‏إظهار الرسائل ذات التسميات Window 8. إظهار كافة الرسائل
‏إظهار الرسائل ذات التسميات Window 8. إظهار كافة الرسائل

الأربعاء، 8 أكتوبر 2014

الأحد، 17 أغسطس 2014

Window 8 , 8.1 Zawgyi Installer

Window 8 , 8.1 Zawgyi Installer

Window 8 , 8.1 အတွက် Zawgyi Font အဆင်ပြေစေမဲ့ Tool လေးပါ . 32bit ရော 64 Bit ရော Support လုပ်ပါတယ်။

လိုအပ်ရင် တော့ အောက်မှာ ရယူပါ။

Download > http://www.solidfiles.com/d/bef04f05c0/Win8_Zawgyi_Installer.exe
 
credit- Mobile Mother
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الخميس، 26 يونيو 2014

Windows 8 နဲ့ 8.1 မှာ Windows Store ဝင်မရတဲ့ပြဿနာ

ကျွန်တော်တို့ မြန်မာပြည်ကနေ Widnows 8 နဲ့ Windows 8.1 ကိုသုံးတဲ့သူတွေ အများစု ဒုက္ခအရောက်ဆုံး ကိစ္စကတော့ Windows Store ကို တရားဝင်သုံးလို့ရတဲ့ List ထဲမှာပါရဲ့သားနဲ့ ဝင်မရတဲ့ ပြဿနာပါ။ Store ဝင်မရတဲ့အတွက် Windows 8 နဲ့ 8.1 user တွေ တော်တော်လေး ဒုက္ခရောက်ပါတယ်။ Windows 8 မှာဆိုရင် 8.1 update free ပေးတာတောင် Store ဝင်မရတာနဲ့ update ကိုလက်လွတ်ရမလိုပါပဲ။ Windows Surface တွေတော့ တချိ့ဝင်လို့ရတယ်လို့ အွန်လိုင်းမှာတွေ့တယ်။ ကိုယ်တိုင်တော့ မသုံးကြည့်ဘူးဖူး။ ကဲ လိုမယ့် ဆော့ဝဲလေးကတော့ များများစားစားမရှိပါဘူး။ ဒီလင့်မှာ ဒေါင်းလိုက်ပါခင်ဗျာ။ ဘယ်လိုလုပ်မလဲဆိုတာ  အချုပ်အရင် ပြောမယ်နော်.. ရိုးရိုးရှင်းရှင်းလေးပါပဲ၊ မြန်မာပြည်က ဝင်မရလို့ တခြားနိုင်ငံကနေ ဝင်သလိုမျိုးလုပ်မှာပါ။ vpn ပေါ့ သုံးတဲ့ app ပေါ်မူတည်ပြီး နိုင်ငံရွေးချယ်မှုကွဲပါမယ်။ ဒီအောက်က လင့်ကတော့ အဆင်ပြေမှာပါ။ ကိုယ်တိုင်လည်း လက်ရှိသုံးနေတာဆိုတော့။
http://openvpn.net/index.php/access-server/download-openvpn-as-sw/357.html
PEN VPN Photo
