Windows 10 သည် Xbox One အပါအဝင် Microsoft ထုတ်ကုန်များအားလုံးသို့ ထောက်ပံ့မှုပေးထားသည်။ ဂိမ်မာအများစုအနေဖြင့် အသုံးပြုမည့် feature သစ်များသည် OS သစ်တွင် ပါဝင်လာသည်။
ထုတ်ကုန်များကို Windows 10 အထိအဆင့်မြှင့်တင်ပြီးလျှင် Windows 10 ကွန်ပျူတာ သို့မဟုတ် tablet များသို့ Xbox One ဂိမ်းများ ပြန်လည်ထုတ်လွှင့်၍ ကစားနိုင်သည်။
ထို့အပြင် Microsoft သည် Xbox app သစ်တွင် မိတ်ဆွေစာရင်းကို စီမံခန့်ခွဲခြင်း၊ ဂိမ်းနှင့်သက်ဆိုင်သည့် အချက်အလက်ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာမှ ဂိမ်းဗွီဒီယိုများ ကြည့်ရှုခြင်းတို့ ထည့်သွင်း ထောက်ပံ့ထားသည်။
Start Menu
Windows 10 ၏ feature များအနက် အကောင်းဆုံးတစ်ခုမှာ ယခင်က ထွက်ရှိခဲ့ဖူးသော OS အများစုတွင် ပါဝင်ခဲ့သည့် Start Menu ပါဝင်လာခြင်း ဖြစ်သည်။ Microsoft သည် Windows 10 တွင်ပြင်ဆင်မှု အနည်းငယ်ပြုလုပ်ထားသော Start Menu ကိုပြန်လည် ထည့်သွင်းခဲ့သည်။
Microsoft သည် Start Menu ကို Windows 8 လုပ်ဆောင်ချက်များနှင့်အတူ Windows 7 မှ ရိုးရှင်းသော Start Menu ကိုပေါင်းစပ်၍ ဒီဇိုင်းသစ်ဖြင့် ဖန်တီးထားသည်။ Start Menu တွင် Windows 8 ၏ Live Tiles များ ဆက်လက် ပါဝင်လာသော်လည်း ၎င်းတို့သည် ပိုမိုသေးငယ်ကာ ကဏ္ဍတစ်ခုအဖြစ် ပါဝင်လာသည်။ ၎င်း၏ ဘယ်ဘက်ခြမ်းတွင် အသုံးအများဆုံး app နှင့် Setting ကဲ့သို့အရာအပြင် File Explorer ကိုပြပေးမည် ဖြစ်သည်။ အဆိုပါ Start Menu ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး အရွယ်အစားကို ပြောင်းလဲနိုင်ကာ နှစ်သက်သော app များကို pin ပြုလုပ်ထားခြင်းနှင့် desktop wallpaper အလိုက်အရောင်များလည်း ပြောင်းလဲနိုင်သည်။
Windows 10 ရဲ့ System Requirements တွေက Windows 8 နဲ့ တူညီနေပါတယ်။
• Processor: 1 gigahertz (GHz) or faster.
• RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit).
• Free hard disk space: 16 GB.
• Graphics card: Microsoft DirectX 9 graphics device with WDDM driver.
• A Microsoft account and Internet access.
Microsoft က သတိပေးထားတာက အချို့ Processor တွေ၊ 64-bit CPUs အဟောင်းတွေထဲက အနည်းငယ်မှာ Windows 10 ကို အင်စတော လုပ်လို့မရပါဘူး။ နောက်ပြီး Windows RT 8.1 or Windows N မှာလည်း Windows 10 က အလုပ်မလုပ်ပါဘူး။
နောက်ထပ် ပြဿနာက Windows Media Player ကို အသုံးပြုပြီး DVDs တွေဖွင့်လို့မရပါဘူး။ Windows 8 Pro with Media Center အသုံးပြုသူတွေက Windows 10 ကို အင်စတော လုပ်ရင် Windows Media Center ကို ဖယ်ရှားပါလိမ့်မယ်။
Microsoft က Windows 10 Technical Preview ကို စမ်းသပ်သူများအတွက် Bugs များကို ပြန်လည် တင်ပြပေးဖို့လည်း ပြုလုပ်ပေးထားပါတယ်။
Window 8.1 last version os တစ်ခုပေါ်ထွက်လာပြီး ခင်မျာ အရင် ဆုံး full version မပြု လုပ်မှီ window 8.1 os အောက်က လင့်မှ တိုက်ရိုက်ဒေါင်းသွားနိုင်ပါတယ်ခင်မျာ Download Links