‏إظهار الرسائل ذات التسميات Phone. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات Phone. إظهار كافة الرسائل

الاثنين، 23 مارس 2015

ဖုန်းကို တစ်ချိန်လုံး ပလပ်ထိုးထားတာ ဘက်ထရီ ပျက်စီးစေတတ် ပါသလား ? ? ?


ဖုန်းကို မည်မျှ ကြာကြာ အားသွင်းသင့် သလဲ ? ဟူသော မေးခွန်းသည် မိုဘိုင်းဖုန်းများ စပေါ် ကတည်းက လူသားတွေ မေးလာ ကြသော မေးခွန်း ဖြစ်သည်။ ယခု ထိလည်း မေးနေကြဆဲ၊ ရှုပ်ထွေးနေ ကြဆဲလည်း ဖြစ်သည်။လူများစုကြီးကား မနက် ဖုန်းဘက်ထရီ အပြည့်နဲ့ အပြင် ထွက်သွားပြီး ညအိမ်ပြန် ရောက်ရင် အားကုန် နေသည့် ဖုန်းကလေးတွေ ပြန်ပါလာ တတ်သည်။ ညအိပ်ရာ ၀င်တော့ ဖုန်းကို ပလပ်ထိုး အားသွင်းပြီး အိပ်လိုက် တော့သည်။ မနက်နိုး လာလျှင် လူလည်း အားပြည့်၊ ဖုန်းလည်း အားပြည့်နေ လိမ့်မည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်း ထားတာ အန္တရာယ် မများဘူးလားဟု မေးချင်ကြ လိမ့်မည်။ သုံးလေး နာရီလောက် အားသွင်းလျှင် ဘက်ထရီ ပြည့်ပြီ ဖြစ်ရာ အားပြည့် ပြီးနောက်မှာပင် တစ်ညလုံး ပလပ်ဆက် ထိုးထားခြင်းဖြင့် ဘက်ထရီတွေ ပူပြီး ပေါက်ကွဲ စေတတ် သလား စိတ်ပူသူ များလည်း ရှိသည်။ ထိုသို့ အားပြည့် သွားပြီးသည့်တိုင် အကြာကြီး ပလပ် ထိုးထားခြင်းကြောင့် ဘက်ထရီ ပျက်စီးစေ နိုင်သလား စိုးရိမ်သူ များလည်း ရှိသည်။
ဖုန်းဘက်ထရီနဲ့ ပတ်သက်ပြီး အကြံပေးချက်တွေ ကလည်း အမျိုးမျိုး ဖြစ်နေသည်။ မယုံလျှင် အင်တာနက် ခေါက်ကြည့်ပါ။ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဖက် ဖြစ်နေသော အကြံပြုချက် အများအပြား ကိုပါ တွေ့ရ လိမ့်မည်။ ဘယ်ဟာ အမှန်ဘယ်ဟာ အမှား ခွဲခြားရ ခက်တော့သည်။ အထက်ပါ အတိုင်း ဘက်ထရီ ပြဿနာ အဖြေရှာရင်း အဖြေ အမျိုးမျိုးကြား မျက်စိလည်နေသူများ အဖို့ တစ်ကယ်တမ်း ကျွမ်းကျင်သူနဲ့ တွေ့ဆုံ မေးမြန်း ထားသည့် ဘက်ထရီ ပြဿနာ အဖြေရှာနည်း များကို အောက်တွင် တင်ပြသွား ပါမည်။ ဖြေကြားပေးသူကား ဖုန်းအားသွင်း အပို ပစ္စည်းများ ထုတ်လုပ် ရောင်းချ နေသည့် Farbe Technik ကုမ္ပဏီကို ထူထောင်သူ ရှိန်းဘရိုစကီ ဖြစ်သည်။
ဖုန်းကို တစ်ညလုံး ပလပ်ထိုးထားရင် ဘာဖြစ်နိုင်လဲ။
တစ်ညလုံး ပလပ်ထိုးထား လို့တော့ ဖုန်းကို ကြီးကြီးမားမား ထိခိုက် ပျက်စီးစရာ အကြောင်း မရှိပါဘူး။ နောက်ထွက် လာတဲ့ စမတ်ဖုန်းတွေက သိပ်ကောင်းတယ်။ အားပြည့်သွားပြီ ဆိုတာနဲ့ ဓာတ်အား ၀င်နေ တာကို အလိုလျောက် ဖြတ်ချ လိုက်တယ်။ အဲဒီလို ဆိုတော့ အားပိုသွင်းမိပြီး ဖုန်းပူလာ တာမျိုးလည်း မဖြစ်တော့ဘူး။
ဟုတ်တော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဖုန်းကို တစ်ညလုံး ပလပ်ထိုး အားသွင်းထားရင် ဘက်ထရီ သက်တမ်း တိုတတ်တယ် ဆိုတာကော ဟုတ်လား။
Lithium-ion ဘက်ထရီတွေက အပူဒဏ် ကိုတော့ သိပ်မခံနိုင်ဘူး။ ဖုန်းကို ကာဗာစွပ် တာရင် အပူမထွက် တာကြောင့် ဖုန်း ဟာ ပူလာတာမျိုး ဖြစ်တတ်တယ်။ အဲဒီလိုမျိုး ဘက်ထရီပူလာပြီ ဆိုရင် ဘက်ထရီ ဆဲလ်တွေ ပျက်စီး တတ်တယ်။ အဲဒီလို ပျက်စီးရင် ဘက်ထရီ အလုပ်လုပ်နိုင်စွမ်း ကျဆင်းပြီး ဘက်ထရီ သက်တမ်း တိုတတ်တယ်။ ဒါပေမဲ့ ကာဗာ မစွပ်ဘဲ ပုံမှန် အတိုင်းထားတဲ့ ဖုန်းတွေ ကတော့ ပူလာ ရင်တောင် အပူထွက် နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူလာ တာမျိုး ဖြစ်ခဲ့ ပါတယ်။ ဖုန်းကာဗာ စွပ်ထားတဲ့ လူတွေ အနေနဲ့ ညအိပ်ရင် ဖုန်းကို ပလပ်ထိုးအိပ်မယ် ဆိုရင် ကာဗာကို ဖြုတ်ထား ဖို့တော့ အကြံပြုလို ပါတယ်။ ဒါမှ ဖုန်းပူလာ ရင်တောင် အပူထွက်နိုင်တဲ့ အတွက် ဘက်ထရီ တအား ပူတက်လာ တာမျိုး မဖြစ်တော့ ဘူးပေါ့။
ဘယ်လိုမျိုး အားသွင်းတာ အသင့်တော်ဆုံး ဖြစ်မလဲ။
ဘက်ထရီကို (၅၀) ရာခိုင်နှုန်းနဲ့ (၈၀) ရာခိုင်နှုန်းကြားမှာ ပုံမှန်လေးရှိ နေအောင် ထိန်းပြီး အားသွင်းပေး ထားတာ အကောင်းဆုံးပဲ။ အဲဒီလို အားသွင်း ထားမယ် ဆိုရင် ဘက်ထရီထဲက အိုင်ယွန်း တွေဟာ အမြဲတမ်း ပုံမှန် လည်ပတ် အလုပ်လုပ် နေနိုင်တဲ့ အတွက် ကျန်းမာရေး ကောင်းတယ်။ အားလုံးဝ ကုန်သွားရင် အိုင်းယွန်းတွေ ဆက်အလုပ် မလုပ်နိုင်ဘူး။ အဲဒီလိုပဲ အားအပြည့်ကြီး စွတ်သွင်း လိုက်ရင်လည်း အိုင်းယွန်းတွေရဲ့ ပုံမှန် လုပ်ငန်း စဉ်ကို နှောင့်ယှက်ရာ ရောက်တယ်။(၅၀) နဲ့ (၈၀) ကြားမှာ ရှိနေအောင် ထိန်းပြီး အားသွင်းမယ်ဆိုရင် အစွန်း နှစ်ဖက်လုံးက လွတ်တဲ့ အတွက် ဘက်ထရီ ဟာ ကျန်းမာတယ်။ ဖြစ်နိုင်ရင် ဘက်ထရီကို (၅၀-၈၀) ကြားမှာ ရှိနေအောင် တစ်နေ့လုံး ထိန်းပြီး သွင်းပေး သင့်တယ်။ အကြာကြီး ပလပ်ထိုးထားဖို့ မလို ဘူး။ (၅၀) ရာခိုင်နှုန်းလောက် ရောက်လာပြီဆို ခဏ ပလပ်ထိုးထားလိုက်။ (၈၀) ရာခိုင်နှုန်း လောက် ရောက်ပြီဆို ပြန် ဖြုတ် ထားလိုက်။ ပြန်လျော့ သွားပြီဆို ခဏ ပြန်ထိုးလိုက်နဲ့ လုပ်ပေးနိုင် ရင်တော့ အကောင်းဆုံးပဲ။ ဒါပေမဲ့ အဲဒီလို လုပ်ရတာ အလုပ်တော့ ရှုပ်တယ်။ လူအတော်များများ လုပ်နိုင်ဖို့ မလွယ်ဘူး။ ဘက်ထရီ သက်တမ်း အရှည်ဆုံး ဖြစ်ချင်တယ် ဆိုရင် အလုပ်သင့်ဆုံး နည်းလမ်းမို့ လို့သာ ပြောပြတာပါ။ မလုပ်နိုင်တဲ့ လူတွေ အနေနဲ့လည်း စိတ်ပျက် နေစရာတော့ မလိုပါဘူး။