ပုံထဲကအတိုင်း Windows ဖြစ်တဲ့အတွက် အပေါ်ဆုံးကဟာကို ဒေါင်းလိုက်ပါ။ တခြား vpn တွေလည်းရှိပါသေးတယ်.. ကိုယ်နဲ့အဆင်ပြေတာ သုံးကြည့်လို့ရပါတယ်။ ဒါလေးကတော့ အလကားရတဲ့ ဟာလေးပါ။ အင်စတောလုပ်ပြီးရင် နောက်တစ်ခု ဒေါင်းရပါအုံးမယ်.. http://www.vpnbook.com/  ဒီဆိုက်ဒ်ထဲမှာ
VPNBOOK Photo
ပုံထဲကအတိုင်း ၄ ခု ဒေါင်းလို့ရပါတယ်။ Recommend ပေးချင်တာက အောက်ဆုံးက US Server လေးပါ။ အပေါ်လေးမှာပဲ Username နဲ့ Password ကိုပေးထားပါတယ်။ Username   ကတော့ အမြဲတန်း vpnbook  ပဲ။ Password ကတော့ ၁၅ ရက်တစ်ခါလောက်ပြောင်းတယ်။ စိတ်မပူပါနဲ့ ပြောင်းသွားရင်လည်း ဒီဆိုက်ဒ်ထဲ ဝင်ပြီးပြန်ကြည့်လို့ ရပါတယ်။ ဒါဆို tools စုံသွားပါပြီ။ Openvpn Client ကိုပုံထဲကအတိုင်း ဖွင့်လိုက်ပါခင်ဗျား။
App Results for Ope Photo
OPENVPN Edit Profile Photo
စစချင်းဖွင့်ရင် Connection Profiles မှာ ဘာမှမရှိတဲ့အတွက် ဘေးက + လက္ခနာလေးကို နှိပ်လိုက်ပြီး Add ရမှာပါ။ ပြီးရင် Import Profile ဆိုတဲ့ box ကျလာပါလိမ့်မယ်။ အဲ့ထဲက Local file  ကိုရွေးပေးရမှာပါ။ Import ကိုနှိပ်ရင် ဖိုင်လမ်းကြောင်း တောင်းပါလိမ့်မယ်.. ပြီးရင် ဒေါင်းလုပ်ဆွဲထားတဲ့ ( USA Server) compressed ဖိုင်ကို ဖြည်ချထားတဲ့အထဲ သွားလိုက်ပါ။ ၄ ခုရှိပါတယ်. အောက်ဆုံးက udp25000 ဆိုတာလေးကိုရွေးလိုက်ပါ။ ဒါဆိုရင် Local file  ဝင်သွားပါပြီ။ အဲဒိအပေါ်ကိုနှိပ်လိုက်ပါ။ ဒီအောက်ကပုံလေး တက်လာပါလိမ့်မယ်။
OPENVPN Login Photo
ပုံထဲကအတိုင်း ဖြည့်ပေးလိုက်ပါ။ ပြီးရင် Login ပေါ့။ သေချာချင်လို့ရှင်ရင် Browser ကိုသွား http://www.ip-1.com/ ဒီလင့်မှာ ကိုယ့်ရဲ့ ip information ရလိမ့်မယ်။ Login မလုပ်ခင် ဒီလိုပြလိမ့်မယ်။ ( Myanmar )
ip-1 Photo
ပြီးရင် Login  လုပ်လိုက်ပါ။ ဒါဆိုရင် ဒီလိုမျိုးတဆင့်ချင်း ပေါ်လာပါလိမ့်မယ်။

