‏إظهار الرسائل ذات التسميات Hacker Tools. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات Hacker Tools. إظهار كافة الرسائل

الأحد، 6 يوليو 2014

ခေတ်စားလာတဲ့ Heartbleed လှုံခြုံရေးအားနည်းချက်အကြောင်း

 
Heartbleed ဆိုတဲ့ အသုံးအနှုန်း ထွက်ပေါ်လာတာ လပိုင်းလောက်ပဲ ရှိပါသေးတယ်။  ဒါပေမဲ့ လူအများစုက Heartbleed ဆိုတာဘာလဲ။ Heartbleed ကိုဘာကြောင့် သတိထားသင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စား လာကြပါတယ်။ ဒါကြောင့် Heartbleed နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေကို စာဖတ်သူများ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Heartbleed ဆိုတာ

Heartbleed ဆိုတာကတော့ အွန်လိုင်းပေါ်က ဝက်ဘ်ဆိုက်သုံး ပုံနှစ်ပုံ နီးပါးခန့်မှာရှိတဲ့ အရေးကြီးတဲ့ လုံခြုံရေး အားနည်းချက် တစ်ခုရဲ့အမည်ဖြစ်ပါတယ်။ ဒီအားနည်းချက်ဟာ သုံးစွဲသူရဲ့ login အချက် အလက်ဖြစ်တဲ့ username နဲ့ password အပြင် အခြားအရေးကြီး အချက်အလက်တွေကို ပေါက်ကြားစေနိုင်ပါတယ်။

တချို့သူတွေက Heartbleed ဆိုတာကို ဗိုင်းရပ်စ် တစ်မျိုးဆိုပြီး ထင်မှတ်မှားကြပါတယ်။ Heartbleed က ဗိုင်းရပ်စ် မဟုတ်ပါဘူး။ ၎င်းဟာ သုံးစွဲသူနဲ့ နာမည်ကျော် အွန်လိုင်း ဝန်ဆောင်မှုတွေက ထောက်ပံ့ပေးထားတဲ့ ဆာဗာများကြားမှာရှိတဲ့ standard encrypting ဆက်သွယ်မှုဖြစ်တဲ့ OpenSSL မှာရှိတဲ့ အားနည်းချက် တစ်ခုဖြစ်ပါတယ်။ ဒီအားနည်းချက်ကနေ တစ်ဆင့် ဟက်ကာများက သုံးစွဲသူများရဲ့ username တွေ၊ password တွေနဲ့ အခြားအရေးကြီး အချက်အလက်တွေ ပါဝင်တဲ့ database အများအပြားကို ရယူနိုင်ပါတယ်။

Heartbleed အားနည်းချက်ကို မရှင်းပြမီ SSl နဲ့ OpenSSL အကြောင်းကို ရှင်းပြချင်ပါတယ်။ SSL ဆိုတာဟာ Secure Sockets Layer ကို အတိုကောက် ခေါ်ဆိုထားတာပါ။ လုံခြုံရေး စံသတ်မှတ်ချက် တစ်ခုဖြစ်တဲ့ SSL ဟာ သုံးစွဲသူနဲ့ ဝန်ဆောင်မှုအကြား third-party ကြားဝင် နှောင့်ယှက်မှုတွေ မရှိတာကြောင့် အချက်အလက်ကို လုံခြုံစွာ ပေးပို့တဲ့စနစ် ဖြစ်ပါတယ်။ Open-SSL ကတော့ open-source အနေနဲ့ အဆင့်မြှင့်ထားပြီး ပရိုဂရမ်မာတွေရဲ့ အသိပညာ အစုအဖွဲ့နဲ့ စေတနာ့ ဝန်ထမ်းတွေက ပြင်ဆင် ထိန်းသိမ်းပေးတာ ဖြစ်ပါတယ်။

SSL လုပ်ဆောင်ဖို့အတွက် ကွန်ပျူတာက ဆာဗာတစ်ခုနဲ့ ချိတ်ဆက်ဖို့ လို့ပါတယ်။ အဲ့ဒီလို ချိတ်ဆက်တဲ့အခါမှာ heartbeat လို့ ခေါ်တဲ့ အရာတွေကို ပေးပို့ပါတယ်။ Heartbeat ဟာ ဆာဗာအွန်လိုင်း ဖြစ်နေတဲ့အခါ ၎င်းထံ signal တစ်ခု ပေးပို့ပါတယ်။ ဆာဗာအွန်လိုင်း ဖြစ်နေတဲ့အခါမှာ signal ကို ကွန်ပျူတာထံ ပြန်လည်ပေးပို့ပြီး လုံခြုံတဲ့ ဆက်သွယ်မှုနဲ့ အသုံးပြုနိုင်စေပါတယ်။ ကွန်ပျူတာရော ဆာဗာကပါ အွန်လိုင်း ဖြစ်နေစဉ်အတွင်း heartbeatတွေကို ပုံမှန်ကာလ အပိုင်းအခြား အနေနဲ့ ပေးပို့ပါတယ်။

