‏إظهار الرسائل ذات التسميات Books. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات Books. إظهار كافة الرسائل

الاثنين، 19 سبتمبر 2016

Xiaomi User Guide လို့...... Simple လေးပါပဲ... (PDF)


SECTION - 1 (Mi Account)
Beginner များအတွက် Mi Account လုပ်တာလေးတွေပါ....
.
SECTION - 2 (Boot Loader Unlock Permission)
Boot loader unlock လုပ်ဖို့ permission ဘယ်လိုတောင်းရမလဲ ဆိုတာလေးတွေပေါ့..
.
SECTION - 3 (ADB & Fastboot)
ကွန်ပျူတာနဲ့တွဲဆက်ပြီး လုပ်ချင်တာလုပ်နိုင်ဖို့အတွက် အရေးကြီးဆုံးအပိုင်း ပါပဲ.. သေချာပြင်ဆင်ဖို့လေးတွေပါ..
.
SECTION - 4 (Boot loader unlocking)
How to unlock boot loader ပေါ့ခင်ဗျာ....
.
SECTION - 5 (ROM Flashing...)
Firmware တင်ပုံအထွေထွေပေါ့
.
SECTION - 6 (TWRP)
ကလိချင်တာလေးတွေ ကလိဖို့ လမ်းကြောင်းအစပေါ့.. grin emoticon grin emoticon grin emoticon
.
SECTION - 7 (Using TWRP)
TWRP ကို အမျိုးမျိုး အထွေထွေ အသုံးချဖို့အတွက်ပါဗျာ...
.
SECTION.... SECTION.. SECTION.... စသည်ဖြင့် ဆက်နေပါသေးတယ်။ အခုတင်ပေးလိုက်တာထိကတော့ root အထိပါနေပါပြီ.. မြန်မာ zawgyi တွေ... rom အထွေထွေတင်တာတွေ.. xposed တွေ... စသည် စသည်ဖြင့်ပေါ့လေ.. လာပါအုံးမယ်.. tongue emoticon tongue emoticon
.
Boot loader ဘယ်လို unlock လုပ်ရမလဲ.. ပြီးရင် TWRP သွင်းပြီး ဘယ်လို root ရမလဲလို့ လာမေးနေတတ်သူတွေအတွက် တစ်စုတစ်စည်း တစ်နေရာထဲ အဆင်ပြေပြေဖတ်ပြီး လုပ်နိုင်အောင်၊ ဆောင်ရန် ရှောင်ရန် သတိထားလုပ်ဆောင်ရန်လေးတွေ မှတ်သားထားသလောက် လုပ်ဖူးသလောက် မခြွင်းမချန် တင်ပြပေးထားပါတယ်...
.
လူကြီးမင်းတို့အတွက် Screen Shot လေးတွေနဲ့ဖေါ်ပြပေးရာမှာ Live screen shot လိုချင်တာကြောင့် မိမိဖုန်းတွေကို rom အခါခါ flash ခြင်း၊ logo ရပ်အောင် မကြာခဏ လုပ်ခြင်း၊ EDL mode ၀င်လိုက် ထွက်လိုက် လုပ်ခြင်းတို့ကို အထုးကြိုးစား လုပ်ဆောင်ထားပါတယ်.. grin emoticon grin emoticon grin emoticon
.
သက်ဆိုင်ရာအပိုင်းလေးတွေကို အရင် post တွေရေးတင်ပေးဖူးပါတယ်။ Copy & Paste မလုပ်ချင်တာကြောင့် ခေါင်းထဲရှိ idea များကို အသစ်ပဲ ပြန်ရေးပေးလိုက်ပါတယ်..
.
Xiaomi ဖုန်းတွေကို ကျွမ်းကျင်စွာအသုံးချတတ်ပြီး ပျော်ရွှင်ကြမယ်လို့ ဆုတောင်းပေးလိုက်တယ်ခင်ဗျာ.. smile emoticon smile emoticon smile emoticon
.
or

Post By Thet Zaw Ko

الجمعة، 26 ديسمبر 2014

မြန်မာ့စာအုပ်စင် free download all book

www.freelibraryonline.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الجمعة، 28 نوفمبر 2014