နောက်ဆုံး ဒီလိုပေါ်လာရင်ရပါပြီ။ ခုနက ip information လင့်မှာ Refresh လုပ်လိုက်ပါ။ အောက်ကပုံလို ပေါ်ပြီဆိုရင်တော့ ရသွားပါပြီ။

ခင်ဗျားအခု အမေရိကန်ကသုံးနေတဲ့လူ ဖြစ်သွားပြီ။ ဒါဆို Store ကိုချိတ်ကြည့်မယ်။ အောက်ကပုံထဲကလို မြင်သေးရင်တော့

အဲဒါ Connection မကောင်းလို့ပါ။ Retry ပြန်လုပ်ပေးပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။

အောက်ကလိုပေါ်နေသေးရင်တော့

အဲဒါ Store က အရင် Myanmar ip နဲ့ပဲဖြစ်နေလို့။ Run Box ကနေပြီး WSReset.exe ကိုရိုက်လိုက်ရင်တော့ Store ထဲ Reset လုပ်ပြီးဝင်သွားပါလိမ့်မယ်။ ဒါမှမဝင်သေးရင်တော့ Control Panel ထဲက Region မှာ Myanmar ဖြစ်နေရင် United State ပြောင်းပေးရမှာပါ။ ( အရှေ့မှာ Server down တုန်းက တခြားနိုင်ငံဆိုရင် အဲဒိနိုင်ငံအမည်ကို ရွေးပေးပါ။ တူမှရမှာမိုလို့ပါ။) ပြီးရင် Restart ချပြီးမှ ပြန်ချိတ်လိုက်ပါ။ မချရင် တခါတလေ ချိတ်မရတာ ဖြစ်တတ်လို့ပါ။ Step တွေအကုန်လုံးမှန်ခဲ့ရင်တော့ စိတ်ရှည်ရှည်နဲ့ထိုင်စောင့်နေ လိုက်ပါ။ မြန်မာပြည်ကော်နက်ရှင်နဲ့ ဆိုတော့ ကော်ဖီသွားဖျော်လို့ မှီပါသေးတယ်.. ပျော်ရွင်ကြပါစေ။ ရသွားရင်တော့ ဒီလိုမြင်ကြရမှာပါ။
 (C) MMICT

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Windows 8ရဲ့ Default Appsကို Uninstall ပြုလုပ်နည်း

Windows 8 မှာ Default အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့ Apps များစွာ ပါရှိပါတယ်။ Bing Finance, Camera, Photos or Communication စတာတွေကို ထည့်သွင်းပေးထားပြီး Start Screenကနေ အသုံးပြုနိုင်ပါတယ်။ Microsoft က Windows 8.1 မှာ Reading List, Sound Recorder, Health & Fitness or Alarm စတဲ့ Apps များကို ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ App များကို Modern or Metro Appလို့ ခေါ်ကြပါတယ်။ အဲဒီ App များဟာ တက်ဘလက်နဲ့ ထိတွေ့မျက်နှာပြင် ပါတဲ့ Device များအတွက် ရည်ရွယ် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ အခြား Device များမှာ Apps များ ကို အသုံးမပြုရင် Uninstall ပြုလုပ်နိုင်ပါတယ်။ Uninstall ပြုလုပ်ဖို့ Powershell ကို အသုံးပြုနိုင်ပါတယ်။ Powershell အသုံးပြုရင် Command Line များ ရိုက်ရတဲ့အတွက် အနည်းငယ် ရှုပ်ထွေးပါတယ်။ Graphical Interfaceကို အသုံးပြုချင်ရင် Win 8 App Removerကို အသုံးပြုနိုင်ပါတယ်။

Win 8 App Removerက Freeware ဖြစ်ပြီး Windows 8, Windows 8.1 , Windows 8.1 Update မှာ အသုံးပြုနိုင်ပါတယ်။ Windows 8, Windows 8.1 , Windows 8.1 Update မှ Modern Appများကို ဖြုတ်နိုင်ပါတယ်။ Win 8 App Removerကို ဖွင့်ရင် အောက်က Interfaceကို မြင်တွေ့ရမှာပါ။remove windows 8' default apps
ပထမဆုံး ဘယ်ဘက်အပေါ်ထောင့်မှာ Operating System ကို ရွေးချယ်ပေးပါ။ Windows 8, Windows 8.1 or Windows 8.1 Update 1 ထဲကမှ သင် အသုံးပြုနေတဲ့ OSကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Apps များကို ဖြုတ်ဖို့အတွက် List Apps ခလုတ်ကို နှိပ်ပါ။ Apps အားလုံး ကို ဖြုတ်ချင်ရင် Select All ခလုတ်ကို နှိပ်ပါ။ Apps အားလုံးကို မဖြုတ်ချင်ဘဲ ရွေးချယ် ဖြုတ်ချင်ရင် ဖြုတ်ချင်တဲ့ Appရဲ့ Checkbox မှာ အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။ ရွေးချယ်ပြီးရင် Remove Apps ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ Operating System ကနေ Apps များကို ဖြုတ်နိုင်သလို .wim(Windows Imaging Format)ကို Mount လုပ်ပြီး Apps များကို ဖြုတ်နိုင်ပါတယ်။