ဘက်ထရီ မပျက်စီးအောင် ဘာတွေ ဆောင်၊ ဘာတွေ ရှောင်ရမလဲ။
ဘက်ထရီ အကုန်ပြောင်အောင် သုံးပစ်ပြီး တဲ့နောက် အကုန်ပြည့်တဲ့ထိ တစ်လျှောက်တည်း သွင်းပစ် တာမျိုးတော့ လုံးဝ ရှောင်။ သုည ရာခိုင်နှုန်း ကနေ တစ်ရာ ရာခိုင်နှုန်းထိ တစ်ခါတည်း သွင်းပစ် တာမျိုးဟာ ဖုန်းဘက်ထရီကို လည်ပင်း ညှစ်တာပဲ။ ဘက်ထရီတွေဟာ အဲဒီလို သုညကနေ တစ်ရာထိ ကို ဘယ်နှခေါက်သာ ခံနိုင်တယ် ဆိုတာ စထုတ် ကတည်းက သတ်မှတ်ပေးထားတာ ရှိတယ်။ ကိုယ်က အဲဒီလို ဖုန်းဘက်ထရီကို လည်ပင်းများများ ညှစ်လေ သတ်မှတ်နှုန်း မြန်မြန် ပြည့်ပြီး ဘက်ထရီ မြန်မြန် အသက်ထွက်လေ ပါပဲ။ အဲဒီလို သုည ကနေ တစ်ရာကို အားသွင်းမိတဲ့ အကြိမ်တွေများ လာလေ ဘက်ထရီဟာ စွမ်းဆောင်ရည် ကျဆင်းလာ လေပါပဲ။ ခဏလေးနဲ့ အားကုန် သွားတာ မျိုးကနေ လုံးဝကို သုံးမရ တော့တဲ့ထိ ဖြစ်သွားနိုင် ပါတယ်။
ဖုန်းဘက်ထရီ သက်တမ်း ကြာကြာခံအောင် ဘယ်လို အားသွင်း ပစ္စည်းတွေ သုံးရမလဲ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ အော်ရီဂျင်နယ် အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ အော်ရီဂျယ်နယ်ဟာ ပျက်သွား ရင်လည်း အော်ရီဂျင်နယ် ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ အော်ရီဂျင်နယ်တွေ ဈေးသိပ်ကြီး နေတာမျိုးနဲ့ တိုးလို့ မျက်ရည်ကျ ချင်ချင် ဖြစ်လာ ရင်တော့ ဈေးလည်း သက်သာ စိတ်လည်း ချရမှာ မျိုးတွေကို ဒုတိယ အဆင့် အနေနဲ့ စဉ်းစား သင့်တယ်။ ကိုယ့် ဖုန်းအမျိုးအစားမှာ သုံးနိုင်တဲ့ အခြားတံဆိပ်နဲ့ ဘက်ထရီတွေ၊ အားသွင်းကြိုး တွေကို အရင်ဆုံးရွေး။ ပြီးရင် ပါကင် တွေမှာ ရေးထား တာတွေ လိုက်ဖတ်ကြည့်။ စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတဲ့ ပစ္စည်း ဆိုရင် ဘယ်လို စနစ်တကျ စမ်းသပ် ထုတ်လုပ် ထားတယ်၊ စည်းမျဉ်း စည်းကမ်းနဲ့ ဘယ်လို ညီညွတ်တယ်၊ ဘယ်လို ထောက်ခံချက် ရထားတယ် ဆိုတာတွေ ပါတယ်။ အဲဒီလို ဟာမျိုးတွေက အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။ နာမည် ရထားတဲ့ ပစ္စည်းတွေကို ၀ယ်သုံး တာလည်း တစ်မျိုး စိတ်ချ ရတယ်။ နာမည် ရထား ပြီးသား ပစ္စည်းတွေဟာ အရည်အသွေး ကိုလည်း ထိန်းကြတယ်။ ကိုယ့်ဖုန်းနဲ့ အားသွင်းကြိုးနဲ့ ဓာတ်အား လက်ခံနိုင်ပုံချင်း တူရဲ့လားလဲ သေချာ စစ်ဆေးဖို့ လိုတယ်။ ဖုန်းက ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် လက်ခံနိုင်လဲ သေချာကြည့်။ အားသွင်းကြိုး ကရော ၀ပ်ဘယ်လောက်၊ အမ်ပီယာ ဘယ်လောက် ပေးနိုင် တာလဲ သေချာကြည့်။ နှစ်ခု ကိုက်ညီတယ် ဆိုမှဝယ်။ ဒါဆို အော်ရီဂျင်နယ် မဟုတ်ရင်တောင်မှ တော်တော်လေး စိတ်ချရ ပြီလို့ သတ်မှတ် နိုင်တယ်။
ဈေးပေါတာတွေကို သတိထား။ ဈေးပေါတဲ့ အားသွင်းကြိုးတွေ၊ အားသွင်းတုံး တွေဟာ အရည်အသွေးလည်း ညံ့တာ များတယ်။ စံချိန်စံညွှန်း မီအောင် မလုပ်ဘဲ၊ ပစ္စည်းဖြစ် ပြီးရော ဆိုတာမျိုး ထုတ်ထားတာမျိုးနဲ့ တိုးရင် အန္တရာယ်ပါ ကျရောက် နိုင်တယ်။ ဒါပေမဲ့ ဈေးပေါတာတွေ ထဲမှာ တစ်ကယ် ကောင်းတဲ့ ဟာလေး တွေလည်း ပါတတ် ပါတယ်။ အများစု ကတော့ စိတ်မချရ ပါဘူး။လန်ဒန် မီးသတ်ဌာနက ထုတ်ပြန်ချက်ကို ကြည့်ပါ။ အရည်အသွေး မမီတဲ့ အိုင်ဖုန်း အားသွင်းကြိုး အတုတွေကြောင့် ဓာတ်လိုက်တာ၊ လက်မီးလောင်တာ၊ အိမ်ပါ မီးလောင်တာမျိုး တွေပါ ဖြစ်ပွားနေရ သတဲ့။ အားသွင်းကြိုး အသစ် ၀ယ်လာပြီး ပြီဆိုရင် တစ်ညလောက် ဖြစ်ဖြစ် ပလပ်ထိုးထားကြည့် လိုက်ပါ။ ကိုယ်ကလည်း သတိလေး နဲ့တော့ စောင့်အိပ်ပေါ့။ မနက် ရောက်တဲ့ အခါ ဖုန်းလည်း တအား ပူတက်နေတာမျိုး မဖြစ်ဘူး၊ တစ်ခြား ပြဿနာလည်း မပေါ်ဘူးဆိုရင် စိတ်ချရတဲ့ ပစ္စည်းလို့ ယေဘုယျ သတ်မှတ် နိုင်တယ်။ ဖုန်းဘက်ထရီအတွက် အန္တရာယ် အကင်းဆုံး၊ အထိရောက်ဆုံး ဖြစ်အောင် မူရင်း အားသွင်းကြိုး၊ အားသွင်းတုံးတွေကိုသာ အသုံးပြုပါ။ တစ်ခြား တံဆိပ်နဲ့ ၀ယ်မည် ဆိုပါက အာမခံချက် သေချာပေးသော ပစ္စည်းများ ကိုသာ သုံးစွဲပါ။
-ဖုန်း အရမ်းမပူ ပါစေနဲ့။ ညဘက် ပလပ်ထိုး အားသွင်းပြီး အိပ်မည် ဆိုလျှင် ဖုန်း ကာဗာ ကိုတော့ ချွတ်ထားလိုက်ပါ။
-ဖုန်း ဘက်ထရီ အကျန်းမာဆုံး ဖြစ်စေ လိုလျှင် ဘက်ထရီကို (၅၀-၈၀) ရာခိုင်နှုန်း ကြား ရှိနေအောင် ထိန်းပြီး အားသွင်းပေးပါ။
- ဘက်ထရီ လုံးဝ အားကုန်ပြီး ပိတ်သွားသည် အထိ မသုံးပါနဲ့။ ဘက်ထရီ သုည ရာခိုင်နှုန်းမှ တစ်ရာ ရာခိုင်နှုန်းသို့ တောက်လျှောက် အားသွင်းခြင်းမျိုး ကိုလည်း ရှောင်ပါ။
World Myanmar ကနေ မျှဝေပါသည်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الثلاثاء، 10 مارس 2015

တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung Galaxy S6



Samsung Galaxy S6 ကိုလည်း ဘာစီလိုနာက WMC 2015 ပွဲမှာ မိတ်ဆက်လိုက်ပါပြီ။

၁) ကြီးမားတဲ့ ထူးခြားပြောင်းလဲချက်တွေထဲမှာဆိုရင် အရှေ့နဲ့ အနောက်ကို ဖန်သားနဲ့ ပြုလုပ်ခြင်း ဖြစ်ပြီး အနောက်ဘက်က အကြမ်းခံ ဖန်သား ဖြစ်ပါတယ်။ ပြီးတော့ ဘေးဘောင်က အလူမီနီယံ ဖြစ်ပြီး စပီကာကို အောက်မှာ ထားထားပြီး ယခင်ဖုန်းထပ် ၁.၅ ဆ ပိုကျယ်သတဲ့။

၂) အရွယ်အားကတော့ ၅.၁ လက်မရှိပြီး QHD (2560x1440) 577ppi Super AMOLED မျက်နှာပြင် ဖြစ်တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အရည်အသွေး အကောင်းဆုံး စမတ်ဖုန်းထဲ ပါဝင်လာပါအုံးမယ်။

၃) ကင်မရာကတော့ 13 MP ရှိပြီး ထုံးစံအတိုင်း Flash, IR Sensor နဲ့ နှလုံးခုန်မှု တိုင်းတဲ့ Heart Rate Sensor တို့ ပါဝင်လာပါ့မယ်။ ရှေ့ကင်မရာ ကလည်း 5 MP ဖြစ်ပြီး HDR ရိုက်လို့ရ ပါတယ်။

၎) အားသွင်းဖို့အတွက် Wireless charging ကြိုးမလို သွင်းလို့ရပြီး ကြိုးနဲ့ သွင်းမယ်ဆိုရင် နာရီဝက်အတွင်း အားပြည့်တဲ့ Fast charging ပေါက် ပါဝင်သတဲ့။

၅) Android OS 5.0.2 (Lollipop) ဗားရှင်းနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

၆) RAM 3GB LPDDR4 ပါဝင်ပါတယ်။

၇) Octacore Processor ကို အသုံးပြုပြီး 64 bit Samsung ရဲ့ ကိုယ်တိုင်ထုတ် Processor ဖြစ်ပါတယ်။

၈) အရောင်ကတော့ ဖြူ၊ နက်၊ ရွှေ၊ ပြာ တို့မှာ ရနိုင်ပါတယ်။

၉) ၁၃၈ ဂရမ်လေးပြီး 0.27 inches သာ အထူ ရှိတာကြောင့် အတော်ပါးပြီး ပေါ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

၁၀) အမေရိကန်ဒေါ်လာ ၁ထောင်အထပ် စမတ်ဖုန်း ဖြစ်ပြီး မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၀ သိန်းအထပ်မှာ ရှိမှာ ဖြစ်ပါတယ်။

