို အထူးလျှော့ချပေးနိင်တာတွေ့ ရပါတယ်။ QUALCOMM အမှတ်တံဆိတ် CPU တွေကတော့ အပူပိုထွက်ပြီး ပါဝါပိုမိုစားသုံးတာတွေ့ ရပါတယ်။ SAMSUNG ဖုန်းတွေမှာ အသုံးပြုတဲ့ CPU တွေကတော့တန်ဖိုးမြင့်မားတဲ့ SNAPDRAGON အမျိုးအစား ဖြစ်ပါတယ်။စွမ်းဆောင်၇ည်မြင့်မားတဲ့ quad-core CPU တွေဖြစ်ပါတယ်။တစ်ချို့  SAMSUNG တွေမှာ BASEBAND ကို သီးသန့် အိုင်စီတစ်လုံးခွဲ ထုတ်ပြီး အလုပ်လုပ်တာတွေ့ ရပါတယ်။ပိုမိုရှုပ်ထွေးပြီး ပြစ်ချက်လိုက်ရတာလဲခက်ပါတယ်။ Hardware ပိုင်းကြောင့် baseband ပျောက်နိင်သလို software ပိုင်းအမှားအယွင်းကြောင့်လဲ baseband ပျောက်နိင်ပါတယ်။ CPU တွေဟာ အလုပ်အများဆုံး လုပ်၇တဲ့ အိုင်စီဖြစ်တဲ့အတွက် ပါဝါလဲပိုစားတယ် အပျက်အစီးလဲများတာတွေ ၇ပါတယ်။ယ္ခုနောက်ပိုင်းဝင်လာတဲ့ MSM8212 တွေမှာ အသံပိုင်းတွေပါ ပါဝင်လာတဲ့အတွက် အရင်လို အသံမလာရင် စပီကာလဲယုံနဲ့ မဖြစ်နိင်တော့ပါဘူး။ ဖုန်းတစ်လုံးပါဝါ လာဖို့  ဒုတိယ အရေးကြီးဆုံး အိုင်စီလဲဇြစ်ပါတယ်။ emmc Embedded-Multi-Media-Controller emmc တွေဟာ ကွန်ပြူတာများရဲ့ hard disc နဲ့ အလားသဏ္ဍန်တူပါတယ်။ဖုန်းတစ်လုံး page-44 အပြည့်အ၀လည်ပတ်နိင်ရန်လိုအပ်တဲ့ system os တစ်ခုလုံးကို emmc ရဲ့ အတွင်းမှာ အပိုင်းလေးတွေခွဲပြီးထားရှိပါတယ်။ အပေါ်ဆုံးအလွာဖြစ်တဲ့ boot အပိုင်းမှာတော့ power on code နဲ့  logo img လေးတွေပါဝင်ပါတယ်။ boodloader အပိုင်းကိုတော့ security code နဲ့ ပိတ်ထားတတ်ပါတယ်။ဒီအပိုင်းကတော့ software အရ kernel အတွင်း ၀င်ရောက်ပြင်ဆင်နိင်တဲ့ တစ်ခုတည်းသော အ၀င်ပေါက်ပဲဖြစ်ပါတယ်။ emmc တွေ မှာ user data အပိုင်းတွေဖြစ်တဲ့ multi media အပိုင်းတွေပါဝင်ပါတယ်။ ဖုန်းတစ်လုံးပါဝါနိးနိင်ဖို့ တတိယ အရေးကြီးဆုံးအိုင်စီလဲဖြစ်ပါတယ်။ ဒါကြောင့် pmu,cpu,emmc တို့ ပါဝင်တဲ့အပိုင်းကို ဖုန်းတွေမှာ power section အဖြစ်ခေါ်ဆိုကြပါတယ်။ PA ic ဟာ saw filter,Duplexer ,အစရှိတဲ့ လိုင်းစစ်ပတ်လမ်းတွေကိုကျော်ဖြတ်လာတဲ့ RF signal တွေဟာ အင်အားနဲသွားတဲ့ အခြေအနေမျိုးမှာ လိုင်းအင်အားကောင်းမွန်လာအောင် ချဲ့ထွင်ပေးရပါတယ် ။ဒါကြောင့်လဲ power amplifier (PA) လို့ ခေါ်ကြတာပါ။ PA မကောင်း၇င် cdma ဖုန်းတွေမှာ 3g တိုင်ပျောက်ပြီး 1x တိုင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတတ်ပါတယ်။ဖုန်းအ၀င်အထွက်တွေလဲမရတော့ပါဘူး။ဒီအခြေအနေမှာ pa လဲပေးရင်ပြန် ကောင်းသွားပါတယ်။PA တွေမှာ CDMA PA နဲ့  GSM PA ဆိုပြီးနှစ်မျိုး၇ှိပါတယ်။ CDMA PA တွေအတွက် အဆင်ပြေဆုံးနံပါတ်ကတော့ 6340,5404,5405 တို့ ဖြစ်ပါတယ်။ အခုနောက်ပိုင်းဝင်လာတဲ့ huawei honor တွေမှာ 4G စံနစ်ပါပါဝင်လာပြီး PA ကိုလဲ PAM power amplifier module ဆိုပြီး အခေါ်အဝေါ်ပြောင်းသွားပါတယ်။ BASEBAND ic