Facebook Account လော့ဖြည်ခြင်းအမျိုးမျိုး


===============================

Name Lock တွေ ဒီရက်ပိုင်းကျနေ တာများလာပါတယ်
အဓိက ကျရတဲ့ အကြောင်းအရင်းက Name Lock ဆိုတဲ့ အတိုင်း နာမည်ကြောင့်ကျရတာပါ
မိမိ အကောင့်လုပ်တုန်းက ပေးထားတဲ့ နာမည်ကြောင့်သော်လည်းကောင်း
( လူနာမည် မဟုတ်တဲ့ ပေါက်ကရ နာမည်တွေကြောင့် )
အရင်က တော့ နာမည်ရိုးရိုးပေးထားပါရဲ့ နောက်ပိုင်း နေရာအနှံ့ အပြားမှာ ရက် ၆၀ ကျော် ချိန်းကြတဲ့ လင့်တွေ နည်းတွေ ချပေးနေကြလို့ လွယ်လွယ်ပြောင်းလို့ရတာပဲဆိုပြီးသကာလ ပေးချင်ရပေး ပြောင်းချင်ရာပြောင်းကြလို့ သော်လည်းကောင်း ကျပါတယ်
ဟုတ်ကဲ့ Facebook Team ကိုယ်တိုင်က Real Name သို့မဟုတ် နေ့စဉ်အသုံးပြုနေတဲနာမည် ကိုသာသုံးစေချင်လို့ပါ
အဲမှာတင် သူတို့ သတ်မှတ်ထားတာနဲ့ ဆန့်ကျင်နေတဲ့ နာမည်တွေ ကို လုံးဝ လက်မခံတော့တာအသေအချာပါ ပဲ အဲဒါကြောင့်လည်း တချို့ အကောင့်တွေ သုံးရင်းတန်းလန်း Name လော့ကျကြရတာပါ
ရက် ၆၀ ပြည့်မှသာ နာမည်ချိန်းတာ အသင့်တော်ဆုံးပါခင်ဗျာ
နောက်ပြီး ရက် ၆၀ ပြည့်တာတောင် တချို့သော နာမည်တွေကို ချိန်းခွင့်မပေးပြန်သေးလို့ အဲဒါလေးကိုလည်း ဂရုပြုသင့်ပါတယ် ဥပမာတခုပြောပြရရင် ဟိုတလောက ဖုန်းကျော် ( အော်ဇီ ဖုန်းကျော် ) Phone Kyaw က မြန်မာပြည်မှာ Phone Kyaw က သူတယောက်ပဲ ရှိတယ်လို့ ကြွားလုံးထုတ်တုန်းက မရရအောင် လုပ်မယ် ဆိုပြီး လုပ်ကြည့်ပါသေးတယ် အကောင့်အသစ် ဖွင့်လုပ်တယ် မပေးပါဘူး ဒါနဲ့ အကောင့်ဟောင်းတခု Name lock ကျချင်လည်းကျကွာဆိုပြီး ရက် ၆၀ ပြည့်လို့ နာမည်ချိန်းခွင့်ရတဲ့ အကောင့် ကို ပြောင်းကြည့်ပါတယ် ရိုးရိုးချိန်းတာ မပေးပါဘူး Phone ဆိုတာ အင်္ဂလိပ် ဘာသာစကားအရ တယ်လီဖုန်း ဖြစ်နေတာကိုး သူက First Name နေရာမှာလာတော့ ဘယ်ပြောင်းခွင့်ပေးပါ့မလည်းခင်ဗျ
အဲဒါနဲ့ ရိုးရိုးပြောင်းမရခဲ့ပါဘူး ဒါကလည်း သတိပြုစရာတခုပါ လူတွေမှည့်လေ့မှည့်ထ ပေးလေ့ပေးထ မ ရှိတဲ့ နာမည်တွေ ကို ပြောင်းချင်ရင် တော်ရုံမရဘူးလို့ ဆိုရပါမယ် အဲ အိုင်ဒီ တခုခုအထောက်အထားပြနိုင်မှသာ ပြောင်းခွင့်ရတော့တာပါ
ဒီတော့ မိမိသုံးနေကြအကောင့်လေးကိုတန်ဖိုးထားရင်