၁၁) 32 GB, 64 GB, 128 GB တို့ ထွက်ရှိပြီး microSD ကဒ် ထပ်စိုက်လို့ မရပါဘူး။

၁၂) လက်ဗွေစနစ်က ပွတ်ချစရာမလိုတော့ပဲ iPhone လို တို့ထိရုံနဲ့ ရပါပြီ။

ရိုးရာလေး မှတ်ချက်

Android စမတ်ဖုန်းတွေထဲမှာ အမြန်ဆုံး စမတ်ဖုန်းဖြစ်လာမယ့် စမတ်ဖုန်း ဖြစ်ပြီး premium ပစ္စည်းများ အသုံးပြုထားမှုကြောင့် သူ့ဈေးနဲ့သူကတော့ အနေတော်ပါပဲ။ ထိတွေ့ကိုင်တွယ်ရမှုကလည်း အရင် S5 တို့လို မဟုတ်ပဲ သိသိသာသာ ထူးခြားသွားသတဲ့။ ၁၀ သိန်းအထပ် တန်ဖိုးရှိဖုန်းထဲမှာဆိုရင်လောလောဆယ် Spec အမြင့်ဆုံး ဖြစ်တာကြောင့် ရွေးချယ်စရာမှာ ထည့်သွင်း စဉ်းစားသင့်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။
ref:yoyarlay


အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأربعاء، 4 فبراير 2015

Wellcom S101 Firmware Download




အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأربعاء، 21 يناير 2015

Xiaomi တံဆိပ် မိုဘိုင်းဖုန်းများ ဆားဗစ်ပြုလုပ်ခြင်းကို အာမခံ မပျက်စေဘဲ ပြုပြင်နိုင်မည်


Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ဆားဗစ် ပြုလုပ်ခြင်းကို မူရင်းအာမခံ မပျက်စေဘဲ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။
Xiaomi တံဆိပ် မိုဘိုင်းဖုန်းများ၏ Touch screen ပျက်ခြင်း၊ Display ကွဲခြင်း၊ စပီကာလဲ လှယ်ခြင်း၊ USB port ပျက်ခြင်း၊ Motherboard အချပ် လိုက်လဲခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး အသစ်လဲလှယ် တပ်ဆင်လိုက်သည့် အစိတ်အပိုင်း (Spare parts) များအတွက်လည်း သီးခြားအာမခံဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည်။
"Xiaomi Brand နဲ့ ပတ်သက်တဲ့ Touch ကွဲတာတွေ၊ Display ကွဲတာတွေနဲ့ Motherboard အချပ်လိုက် လဲတာတွေအတွက် အထူးဈေးနှုန်းနဲ့ ပြင်ဆင်ပေးပါတယ်။ နောက်ပြီး USB port error တက်တာတွေ၊ စပီကာ လဲတာတွေကိုလည်း နဂိုအာမခံ မပျက်အောင် အထူးပြုပြင် ပေးပါတယ်။ ဆားဗစ်အာမခံ အနေနဲ့ကတော့ ကျွန်မတို့ဆိုင်မှာ ဆားဗစ်လုပ်ထားတဲ့ အပိုပစ္စည်းအတွက် အာမခံ ၇ ရက်ပေးပါတယ်။ ဆိုင်မှာ ဆားဗစ်လုပ်ပြီး လဲလှယ်ထားတဲ့ အစိတ်အပိုင်း တစ်ခုခုက သုံးစွဲသူကြောင့် မဟုတ်ဘဲ ပစ္စည်းက ပျက်စီးတာမျိုး၊ error တက်တာမျိုးဆိုရင် တစ်ပတ်အတွင်း လာပြရင် အသစ်ပြန်လဲ ပေးပါတယ်။ အဲဒီအတွက်လည်း ဘာအဖိုးအခမှ ထပ်ပေးစရာ မလိုဘူး" ဟု ပန်းဆိုးတန်းလမ်းရှိ T-Land Computer & Mobile အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ၏ ဆက်စပ်ပစ္စည်းများ ဖြစ်သော Book Cover, Flip Cover, Silicon Cover, Back Cover, သတ္တုဘောင် များကိုလည်း T-Land တွင်ဝယ်ယူ နိုင်သည်။ ပြည်တွင်းသို့ Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများကို စင်ကာပူ၊ တရုတ်နှင့် အွန်လိုင်းမှတစ်ဆင့် တင်သွင်းရောင်းချ လျက်ရှိပြီး တန်ဖိုးသက်သာခြင်း၊ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းနှင့် ဒီဇိုင်းလှပ ခြင်းတို့ကြောင့် Xiaomi အမှတ်တံဆိပ် မိုဘိုင်းဖုန်းများ ပြည်တွင်း၌ လူကြိုက်များ လျက်ရှိကြောင်း သိရသည်။
 
ref:http://internetjournal.media/
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 22 نوفمبر 2014

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သတိထား ဆောင်ရွက်ရန်


ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။

- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။

- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း


အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الخميس، 23 أكتوبر 2014

Android ဖုန်းမှကြိုးဖုန်းလိုင်းခွဲဖုန်းများသို့တိုက်ရိုက်ခေါ်ဆိုနည်း

 
Android ဖုန်းမှကြိုးဖုန်းလိုင်းခွဲဖုန်းများသို့တိုက်ရိုက်ခေါ်ဆိုနည်း
ဒီလိုပါ ကျနော်တို့service သမားများအနေဖြင့် ဖုန်းပစ္စည်းများမှာယူလိုတဲ့အခါ ဈေးနှုန်းလေးတွေမေးမြန်းခြင်တဲ့အခါမှာ ယုဇနပလာဇာမှ ဆိုင်များကို contact လုပ်၍မေးမြန်းကြရပါတယ်။ အဲဒီလိုမေးမြန်းတဲ့အခါ ယုဇနပလာဇာကဖုန်းပေါ့နော် 01200747 ကိုဖုန်းခေါ်လိုက်တာနဲ့ ယုဇနပလာဇာမှ ကြိုဆိုပါတယ် မိတ်ဆွေခေါ်ဆိုလိုသောလိုင်းခွဲနံပါတ်သို့တိုက်ရိုက်နိုပ်၍ခေါ်ဆိုနိုင်ပါတယ်လို့ ပြောတဲ့အခါ ကျနော်တို့က လိုင်းခွဲနံပါတ် ဥပမာ 2456 ကိုခေါ်ဆိုရပါတယ်။ အခုပြောပြမဲ့နည်းကတော့ အဲဒီလို ခေါ်တဲ့အခါ 2456 ဆိုတဲ့လိုင်းခွဲနံပါတ်ကိုနိုပ်စရာမလိုတော့ပဲ ကလစ်တစ်ချက်တည်းနဲ့ဖုန်းခေါ်ဆိုနိုင်အောင် contact list ထဲ ရိုက်ထည့်ထားပြီးခေါ်ဆိုနိုင်အောင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။ ကဲစရအောင် Contact ကိုဖွင့်ပြီး new contact ယူလိုက်ပါ။ Mobile number နေရာမှာ ကိုယ်ခေါ်ဆိုမယ့်ဖုန်းနံပါတ် 01200747 ကိုရိုက်ပြီး 01200747 နောက်မှာ ; လေးခံပြီး လိုင်းခွဲနံပါတ် 2456 ကိုရိုက်ထည့်ပေးပါ။ ဥပမာ 01200747;2456 ဒါဆိုရပါပြီ ။ ပြီးရင် 01200747 ကိုဖုန်းခေါ်ကြည့်ပါ။ Send the following tone?ဆိုပြီး ဘောက်တစ်ခုပွင့်လာပါမယ်။ ခေါ်ဆိုမယ်ဆိုရင် yes ကိုနိုပ်လိုက်ရင် ရပါပြီ။ ရှင်းသွားအောင်ကျနော် ပုံလေးနှစ်ပုံပြပေးပါမယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။
ref:MMIT
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الثلاثاء، 5 أغسطس 2014