Heartbleed ဟာဆာဗာများထံ အန္တရာယ်ရှိတဲ့ hearbeat signal ကို ပေးပို့ပြီး အသုံးချနိုင်တဲ့ အားနည်းချက် ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ heartbeat ဟာ ဆာဗာအတွင်းသို့ လှည့်ဖြားဝင်ရောက်ပြီး အန္တရာယ်ရှိတဲ့ heartbeat ပေးပို့သူထံ email လိပ်စာများ၊ user-name များနဲ့ password များပါဝင်တဲ့ memory ကို ပေးပို့ပါတယ်။ ဒီနည်းလမ်းနဲ့ ဟက်ကာတွေက အချက်အလက်တွေကို ရယူနိုင်ပါတယ်။

Heartbleed အားနည်းချက်ကို ဘယ်လိုကာကွယ်ရမလဲ

ပထမဦးဆုံး အနေနဲ့ အသုံးပြု နေတဲ့ အွန်လိုင်းဝန်ဆောင်မှု (ဥပမာ Yahoo, PayPal) ရဲ့ ဆာဗာတွေကို Heartbleed အားနည်းချက်ကို ပြင်ဆင်ပြီး အဆင့်မြှင့်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရပါမယ်။ မစစ်ဆေးမီ အချိန်အတွင်း password ကို မပြောင်းလဲသင့်ပါဘူး။ အခြားသော သတင်းဖော်ပြချက်တွေက password ကို အလျန်အမြန် ပြောင်းလဲဖို့ လိုအပ်တယ်လို့ ဆိုကြပေမယ့် Heartbleed ရဲ့အဓိက အကျိုးသက်ရောက်မှုက ဆာဗာနဲ့ ဆက်သွယ်ချိန်မှာ ဖြစ်တဲ့အတွက် ဆာဗာကို အဆင့်မြှင့်တင်ထားခြင်း မရှိသေးဘဲ password ပြောင်းလဲတဲ့အခါ ဘာမှထူးခြားသွားမှာ မဟုတ်ပါဘူး။

Heartbleed အားနည်းချက်က ဘယ်လိုစစ်ဆေးမလဲ

Mashable ဟာ Hearbleed အားနည်းချက်ရှိတဲ့ နာမည်ကျော် ဝက်ဘ်ဆိုက်စာရင်းကို ထုတ်ပြန်ထားပါတယ်။ အဲဒီစာရင်းကို http://goo.gl/pZcIiv ကနေလေ့လာကြည့်ရှုနိုင်ပါတယ်။ နောက်ပြီး အဲ့ဒီစာရင်းမှာ အားနည်းချက်ကို ပြင်ဆင်ထားတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေနဲ့ password ချက်ချင်းပြောင်းလဲရမယ့် ဝန်ဆောင်မှုတွေကို ဖော်ပြထားပါတယ်။ တကယ်လို့ သုံးစွဲသူအနေနဲ့ ဝက်ဘ်ဆိုက်တစ်ခုခုနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆိုရင် McAfee ရဲ့ Heartbleed Test Tool ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ တကယ်လို့  ဝက်ဘ်ဆိုက်တစ်ခုဟာ ထိန်းချုပ်ခံထားရတယ်လို့ ဖော်ပြထားရင် အဲ့ဒီ ဝက်ဘ်ဆိုက်ဟာ အဆင့်မြှင့်တက်မှု ပြုလုပ်ထားခြင်း မရှိသေးတာကြောင့် passwrod ပြောင်းလဲဖို့ကို စောင့်ဆိုင်းသင့်ပါတယ်။

နောက်ပြီး Heartbleed အားနည်းချက်ကို ပြင်ဆင်ထားတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကလည်း ၎င်းတို့ရဲ့ ဆာဗာကို အဆင့်မြှင့်တင်ပြီးတဲ့ အခါမှာ email ကနေ တစ်ဆင့် အကြောင်းကြားကြပါတယ်။ ဒါကြောင့်  email နဲ့ အကြောင်းကြားလာတဲ့အခါမှသာ password ကို ပြောင်းလဲသင့်ပါတယ်။ ဒီနေရာမှာ phishing တိုက်ခိုက်မှုတွေကို သတိပြုသင့်ပါတယ်။ အဆိုပါ phishing တိုက်ခိုက်မှုတွေဟာ အွန်လိုင်းဝန်ဆောင်မှု တွေက ပေးပို့တဲ့ email ပုံစံဖန်တီး ပြီး သုံးစွဲသူတွရဲ့ အချက်အလက်တွေကို ခိုးယူသွားနိုင်ပါတယ်။ ဒါကြောင့် email တွေ ဝင်ရောက်လာတဲ့ အခါမှာ message ကို သေချာဖတ်ကြည့်သင့်ပါတယ်။