နာမည်ကို ရိုးရိုးတန်းတန်းပေးကြပါ
ရက် ၆၀ ကျော်ချိန်းတဲ့လင့်တွေကနေ ရိုင်းရင်ခွင့်လွှတ်ကြပါ ဖင်မနိုင်ဘဲ ပဲကြီးဟင်းး စားပြီး နာမည်မချိန်းကြပါနဲ့
မဖြစ်မနေ မှ ပြောင်းချင်သပဆိုရင်

မိမိအကောင့်မှာ လူမျက်နှာပုံ ရှေ့တည့်တည့်က ရိုက်ထားတဲ့ပုံတပုံကို Profile picture တင်ပါ
Birthday ကိုလည်း မိမိတင်မယ့် အိုင်ဒီကတ်ထဲက နဲ့ တူပါစေ
နောက်ပြီး ချိန်းမယ့်နာမည် ထည့်ရာတွင်လည်း တင်မယ့် အိုင်ဒီ ထဲက နာမည်ကိုသာ ထည့်ပေးကြပါ
လို့ပြောပါရစေ

#သတိပြုဖို့ရာက

ရက်၆၀ ကျော်လင့်ကနေ ချိန်းထားကြသူများ ရုတ်တရုတ် နာမည်မပြောင်းသေးဘဲ ဆက်သုံးနေရင်း Facebook application က နေ ရုတ်တရက် Temporary Lock ကျခဲ့ရင်
သို့မဟုတ်
ရက် ၆၀ ပြည့်ပြီး နာမည်တခုခု ချိန်းပြီး တပတ် ဆယ်ရက်လောက် နာမည် အသစ်ဖြင့်သုံးရင်း
အပေါ်ကလို Facebook Application သုံးရင်း Temporary Lock ကျခဲ့ရင်
Browser တခုခုမှ Login ပြန်ဝင်ပါ
First Name =
Middle Name =
Last Name =
တို့မှာ တချို့ကတော့
First Name နဲ့ Last Name ပဲထည့်ရင် အဆင်ပြေပါတယ်
သာမန် Aung Kyaw Moe တို့လို နာမည်ရိုးရိုးလေး သာထည့်ပေးလိုက်ပါ
မြန်မာလို အချစ်အတွက်အသက်ဆက်ရှင်မယ့်လ
လို့သာထည့်လို့ကတော့ သေချာပါတယ် Name Lock က ဆီးကြိုနေမှာပါ ခင်ဗျာ

အပေါ်ကလို Aung Kyaw Moe လို နာမည်ရိုးရိုးလေး ပေးပြီးဆက်သွားတာနဲ့ ၁၀ ယောက်မှာ ၇ ယောက်လောက်ကတော့ Name lock မကျနိုင်တော့ပါ

ဒီရက်ပိုင်း Name Lock ကျတာတွေ များလာလို့ ပါခင်ဗျာ
--------------------------------------------------------------------------
ID lock
တချို့အကောင့်တွေမှာ ဝင်ဝင်ချင်း
For security reasons your account is temporarily locked ဆိုတာနဲ့
အောက်က
If this account reflects your real name and presonal information ,please help us verify it.

နဲ့ Continue ဆိုတာ ပဲပါတတ်ပါတယ် )****အဲဒီလိုအကောင့်တွေက
စာလိမ်ဖြည်ပြီး ဝင်ရင်
သူငယ်ချင်းပုံတွေ ရွေးခိုင်းတတ်ပါတယ် id မှတင်ချင်တယ် ဆိုရင်သူငယ်ချင်းပုံတွေကို မှားမှားမှန်မှန် ရွေးပေးလိုက်ပါ
အကုန်ပြီးသွားရင် id တင်တဲ့နေရာရောက်သွားပါလိမ့်မယ်

ခုရေးထားတာတွေက အမြည်းပါခင်ဗျ

ဒါက pdf လင့်ပါ

https://app.box.com/s/56s3kwjl2mdz99wzrlci

ဒါက ပုံတွေ Zip ဖိုင်နဲ့ ချုံ့ပေးထားတဲ့ လင့်ပါ

https://app.box.com/s/klzhhrc3l6oaexmbul37

-----------------------------------------------------------------------
Name Lock ဖြည်နည်း (၂)
ID lock
တချို့အကောင့်တွေမှာ ဝင်ဝင်ချင်း