Xiaomi စမတ်ဖုန်း ဈေးကွက်ရှယ်ယာ မြင့်တက်လာရခြင်း၏ အကြောင်းအရင်း (၅) ချက်

 Xiaomi ကို အာရှနိုင်ငံများမှ လွဲ၍ လူသိများ ထင်ရှားခြင်း မရှိသေးသော်လည်း Strategy Analytics မှ ဖော်ပြခဲ့သည့် အစီရင်ခံစာအရ အဆိုပါ ဘေကျင်း အခြေစိုက် ကုမ္ပဏီသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် Samsung, Apple, Huawei, Lenovo တို့၏နောက် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။

Xiaomi ၏ စမတ်ဖုန်း ဒီဇိုင်းသည် iPhone ဒီဇိုင်းနှင့် ဆင်တူသော်လည်း ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်များကို ငြင်းဆိုထားပြီး ကုမ္ပဏီ၏ ထုတ်ကုန်များတွင် ကိုယ်ပိုင်ဟန်အချို့ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။ Apple ထုတ်ကုန်များနှင့် ဆင်တူသော ဒီဇိုင်းများမှာ Mi Pad tablet နှင့် Xiaomi Mi 4 ဖုန်းတို့ဖြစ်သည်။

Xaiomi ၏ ထုတ်ကုန်အချို့သည် Apple ၏ ဒီဇိုင်းနှင့် ဆင်တူသောကြောင့် ငြင်းခုံမှုများ ဖြစ်ပွားနေသော်လည်း ကုမ္ပဏီ တိုးတက်မှုကို အဓိက ဖြစ်ပေါ်လာစေသည့် ထုတ်ကုန်များမှာ ဈေးသက်သာသည့် Redmi ဖုန်းနှင့် Redmi Note phablet တို့ဖြစ်သည်။

ထို့အပြင် Xiaomi ကုမ္ပဏီသည် လာမည့်နှစ်အနည်းငယ်အတွင်း များစွာ တိုးတက်လာဖွယ်ရှိနေသည်။ ထို့ကြောင့် Xiaomi ကုမ္ပဏီ တိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်း (၅) ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) အရည်အသွေးမြင့် ထုတ်ကုန်များ

Xiaomi ၏ ထုတ်ကုန်များသည် အလွန်ကောင်းမွန်သည့် ထုတ်ကုန်များကို ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များမှာ Mi 3 နှင့် Mi 4 တို့ဖြစ်ပြီး ဈေးနှုန်းမှာလည်း သက်သာသည်။ ဥပမာအားဖြင့် Redmi Note တွင် octa-core processor ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည် ကောင်းမွန်သော်လည်း ဈေးနှုန်းကြီးမြင့်ခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် router များနှင့် UHD TV ကဲ့သို့သော ထုတ်ကုန်များကိုလည်း ရောင်းချလျက်ရှိသည်။

(၂) ထိုက်သင့်သည့် ဈေးနှုန်းများ

Xiaomi ထုတ်ကုန်များ၏ ဈေးနှုန်းသင့်တင်ခြင်းကလည်း အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် Redmi Note သည် လက်လီရောင်းဈေး အမေရိကန်ဒေါ်လာ ၁၅၄ ဝန်းကျင်သာရှိသည်။ (နိုင်ငံအပေါ်မူတည်၍ ဈေးနှုန်းကွာခြားနိုင်သည်)

ထို့အပြင် ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များ၏ ဈေးနှုန်းသည် အလယ်အလတ်တန်းစား ဖုန်းတစ်လုံး၏ ဈေးနှုန်းသာရှိသော်လည်း စွမ်းဆောင်ရည်အပိုင်းတွင် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များနှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သည်။ တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော MiTV2 ဟုခေါ်သည် UHD TV သည် အမေရိကန်ဒေါ်လာ ၆၄၀ သာရှိသည်။ ၎င်းသည် Samsung, LG တို့ ရောင်းချသည့် ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်သည်။

(၃) Mi ပရိသတ်များ

Apple နှင့် Samsung ပရိသတ်များ ကဲ့သို့ပင် Xiaomi တွင်လည်း ကုမ္ပဏီ၏ ထုတ်ကုန်များကို နှစ်သက်သူများရှိသည်။ အဆိုပါ Mi ပရိသတ်များသည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ကုမ္ပဏီ၏ ထုတ်ကုန် မိတ်ဆက်ပွဲများသို့ ပုံမှန်တက်ရောက်ကြသူများ ဖြစ်သည်။ သို့သော် Mi ပရိသတ်များကို ကန့်သတ်ထားခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် ကုမ္ပဏီ၏ အရေးပါဆုံး ထုတ်ကုန်ဖြစ်သည့် MIUI နှင့် ပတ်သက်၍ အခြားနိုင်ငံများရှိ ပရိသတ်များထံ ပုံမှန်ဖြန့်ဝေလျက်ရှိသည်။

(၄) MIUI

Xiaomi ထုတ်ကုန်များတွင် ပါဝင်သော MIUI (my UI) ဟုခေါ်သည့် ROM skin သည် Android ပေါ်တွင် အခြေခံထားပြီး ၎င်းကို ကုမ္ပဏီ၏ စမတ်ဖုန်းများနှင့် tablet များတွင် အသုံးပြုလျက်ရှိသည်။ MIUI တွင် Android နှင့် iOS များ၌ မတွေ့နိုင်သည့် feature အများအပြား ပါဝင်သည်။

MIUI သည် Xiaomi ကို အခြား စမတ်ဖုန်းများနှင့် နှိုင်းယှဉ်သည့်အခါ ထူးခြားဆန်းသစ်သည် အတွေ့အကြုံ ပေးစွမ်းနိုင်သည်။ အကောင်းဆုံးအချက်မှာ ၎င်းကို download ပြုလုပ်ပြီး အခြားသော Android ဖုန်းများတွင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် HTC One တွင် MIUI ကို အသုံးပြုလိုသည့်အခါ MIUI ဆိုက်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ROM ကို download ပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