Phishing  တိုက်ခိုက်မှု ဟုတ်မဟုတ် စစ်ဆေးချင်ရင်တော့ သဒ္ဒါ အထားအသို ညံ့ဖျင်းမှု၊ သံသယဖြစ်ဖွယ် ဂရပ်ဖစ်များနဲ့ သုံးစွဲသူရဲ့ password နဲ့ username တွေကို ထည့်သွင်းစေခိုင်းချက်တွေကို ကြည့်ရှုပြီး စစ်ဆေးနိုင်ပါတယ်။ Heartbleed အားနည်းချက်ရှိတဲ့ အချို့ ဝန်ဆောင်မှုတွေကတော့ အလိုအလျောက် log out ဖြစ်သွားတတ်ပါတယ်။ အချို့ကတော့ password ပြောင်းလဲဖို့အတွက် link တွေကို ပေးပို့ကြပါတယ်။ Phishing တိုက်ခိုက်မှုက ကာကွယ်ချင်ရင်တော့ အဆိုပါ link တွေကို မနှိပ်ဘဲ ဝက်ဘ်ဆိုက်ကိုသွားပြီး password ကို ပြောင်းလဲသင့်ပါတယ်။

Password ပြောင်းလဲရာတွင် သတိထားရမည့် အချက်များ
 
  • ဝက်ဘ်ဆိုက်တစ်ခုစီအတွက် ထူးခြားတဲ့ password တွေကို ဖန်တီးရပါမယ်။ Password တိုင်းမှာ စာလုံး၊ နံပါတ်နဲ့ သင်္ကေတ အပါအဝင် အနည်းဆုံး ၈ လုံး ရှိရပါမယ်။ ဝက်ဘ်ဆိုက်တစ်ခုနဲ့တစ်ခု မတူညီတဲ့ password ကိုသာ ဖန်တီးသင့်ပါတယ်။
  • Password manager ကို အသုံးပြုပါ။ Password manager ကို အသုံးပြုခြင်းကြောင့် မိမိရဲ့ password မေ့သွားခြင်းဘေးမှ ကင်းဝေးစေပါလိမ့်မယ်။ ဝက်ဘ်ဆိုက်တိုင်းအတွက် မတူညီတဲ့ passwrod တွေကို မှတ်မိဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် password manager ကို အသုံးပြုခြင်းဖြင့် password မေ့ခြင်းမှ ကာကွယ်နိုင်သလို keystroke တွေကို မှတ်သားနိုင်တဲ့ အန္တရာယ်ရှိတဲ့ softare ဘေးမှလည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
  • Two-factor authentication ကို အသုံးပြုပါ။ Two-factor authentication  ဟာလုံခြုံရေး နည်းပညာတစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်အားလုံးမှာ  ဒီလုံခြုံ ရေးနည်းပညာမပါဝင်ပေမယ့်၎င်းင်း ကို  enable  လုပ်ပြီးအသုံးပြုနိုင်ပါ တယ်။ ဒီနည်းလမ်းဟာလည်း သုံးစွဲ သူအချက်အလက် ခိုးယူခံရခြင်းမှ ကာကွယ်ပေးမယ့် နည်းလမ်းလည်း ဖြစ်သည်။
ဘမ္ဘီ
internetjournal

[IMG]
[IMG]
 (C) sayyoethe
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الاثنين، 17 فبراير 2014

G-Mail , Facebook , Yahoo , etc... Accounts တွေ ကို Hack ချင်သူများအတွက် - Mojo Logger အသုံးပြု့ နည်း ( E-Book + Software)



နည်းပညာနဲ့ပတ်သက်လာရင်သူများထက်ခြေတစ်လှမ်းနောက်မကျစေချင်တဲ့ရည်ရွယ်ချက်နဲ့ အခု Hacking စာအုပ်လေးကိုတင်ပေးလိုက်တာပါ။ ဒီစာအုပ်လေးကိုရေးသားသူကတော့ မင်းစိုးရာဇာဖြစ်ပါတယ်။ စာအုပ် ထဲမှာ Mojo Logger အသုံးပြုပြီး Hacking နည်းလမ်းကို ပုံနှင့်တကွအသေးစိတ်ရှင်းပြပေးထားတာဖြစ်ပါတယ် ဗျာ။ သာမန် User တွေကိုကောင်းကောင်းကြီး Hack နိုင်မှာသေချာပါတယ်။ လေ့လာဖို့အတွက်သာတင်ပေး လိုက်တာပါနော်။ သူများကို အနှောက်အယှက်မပေးစေချင်ပါဘူး။ စာအုပ်လေးကလည်း 1.98MB ဘဲရှိပါ တယ်။ Software ကလည်း 1MB တောင်မရှိပါဘူးဗျာ။ အောက်က Link မှာ စာအုပ်ရော Software ပါ ဒေါင်းယူ နိုင်ပါတယ်ဗျာ။

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။