ပုံ ( ၁ )

Thank you
ဆိုတာနဲ့ အောက်က

We'll take a look at your documents and let you know as soon as we've processed your request .
ဆိုတာပေါ်ပြီး
အောက်က
Okay နှိပ်ရင် logout ဖြစ်သွားတဲ့ အကောင့်များ အတွက် ရယ်

ပုံ ( ၂ )

အကောင့်ကို browser ကနေ ဝင်လိုက်တာနဲ့

ဘာမှမပေါ်လာတော့ပဲ

White screen ကြီးပေါ်လာပြီး loading ရပ်ကာ ဆက်လုပ်လို့မရတော့တဲ့ အကောင့်များ အတွက် Id တင်နည်းလေးပါ

၁။ Name
၂။ Email
၃။ Email password
၎။ Facebook Password
၅။ Birthday
၆။ မှတ်ပုံတင် Or ပတ်စပို့ Or ယာဉ်မောင်းလိုင်စင် Or အစိုးရရုံးဝန်ထမ်းကတ် တခုခု
လိုပါမယ် ခင်ဗျ
အရင်က fake id ကတ်တွေနဲ့လုပ်တာ ရခဲ့ပေမယ့်  အခု လွယ်လွယ်ပြန်မရတော့လို့ပါ အချိန်လည်း ကြာပါတယ်
အပေါ်က လိုအပ်တာတွေရရင်
Email ကိုဝင်ပေးထားပါ ခင်ဗျ

ပထမ ဦးစွာ အကောင့် login ဝင်မထားတဲ့
browser တခုကို ဝင်ပါ
ဒီလင့်လေးကို Copy ယူပြီး လော့ဖြည်မယ့် browser က address bar မှာ ထည့်ပေးပါ

http://www.facebook.com/help/contact/?id=197295393639994

ခုရေးထားတာတွေက အမြည်းပါခင်ဗျ

ဒါက pdf လင့်ပါ

https://app.box.com/s/zurwdnyhc6bevbpe7hiw

ဒါက ပုံတွေ Zip ဖိုင်နဲ့ ချုံ့ပေးထားတဲ့ လင့်ပါ

https://app.box.com/s/jm0pvrjgtc5qb8o3p3em
-------------------------------------------------------------
Name Lock ဖြည်နည်း (၁)

Name Lock ဖြည်နည်းလေးပါခင်ဗျာ
ကျနော်သိသလောက်လေးပဲ ပြောပြပေးပါတာ ပါ အမှားတစုံတရာပါရင် ကျွန်တော့်အပြစ်ပါ ခင်ဗျ
နောက်ပြီး အခု post နဲ့အတူ ပါတဲ့ ပုံလေးတွေ ကလည်း ကျနော် လော့ဖြည်တဲ့ အကောင့်တွေဆီက ဟိုတစ်စ ဒီတစ်စ စုထားလို့ browser မတူ တာတွေ အကောင့်မတူတာလေးတွေ ဖြစ်နေပါတယ် ကျေးဇူးပြုသည်းခံပေးကြပါ ခင်ဗျာ

ID နဲ့ ပတ်သတ်ပြီး ခုမှ စဖြည်မယ့် သူများ အဓိက သိထားရမှာတွေ
က

၁။ Name
၂။ Email
၃။ Email password
၎။ Facebook Password
၅။ Birthday
၆။ မှတ်ပုံတင် Or ပတ်စပို့ Or ယာဉ်မောင်းလိုင်စင် Or အစိုးရရုံးဝန်ထမ်းကတ် တခုခု
လိုပါမယ် ခင်ဗျ
အရင်က fake id ကတ်တွေနဲ့လုပ်တာ ရခဲ့ပေမယ့်  အခု လွယ်လွယ်ပြန်မရတော့လို့ပါ အချိန်လည်း ကြာပါတယ်
အပေါ်က လိုအပ်တာတွေရရင်
Email ကိုဝင်ပေးထားပါ ခင်ဗျ

ပုံ (1)
Browser တခုခု သတ်မှတ်ပြီး လော့ဖြည်မယ့် အကောင့်ကို ဝင်ကြည့်ပေးပါ

ပုံ (2)
Please Change Your Name ဆိုတာနဲ့ id တင်ဖို့ပြောရင်
အောက်က
Get Started နဲ့သွားပါ