(၅) Hugo Barra

Google အမှုဆောင်အရာရှိဟောင်း ဟူဂိုဘရာသည် Xiaomi ၏ အပြည်ပြည်ဆိုင်ရာဌာနကို ဦးဆောင်နေသူဖြစ်သည်။

ဘာရာ၏ Google Android ဌာန ဒုဥက္ကဋ္ဌ အဖြစ် ရရှိခဲ့သည့် အောင်မြင်မှုများက Xiaomi ကို စမတ်ဖုန်းကမ္ဘာတွင် ကြီးမားသည့် သြဇာသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သလို ပြိုင်ဆိုင်မှု ပြင်းထန်သည့် စမတ်ဖုန်းဈေးကွက်တွင် အောင်မြင်မှုများ ရရှိစေရန် အကူအညီဖြစ်စေခဲ့သည်။

ဘာရာ၏ လမ်းညွှန်မှုအောက်တွင် Xiaomi သည် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ဖုန်းများကို ရောင်းချရန် ရည်မှန်းထားသည်။ 
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأربعاء، 2 يوليو 2014

မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ။

၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။

၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။

၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။

၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)

၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(C) trend.com.mm
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الجمعة، 27 يونيو 2014

မိုဘိုင်းဖုန်းမှာ Appsများကို Organizeပြုလုပ်နည်း ခြောက်နည်း


မိုဘိုင်းဖုန်းမှာ မှတ်စု App ကို ရှာရခက်နေလား? Home Screenတစ်ခုနဲ့ တစ်ခုကူးပြောင်းပြီး Appတွေရှာနေရတာ အချိန်အတော်ကြာနေတယ်ဆိုရင်တော့ Appsတွေကို နေရာချစီမံခန့်ခွဲဖို့ သင် စဉ်းစားသင့်ပါတယ်။ မိုဘိုင်းဖုန်းAppများစွာထွက်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ရဲ့ ဖုန်းများမှာလည်း Appများစွာ ထည့်သွင်းအသုံးပြုနေကြပြီး Home Screenများမှာ Appsများ ရှုပ်ပွနေမှာ ဖြစ်ပါတယ်။ App များဟာ လူသားတွေရဲ့ ဘဝကို တိုးတက်ကောင်းမွန်စေဖို့နဲ့ အလုပ်ကိစ္စများ ပိုမိုလွယ်ကူစေဖို့ ဒီဇိုင်းထုတ်လုပ်ပေးထားတာပါ။ ဒါပေမယ့် Appsတွေကို လိုက်ရှာနေရတာကတော့ အချိန်ကုန်ပြီး ဟန်မကျပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အချိန် ၁၅ မိနစ်လောက်ပဲပေးရတဲ့ အောက်ကနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။ အဲဒီနည်းလမ်းတွေထဲကမှ သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို ရွေးချယ်အသုံးပြုပါ။ ဖော်ပြမယ့်နည်းလမ်းခြောက်ခုကတော့၁။ ကြိယာအခြေပြုဖိုဒါများတည်ဆောက်ခြင်း။စမတ်ဖုန်းများမှာ Defaultအားဖြင့် ပါလေ့ရှိတဲ့ Productivity, Reference, Utilitiesစတဲ့ ဖိုဒါများဟာ အသုံးပြုသူအတွက်တော့ နားလည်ရခက်လှပါတယ်။ အဲဒီအစား အသုံးပြုပုံပေါ်မူတည်ပြီး ဖိုဒါများကို နာမည်ပေးသင့်ပါတယ်။ Watch, Play, Learn စသဖြင့် ဖိုဒါများပြုလုပ်ပြီး ဗီဒီယိုကြည့်တဲ့ Apps, သီချင်းနားထောင်တဲ့ Apps, သတင်းဖတ်တဲ့ Appsများကို သက်ဆိုင်ရာ ဖိုဒါထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီလိုဖိုဒါများသတ်မှတ်ပြီး Appsများ ကို သိမ်းထားခြင်းဖြင့် ရှာချင်တဲ့ Appကို လျှင်မြန်စွာရှာနိုင်မှာဖြစ်ပါတယ်။verbs_edited
၂။ အရောင်များ သတ်မှတ်ခြင်း။

စမတ်ဖုန်းများမှာ Appများရဲ့ အိုင်ကွန်ကို အရောင်များနဲ့ခွဲခြားထားနိုင်ပါတယ်။ ဒီလိုခွဲခြားထားခြင်းဖြင့် မှတ်မိလွယ်သလို၊ ခွဲခြားလို့လွယ်စေပါတယ်။ သင့်ရဲ့ ဦးနှောက်က အိုင်ကွန်မှာ ရေးထားတဲ့ စာသားများထက် အရောင်များကို ပိုမိုသိလွယ်ပါတယ်။ အရောင်များက ဖုန်းမှာ Appsများရှာဖွေရာမှာ လျှင်မြန်စေမှာပါ။ သင့်ရဲ့ဖုန်းဟာ ရောင်စုံသက်တန့်လို အရောင်များစွာတွေ့မြင်နေရမှာဖြစ်ပေမယ့် အလုပ်ကိစ္စများကို လျှင်မြန်စေမှာဖြစ်ပါတယ်။color-edited
၃။ အက္ခရာများဖြင့် စီစဉ်ခြင်း။

အက္ခရာများနဲ့ စီစဉ်ရတာကို နှစ်သက်သူများအတွက် ဒီနည်းကိုသုံးပါ။ Appsများကို ကိုယ်တိုင် အက္ခရာများနဲ့ စီစဉ်ရမယ့် အစား iPhoneမှာ ပိုမိုလွယ်ကူတဲ့နည်းလမ်းရှိပါတယ်။

• Settings Appကိုဖွင့်ပါ။
• Generalကို နှိပ်ပါ။
• အောက်ကိုဆင်းပြီး Resetကို နှိပ်ပါ။
• Reset Home Screen Layoutကို နှိပ်ပါ။
iPhoneမှာ နဂိုပါတဲ့ Appsများကိုနဂိုနေရာမှာ ပြန်လည်ချထားပေးမှာဖြစ်ပြီး အခြားAppsများကိုတော့ အက္ခရာအလိုက်စီစဉ်ပေးမှာဖြစ်ပါတယ်။

အက္ခရာတူတဲ့ Appsများကို တစ်စုတစ်စည်းထဲထားချင်ရင်တော့ A ဖိုဒါ၊ B ဖိုဒါ စသဖြင့် ပြုလုပ်သိမ်းထားနိုင်ပါတယ်။alphabet-edited
၎။ ဖုန်းကိုင်တွယ်ပုံပေါ်မူတည်ပြီး စီမံခန့်ခွဲပါ။