ကတော့ x G626 ဆိုပြီးေ၇းထားတဲ့အိုင်စီလေးတွေအသုံးများပါတယ်။ ဖုန်းတစ်လုံးမှာဖုန်းဆက်ဖို့ အတွက်အေ၇းပါတဲ့၊Modem ပါဝင်တဲ့အပိုင်းဖြစ်ပါတယ်။SAMAUNG်၊ဖုန်းတွေကို FIRMWARE အတင်အချလုပ်တဲ့အခါမှာ regin code တွေလွဲသွားပြီး Baseband ပျောက်တာတို့  IMEI NULL ဖြစ်တာတို့ စတဲ့ ERROR တက်သွားပြီးဖုန်းပြောလို့ မရတဲ့ပြစ်ချက်တွေအဖြစ်များပါတယ်၊အဲဒီကုတ်တွေဟာ system ရဲ့ အောက်က efs ဆိုတဲ့ file ထဲမှာနေပါတယ်၊official code အနေနဲ့  35xxxxxxxxxx နဲ့ စပါတယ်၊ တကယ်လို့ custom code ဆိုရင်တော့ 0049xxxxxxxxx နဲ့ စပါတယ်။ 0049xxxxxxxတွေမှာလိုင်းတက်ပေမယ့်ဖုန်းပြောလို့ မ၇သေးပါဘူး။ SPT,Z3X GPG အစ၇ှိတဲ့ Box တွေအသုံးပြုပြီး IMEI ပြန်ပြင်ပေးရပါတယ်။တစ်ချို့ ဖုန်းတွေမှာတော့ 0049xxxxxxxဖုန်းပြောလို့ ရတာတွေ ရှိပါတယ်။ WIFI BLUETOOTH FM တွေပါဝင်တဲ့အပိုင်းကိုတော့ WLAN လို့ ခေါ်ပါတယ်။ WIFI အိုင်စီတွေမှာ TCXO Clock ပိုင်းတွေပါဝင်တဲ့အတွက်၊ sleep mode error ဖြစ်တတ်ပါတယ်။ဖုန်းတစ်လုံးပုံမှန်အသုံးပြုလို့ ရပေမယ့် time sleep ရောက်လို့ screen မှိတ်သွားရင် ပါဝါခလုပ်ကိုပြန်ဖွင့်လို့ မရတော့ပါဘူး။battery ဖြုတ်ပြီးပါဝါပြန်ဖွင့်မှ အသုံးပြုလို့ ရမှာပါ။အဲဒီလို ဖြစ်တာကို sleepmode error လို့ ခေါ်ကြပါတယ်။တစ်ခါတစ်ရံ emmc,cpu တို့ ကြောင့်လဲ အထက်ပါ error မျိုးတွေ့ ရတတ်ပါတယ်။ ၄င်းအိုင်စီများကြောင့် ဆိုလျှင်အမ်ပီယာပိုမိုဆွဲနေတတ်ပါတယ်။ Bluetooth ic လေးတွေမှာ I2C Interface အပိုင်းပါဝင်တဲ့အတွက် ၄င်းအိုင်စီ ရှော့ဖြစ်သောအခါ SCL,SDA လမ်းကြောင်းပေါ်ရှိ touch အိုင်စီကို error တက်စေပါသည်။ ပုံမှန် home screen ကိုရောက် ရန် ကြာသောအချိန်ထက် ပိုမိုကြာပြီး အမ်ပီယာအတက်များနေလျှင် Bluetooth ကြောင့် touch မရခြင်းဖြစ်နိင်ပါသည်။ Poximity sensor ရှော့ဖြစ်ရင်လဲ touch မရတာမျိုးတွေ့ ရပါတယ်။Touch နဲ့ display ပိုင်းတွေထိန်းချုပ်နိင်ဖို့ အတွက် proximity sensor ကို အာရုံခံပေးတဲ့ပစ္စည်းအဖြစ်အသုံးပြုထားတာဖြစ်ပါတယ်။

ref:ဖိုး စပ် စု

Emailပါအခိုးခံရသောfacebook accountအားပြန်ယူနည်း

Emailပါအခိုးခံရတဲ.ဖေ.ဘုတ်အကောင်.ကိုID(government issued ID)+facebook old password နဲ. ပြန်လိုက်နိုင်ပါတယ်။အကောင်.ပြန်လိုက်နည်းကိုတော.အောက်ကscreenshot တွေမှာရေးပြထားပါ တယ်။browser ထဲကနေ၀င် try ရပါမယ်။အကောင်.ခိုးသွားတဲ.သူကemailချိန်းသွားရင်တော.email   နေ ရာမှာusernameသို.မဟုတ်ID numberနဲ.၀င်ပါ။IDနေရာမှာသုံးလို.ရနိုင်တာတွေကမြန်မာမှတ်ပုံတင်   ယဉ်မောင်းလိုင်စင်,passport နဲ.တစ်ခြား ဓါတ်ပုံ, မွေးနေ.နဲ.နာမည်တွဲပါတဲ.ကတ်တွေအကျုံးဝင်ပါ တယ်။ 














အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်