ပုံ (3)
စောနက မှတ်ပုံတင်ကိုထည့်ပါ or ပတ်စပို့စ် or ယာဉ်မောင်းလိုင်စင် ကို ထည့်ပေးပါ
First Name
Middle Name
Last Name
ထည့်ပါ
( Name lock ဖြည်ရာမှာ မှတ်ပုံတင် တင်တာ က မူလ နာမည် မပျက် ပြန်ရနိုင်ပါတယ် ကျန်တဲ့ Id ကတ်တွေက english လို ဖြစ်လို့ အကောင့် လော့ပြည်ရင် တင်လိုက်တဲ့ id ကတ် အတိုင်း Name ချိန်းသွားတတ်ပါတယ် )

ပုံ(4)

You should receive an email
from us soon .Thanks for your patience.

ဆိုတာ မျိုးပေါ်လာပါမယ်

Okay ကိုနှိပ်ပေးပါ logout ထွက်သလိုဖြစ်သွားပါမယ်

ဒါပြီးရင် Email ကို ပြန်သွားကြည့်ပေးပါ
တခါတလေ ချက်ချင်း ဖေ့ဘုတ်က အကြောင်းပြန်လာတတ်သလို တခါတလေ လည်း တရက်ကြာမှ ပြန်လာတတ်ပါတယ်
လောလောဆယ်တော့ facebook က အကြောင်းပြန်ထားတာလေးသွားကြည့်ကြပါမယ်ခင်ဗျာ
ပုံ ၅ မှ ၂၂ ထိ သေချာလေးကြည့်ပြီးလုပ်စေလိုပါတယ်ခင်ဗျာ

Mail reply လုပ်ရာတွင်လည်းသက်ဆိုင်ရာ မေးလ်အလိုက် reply နှင့် image attach တွဲဖို့ရာမတူညီနိုင်ပါ ။ ကျနော်ကmail .ru apk နဲ့သုံးထားတာဖြစ်ပါတယ်ခင်ဗျ
Name
First Name
Middle Name
Last Name
Birthday တို့နဲ့ထည့်ရေးပါ
စာစီထားတာကတော့ နမူနာပါ ခင်ဗျ
ကျနော် english စာသိပ်မကျွမ်းလှပါ
အမှားတစုံတရာပါပါက သည်းခံပေးကြပါခင်ဗျာ
နမူနာ ပုံစံပါ

My name is Pyi Moe Aung
My First Name is Pyi
My Middle Name is Moe
My Last Name is Aung
My date of birth is 04/30/1992 30 April 1992
I will proved that name is my real name according to my Nationality Identity Card from Myanmar .
Please help me ,my dear lovely fafacebook communityTeam.