သင့်ရဲ့ ဖုန်းကိုင်တွယ်ပုံပေါ်မူတည်ပြီး Appsများကို နေရာချထားခြင်းကလည်း Appများကို လျှင်မြန်စွာဖွင့်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။ အသုံးပြုလေ့ရှိတဲ့ Appsများကို ဖုန်းရဲ့ ထောင့်နားမှာ ထားသင့်ပါတယ်။ Appsများကို ဖိုဒါများနဲ့ သိမ်းထားရင်တော့ ဒီနည်းလမ်းက မသင့်တော်ပါဘူး။holding-android
၅။ Row အလိုက်စီမံခန့်ခွဲပါ။

ဖိုဒါများကို အသုံးမပြုချင်သူများအတွက် သက်ဆိုင်ရာ Appများကို Rowတစ်ခုထဲမှာထားတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ Rowတစ်ခုကို ကဏ္ဍဍတစ်ခု သတ်မှတ်ပါ။ ဒါဆိုရင် Appဟာ ဘယ် Rowမှာရှိလဲဆိုတာ လျှင်မြန်စွာ ရှာဖွေနိုင်ပါပြီ။

ဥပမာ အားဖြင့် ပထမဆုံး Rowမှာ Calendar, To-Do List, Reminderတို့လို နေ့စဉ်အသုံးပြုလေ့ရှိတဲ့ Appsများကို နေရာချပါ။ ဒုတိယ Rowမှာ စာဖတ်တဲ့ Appsများကို နေရာချပါ။ ကျန်တဲ့ကဏ္ဍဍများကိုလည်း ဒီလိုနေရာချထားနိုင်ပါတယ်။rows-edited
၆။ အသုံးပြုမှုအလိုက် နေရာချပါ။

အသုံးပြုမှုများတဲ့ Appsများကို Home Screenတစ်ခုမှာ နေရာချပါ။ Home Screenကိုလည်း အများဆုံးသုံးခုသာ ထားရှိခြင်းဖြင့် ရှင်းလင်းစေပြီး လွယ်ကူစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုမှုအများဆုံး Appsများကို ပထမဆုံး Home Screenမှာထားပါ။ ကင်မရာလို လျှင်မြန်စွာ အသုံးပြုချင်တဲ့ Appsများကို အဲဒီမှာ ထားသင့်ပါတယ်။

ဒုတိယ Home Screenမှာ ကဏ္ဍဍအလိုက် ဖိုဒါများ ပြုလုပ်ပြီး Appsများ သိမ်းထားနိုင်ပါတယ်။ ဒီနေရာကတော့ အသုံးပြုလေ့သိပ်မရှိတဲ့ Appsများကို စုစည်းထားတာဖြစ်ပါတယ်။

တတိယ Home Screenမှာ အသုံးပြုမှုအနည်းဆုံး Appsများကို နေရာချပါ။ သင့်ကို မျက်စိရှုပ်စေတဲ့ ဂိမ်းတွေ၊ Appတွေကို ဒီနေရာမှာ ထားရှိနိုင်ပါတယ်။edited-homescreen3
 (C) MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الاثنين، 7 أبريل 2014

Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေအတွက်


Viber ကိုအင်တာနက်မလိုပဲ ပြန်ပြီး activate လုပ်ချင်သူတွေ ၊ 
Viber code တောင်းရတာအဆင်မပြေသူတွေ၊ 
အရင်သုံးလက်စ Viber message တွေ ၊sticker တွေကို 
ဖုန်းထဲမှာအသစ်ပြန်သွင်းထားတဲ့ Viber ထဲမှာပြန်ထည့်ချင်သူတွေအတွက်ရည်ရွယ်ရေးသားပါတယ်
------------------------------------------------------------
ကျွန်တော်တို့ ဖုန်းတွေထဲမှာ Viber ကိုတော့ လူတိုင်းအသုံးပြုကြပါတယ်။ 
Viber သွင်းပြီးတာနဲ့ Code တောင်းတယ် ။ Code ပြန်ပို့ရင် ဖုန်းထဲကို code ထည့်တယ် ။ ဒါကတော့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖုန်း Firmware ကျသွားတဲ့အခါ ၊ Firmware ပြန်တင်လိုက်ရတဲ့အခါ Viber သုံးနေကျသူဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်းရပါပြီ။ အဲဒီတော့ ဘာဖြစ်လဲဆိုရင် Code အသစ်ပြန်တောင်းပြီး activate ပြန်လုပ်ရပါတယ်။ ဒါကလည်း တစ်ခါတစ်လေ Code ပြန်မပို့တာတွေရှိပါသေးတယ်။ Internet မရှိတဲ့သူတွေ ၊ အင်တာနက်ရှိပေမယ့် Viber က Code ပြန်မပို့လို့ Viber အဆင်မပြေဖြစ်နေသူတွေအတွက် အလုပ်ရှုပ်တာပေါ့ဗျာ။ 
အခု ကျွန်တော်ပြောပြမှာက Viber ကို ဖုန်းထဲမှာ ပုံမှန်သုံးစွဲနေစဉ်ကတည်းက 
အတွင်း data ကို copy/backup ကူးထားဖို့ပဲဖြစ်ပါတယ်။ iPhone တွေမှာဆိုရင် iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီး Documents ဆိုတဲ့ Folder ကို ကိုယ့်ရဲ့ကွန်ပျူတာထဲမှာသိမ်းထားလိုက်ရုံပါပဲ။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းကို Firmware ပြန်တင်လိုက်ရပြီဆိုရင် Viber ဆော့ဝဲကိုအသစ်ပြန်သွင်း ၊
ပြီးတာနဲ့ iTool , Tongbu စတဲ့ PC Suite တစ်ခုခုနဲ့ချိတ်ပြီး ဖုန်းထဲက app list ထဲဝင်ပါ။ ပြီးရင် viber ဆော့ဝဲရဲ့ Folder ထဲကိုဝင်ပြီးရင် Documents ဆိုတဲ့ Folder ကိုဖျက်ပြီး ခုနက ကွန်ပျူတာထဲမှာသိမ်းထားခဲ့တဲ့ Documents folder ကိုပြန်ကူးထည့်ပေးလိုက်ရင် ။ 
Firmware မကျခင်တုန်းက activate လုပ်ထားပြီးသား Viber အခြေအနေကိုပြန်ရောက်သွားပါလိမ့်မယ်။ activate လုပ်ပြီးအခြေအနေ ၊ 
အရင်ကပြောထားတဲ့ Viber Message တွေ ၊ Contact တွေကစ အရင်အနေအထားတိုင်းပြန်ပေါ်နေမှာဖြစ်ပြီး အသင့်သုံးစွဲရုံပါပဲ။