ခုရေးထားတာတွေက အမြည်းပါခင်ဗျ

ဒါက pdf လင့်ပါ

https://app.box.com/s/ke4ehq2gez6xqv8br3b8

ဒါက ပုံတွေ Zip ဖိုင်နဲ့ ချုံ့ပေးထားတဲ့ လင့်ပါ

https://app.box.com/s/pv7mjwrgmgw7s9mn0h5t
 
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الخميس، 2 أكتوبر 2014

Telenor ကဒ်နဲ့ facebook Photo Lock ဖြေနည်း Pdf


Image
Facebook မှာ Photo တွေရွေးခိုင်းတဲ့ Photo Verification lock ကျသွားရင်ကျော်ဖြတ်နည်းဖြစ်ပါတယ်။ အရင်နည်းတွေပါပဲ။ ခုကျွန်တော်တို့ နိုင်ငံမှာ ချထားပေးတဲ့
Telenor ဆင်းကဒ်တွေက international SMS စနစ်ပါဝင်တဲ့အတွက် Facebook မှ ကုဒ်ပို့ပေးနိုင်ပါတယ်။
ဒါကြောင့် ဖုန်းနံပါတ်နဲ့လည်း Account တွေဖွင့်နိုင်သလို့ identify လည်းလုပ်နိုင်နေပါပြီ။
ဖေ့ဘုတ် Phone နံပါတ်တောင်းတဲ့ lock ကျတာကို Telenor နံပါတ်လေးနဲ့ ကျော်နိုင်ပါပြီ။
Photo လော့ကျရင်တော့ ပုံမှန်အတိုင်းဆို ပုံတွေကို မှန်အောင်ပြန်ရွေးပေးရပါတယ်။
ဒါကလည်း တော်တော်မလွယ်တဲ့ကိစ္စပါ။ အဲဒီတော့ အရင်လူတွေရေးခဲ့တဲ့ Japan IP ကျော်ပြီး photo lock ကျော်ဖြတ်တဲ့နည်းလေးကို သာမန်သုံးသူတွေပါနားလည်အောင်ပုံလေးတွေနဲ့PDF အဖြစ်ရေးသားလိုက်ပါတယ်
အရင်ကတော့ photo လော့ကျော်ပြီးတာနဲ့ ကုဒ်ပို့မယ့် နံပါတ်ကို
Text Plus,
Text Free,
Text Now,
Talkatone,
Pinger,
Heywire,
UppTalk
စသဖြင့် apk တွေနဲ့ကျော်သုံးကြပါတယ်။နောက်ပိုင်းမှာ အဲကောင်တွေက ကုဒ်တွေလာတဲ့ကောင်လာ မလာတဲ့ကောင်မလာနဲ့ ရှုပ်လာပါတယ်။ခုခါမှာတော့ Telenor ကဒ်တွေဝင်ရောက်လာတာကြောင့် မိမိ ဖုန်းနဲ့ပဲ သေချာပေါက် ကျော်ဖြတ်နိုင်ကြပါပြီ။
ခုလိုကျော်ဖြတ်ပုံကို နားလည်လွယ်အောင် ရေးသားထားပါတယ် အောက်မှာ ဒေါင်းလုပ်ဆွဲလိုက်ကြပါ။
BY hanwailinn-www.facebook.com/hanwailinn.hanwailinn

Download PDF
 
ref:ဆေးရိုးသည်
 

الجمعة، 4 يوليو 2014

Adobe Pagemaker 7.0 အသုံးပြုနည်း မြန်မာလိုစာအုပ်

စာစီစာရိုက်လုပ်ငန်းများ ... အလုပ်ခွင်အတွင်း အသုံးပြုလိုသူများ ... ဗဟုသုတရရှီလိုသူများအတွက် ဆောင်ထားသင့်တဲ့ PDF ဖိုင်လေးပါ ... မြန်မာလို ဘာသာပြန်မို့လို့ ပိုမို အဆင်ပြေစွာဖတ်ရှုနိုင်ပါတယ်ခဗျာ ......
Download
(C)http://www.commaspaces.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Microsoft Office Word, Excel, Power Point အသုံးပြုနည်းစာအုပ်များ (မြန်မာလို)

Microsoft Office Word, Excel, Power Point  အသုံးပြုနည်းစာအုပ်များကိုတင်ပေးလိုက်ရပါတယ် ရုံလုပ်ငန်း စာရင်းကို လုပ်ငန်းများ လုပ်ကိုင်ဆာင်ရွက်ရာမှာ အလွန်အရေးပါတဲ့ Software ဖြစ်လို့ အသုံးပြုနည်းကိုအောက်ကလင့်ခ်မှာ Download ယူနိုင်ပါတယ်
Microsoft Office Word
 
Microsoft Office Excel
 
Microsoft Office Powerpoint
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأحد، 29 يونيو 2014

အသုံးချကွန်ယက်နှင့် အဝေးလှမ်းထိန်းချုပ်ခြင်းနည်းပညာ စာအုပ်ဒေါင်းရန်


ယခုစာအုပ်တွင် အမှန်တကယ်အသုံးချနိုင်မည့် ကွန်ယက်နည်းပညာများ အကြောင်းကို ဖော်ပြထားပါသည်။ ထို့အပြင် အမှန်တကယ် အသုံးတည့်စေ မည့် နည်းပညာများဖြစ်သော Windows ကို LAN ဖြင့် Installation ပြုလုပ်ခြင်း၊ Computer တစ်လုံးတွင် HDD မရှိဘဲ Network ဖြင့် Windows တက်စေခြင်းတို့အပြင် PlayStation2 စက်များကို ကွန်ပျူတာဖြင့် Server ပြုလုပ်ခြင်းတို့ကို လေ့လာရမည်ဖြစ်ပါသည်။

ထို့အပြင် အဝေးလှမ်းထိန်းချုပ်ခြင်းနည်းပညာများအဖြစ် ကွန်ပျူတာတစ်လုံးကို နောက်ကွန်ပျူတာတစ်လုံးမှ ထိန်းချုပ်ခြင်း၊ Computer တစ်လုံးကို အဝေးတစ်နေရာမှ Internet လိုင်းကိုအသုံးပြုထိန်းချုပ်ခြင်းများ အပြင် Android ဖုန်းဖြင့် Computer များကို ထိန်းချုပ်စေခြင်း၊ Smart TV နှင့် မော်တော်ကားများကို Android ဖုန်းဖြင့် ထိန်းချုပ်စေခြင်းတို့ပါဝင် ပါသည်။

အဆိုပါ စာအုပ်ကို ရယူဖတ်ရှုလိုပါက အောက်ဖော်ပြပါ Link မှ Download ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ စာအုပ်ဖြင့် ပူးတွဲပါဝင်သော အခွေထဲမှ Software များကိုလိုအပ်မည်ဆိုပါက မူရင်းစာအုပ်ကို ၀ယ်ယူ ဖတ်ရှုအသုံးပြုနိုင်ပါသည်။ တနိုင်ငံလုံးရှိ စာအုပ်အရောင်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်။စာရေးဆရာမှာ

ဆရာရဲမင်းအောင် ray electronic ဖြစ်ပါတယ်ခင်ဗျာ

DOWNLOAD ON MEDIAFIRE

[IMG]
[IMG]
  ref:sayyoethe.blogspot.com
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأحد، 8 يونيو 2014

HTML 5 Online Ebook HTML လေ့လာချင်သူများအတွက်

ဒီလင့်မှာ http://books.saturngod.net/HTML5 ဖတ်ရှု့နိုင်ပါတယ် 
ref:saturngod
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الاثنين، 5 مايو 2014

Ubuntu သင့်အတွက် Linux

 
by Ei Maung Fairway Web


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأربعاء، 2 أبريل 2014

IPV6 အကြောင်းလေ့လာကြရအောင်

 ဒီစာအုပ်လေးလဲ နည်းပညာ စာအုပ်များ စုစည်းမူ ကရတာပါခင်ဗျာ။ IP အကြောင်းလေ့လာနေသော မိတ်ဆွေများအတွက် အရမ်းအကျိုးရှိပါတယ်။ IPv6 ဆိုတာ IPv4 ထက် Address space 4 ဆကြီးမားပြီး IPv4 ထက် အဆပေါင်းများစွာ သတ်မှတ်နိုင်ပြီ 128 bit ရှိသော haxadecimal  စနစ်ဖြင့်ဖွဲ့စည်း
ထားသော IP address တစ်မျိုးပင်ဖြစ်သည် ။စာအုပ်ထဲ့က စာတွေအမြည်းလေး ကျွန်တော်ရေးထားတာပါ။ ဖတ်ချင်သူများ Download လုပ်နိုင်ပါပြီ။နည်းပညာတိုးတက်ပါစေ ဆုတောင်းလျက်။


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
ref:myanmaritacademy

Facebook ကိုအခုမှ စအသုံးပြုနေသူများနဲ့ Facebook အသုံးပြုသူများ အတွက် Facebook အသုံးပြုနည်း စာအုပ်လေးပါ

 Facebook အသုံးပြုနည်းစာအုပ်လေးပါ။facebok သုံးနေသူများအနေနဲ မိမိ facebook  security ကို မည်သို့ထိန်းသိမ်းရမည် စသည့်အကြောင်းအရာများကိုပြည့်ပြည့်စုံစုံ မြန်မာလိုဖော်ပြထားတဲ့
စာအုပ်လေးပါ။ အခုမှစသုံးသူတွေအတွက်လဲ လေ့လာလိုကောင်းတဲ့စာအုပ်လေးပါပဲ။လေ့လာချင်သူများအဆင်ပြေအောင်တင်ပေးလိုက်ပါသည်။စာဖတ်ခြင်းဖြင့်
နည်းပညာတိုးတက်ပါစေဆုတောင်းလျက်။
Download Here
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
REF:myanmaritacademy