Android ဖုန်းတွေမှာလည်းထိုနည်း၎င်းပါပဲ ။ Root Explorer ဆော့ဝဲသွင်းထားပြီး 
ဖုန်းရဲ့ root directory ထဲက data/app ထဲကိုဝင် ၊ com.viber.voip ထဲကိုဝင်ပြီး အတွင်းမှာပါတဲ့ folder တွေကို copy ကူးပြီးသိမ်းထားလိုက်ပါ။ အကယ်၍ ကိုယ့်ဖုန်းက Firmware ကျသွားလို့ ၊ Firmware အသစ်ပြန်တင်ထားလို့ Viber ပြန်သွင်းပြီးပြီဆိုရင် အပေါ်အဆင့်မှာတုန်းက copy ကူးသိမ်းထားတဲ့ folder တွေကို data/app ထဲက com.viber.voip folder ထဲပြန်ထည့်ပေးလိုက်ရုံပါပဲ။ 
အရင်အနေအထားအတိုင်းပြန်လည်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက်ကတော့ Android ဖုန်းမှာ 
root access တော့ရှိဖို့လိုပါလိမ့်မယ်အခုပြောခဲ့တဲ့နည်းတွေဟာ iPhone ရော ၊
Android OS သုံးဖုန်းတွေရောကို အင်တာနက်မလိုပဲ Viber ကို နဂိုသုံးစွဲအနေအထားအတိုင်းပြန်ပြီး activated ဖြစ်စေမှာဖြစ်ပါတယ်။ 

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။



အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
REF:MMAS

الأحد، 30 مارس 2014

EMMC ဆိုတာဘာလဲ???

 
မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။ ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့ Electronic Chip တစ်ခုပါ။ မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။ EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။ EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။

EMMC Chip အသုံးပြု မိုဘိုင်း devices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမို များပြားလာမှာဖြစ်ပြီး Android, iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ ..... အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
post by ဖုန်းချစ်သူများ

السبت، 29 مارس 2014

Samsung ပရိသတ်တွေအတွက် လျှို့ဝှက်အညွှန်းကုဒ်များ

 အခု ခေတ်မှာ ဖုန်းဆိုင်တွေများပြားစွာ ပေါ်ပေါက်နေတာဖြစ်လို့အရည်အသွေးအနေနဲ့ သံသယမဖြစ်ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ပုံမှန်ထက် ဈေးသက်သာလို့ ဈေးကြီးလို့ စိတ်ထဲတစ်မျိုး ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စစ်ဆေးကြည့်လိုက်ပေါ့ ကိုယ်ရဲ့ ဖုန်းဟာ ဘယ်လိုအရည်အသွေး၊ ဘယ်လိုစွမ်းဆောင်ရည်ရှိတယ်ဆိုတာ လူတိုင်းသိချင်ကြမှာပဲလေ ။ ကောင်းပါပြီ။ အောက်မှာ ကြည့်လိုက်ပါဦး

Android version 4.0 အထက်မှာဆိုရင်တော့

*#7353# အဲကုဒ်လေးက အကုန်အဆင်ပြေပါတယ်
sensor အကုန်လုံးကို စစ်နိုင်ပါတယ်...

ဒါပေမယ့် အောက်က ကုဒ်လေးတွေကိုတော့ 4.0 အောက်မှာ
သုံးနိုင်ပါသေးတယ်..

ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေ အတွက် *#*#4636#*#* ကိုနှိပ်ပါ။ သင့်သိချင်တဲ့ IMEI ကုတ်၊ မိမိရဲ့ဖုန်းနက်ဝမ်၊ ဖုန်းဝန်ဆောင်မူထဲမှာ ရှိမရှိသိရှိစေမှာ ဖြစ်ပါတယ်။ ဘတ္တရီနဲ့ ပတ်သက်တဲ့ အချက်တွေ အပြင် ဖုန်းမှာ သုံးထားတဲ့ ကိန်းဂဏန်းဇယားတွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။

Touch Screen စမ်းသပ်ရန်အတွက် ဒီစမ်းသပ်ချက်လေးက ဖုန်းမ၀ယ်ခင်လေးမှာ တော်တော် အသုံးဝင်ပါလိမ့်မယ်။ ဖုန်းတစ်လုံးရဲ့ Touch Screen အရည်အသွေးကို သိရှိစေနိင်ပါတယ်။ ဒီအတွက် *#*#2664#*#* ကိုနှိပ်ပါ ဗျာ ။

Touch screen version အတွက်ကတော့ *#*#2663#*#* ကိုနှိပ်ပါ။

ဖုန်းခေါ်လိုက်တာနဲ့ လက်နဲ့ပွတ်စရာမလိုပဲ နားနဲ့ကပ်ရုံနဲ့ ဖြေကြားနိင်တဲ့ proximity sensor ကိုစမ်းသပ်ဖို့အတွက် *#*#0588#*#* ကိုနှိပ်ပါ။

ဖုန်းတစ်လုံးမှာ RAMက လည်းအရေးကြီးပါတယ်။ တစ်ချို့ဖုန်းတွေက အပြင်မှာ RAM ဘယ်လောက်ဘယ်လောက်ဆိုပြီး ရေးထားပေမဲ့လို့ တစ်ကယ်တမ်း တရားဝင်မဟုတ်တဲ့ ဖုန်းတွေဖြစ်နေတတ်ပါတယ်။ ကဲ ကိုယ်ဖုန်းက အတုလား အစစ်လားဆိုတာ RAM အတွက် *#*#3264#*#* ကိုနှိပ်လိုက်ပါဦး။ Null ဆိုရင်တော့ တရားမ၀င်လို့ဖော်ပြထားတာဖြစ်ပါတယ်။

Music ကြိုက်တဲ့ ကိုကို မမများ ဖုန်းရဲ့ အသံပိုင်းဆိုင်ရာ မယ်လိုဒီ စမ်းသပ်ဖို့အတွက်ကတော့ *#*#0673#*#* ကိုနှိပ်ကာ စမ်းကြည့်ပါ။

တုန်ခါမူ Vibration အတွက် *#*#0842#*#* ကိုနှိပ်ကာ စမ်းပါ။

ဖုန်းတစ်လုံးရဲ့ အရောင်ကာလာကောင်းမွန်မူ၊ အာရုံခံ Accelerometer တွေကောင်းမကောင်း၊ စပီကာကောင်းမကောင်း၊ ကင်မရာကြည်မကြည်ဆိုတာတွေ အားလုံးအတွက် lcd စမ်းသပ်မူလိုခေါ်တဲ့ ဒီနံပါတ်ကိုနှိပ်ကာ *#*#0*#*#* စမ်းကြည့်နိုင်ပါတယ်။
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ ..... အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
post by ဖုန်းချစ်သူ

الخميس، 27 مارس 2014

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ


ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ - skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

ref:ဖုန်းချစ်သူ 

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ ..... အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 1 مارس 2014

ကျနော်အခုပြောမှာကတော့ Phone Network တွေအကြောင်း

 
ကျနော်တိုမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။

GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။

EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။

3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်

HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။

HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access) ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။

4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ ..... အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
post by ဖုန်းချစ်သူများ