Windows 8 မှာ ထည့်သွင်းပေးလိုက်တဲ့ Appsများဟာ ကွန်ပျု တာရဲ့ Storage မှာ နေရာယူထားကြပါတယ်။ နောက်ပြီး Live Tile များကလည်း အင်တာနက် ကွန်နက်ရှင်ကို အသုံးပြုကြပါတယ်။ Apps များကို Start Screenမှာ ဖျောက်ထားလို့ ရပေမယ့် အသုံးမပြုဘူးဆိုရင် Uninstall လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီ Apps များကို တစ်ပြိုင်ထဲ Uninstall လုပ်ဖို့အတွက် Windows 8 Appက အသုံးဝင်ပါတယ်။ 
Download Windows 8 App Remover
 (C) MMICT
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الأربعاء، 11 يونيو 2014

windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက်



windows 8 & 8.1 တွေမှာ wifi limited ဖြစ်နေသူများအတွက်
====================================

windows 8 & 8.1 တွေမှာ

အဖြစ်များဆုံးပြသနာပါ......ဖြေရှင်းနည်းလေးကတော့ ..........

အဆင့်  ( ၁) ....control panel > network and shareing centre

>မိမိရဲ့ wifi > ကိုကလစ်ပြီး properties ကနေ>configure > power and

mangement ကိုသွားပြီးအမှန်ခြစ်ကလေးကိုဖြုတ်ထုတ်ပေးပါ။။။။။။။။။။။။

အဆင့် ( ၂ ) windows search bar ကနေ cmd ကို run as

administrator နဲ့  run ပြီး အောက်ပါတို့ ကိုရိုက်ထည့် ပေးပါ။။။။။

netsh int ip reset c:\resetlog.txt ကို ရိုက်ထည့် ပေးပြီး

entre ခေါက်ပါ.....

ipconfig /all ပြီးရင် entre နိုပ်ပါ။


ipconfig /release ပြီးရင် entre နိုပ်ပါ။

ipconfig /renew ပြီးရင် entre နိုပ်ပါ။။။။။။။။။။။။

အားလုံးပြီးစီးသွားပြီဆိုလျင်.......restart ချပေးလိုက်ပါ.....100 %

အိုကေပါ.....

credit=စိုင်းသူ
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

Window 8 / 8.1 ကို Password ရေးထည့်စရာမလိုပဲ Automatic ပွင့်စေချင်ရင်

ခုနောက်ပိုင်းထွက်တဲ့ Window 8 / 8.1 တွေက အရင် Window 7,XP တွေလို မဟုတ်တော့ပါဘူး.. လုံခြုံရေးအတွက် Microsoft Account  တစ်ခု မဖြစ်မနေ ရှိရပါတယ်.. Window တင်ရင်လည်း Internet ကွန်နက်ရှင် ရှိဖို့လိုအပ်ပါတယ်.. Window တင်ပြီးတာနဲ့ Microsoft Account ဟာ စတင်အလုပ်လုပ်ပါတော့တယ်.. 
စက်ကို Shut Down / Restart ချပြီး ဝင်းဒိုးပြန်တတ်တာနဲ့ Login Password စ တောင်းပါတယ်.. အဲ့ဒီ Password ကို မရေးချင်ဘူး Auto ပွင့်စေချင်တယ်ဆိုရင်.. အောက်ပါနည်းလမ်းအတိုင်း ပြင်ဆင်ပေးလိုက်ပါ..။
Windows + R  > run box မှာ netplwiz ရေးပြီး Enter ခေါက်လိုက်ပါ..
 
ပုံထဲကအတိုင်း နံပါတ် (1) က အမှန်ခြစ်လေးဖြုတ်လိုက်ပါ...
နံပါတ် (2) နဲ (3) မှာ လက်ရှိသုံးနေတဲ့ Password ကို တူအောင် မှန်အောင် ရိုက်ထည့်ပါ..
(4) Apply 
(5) OK 
နှိပ်ပေးလိုက်ပါ..။
နောက်တစ်ခါ Shut Down / Restart လုပ်ရင် Password ရေးထည့်စရာမလိုတော့ပဲ Automatically ပွင်နေပါလိမ့်မယ်..။

ဝင်းကမ္ဘာကျော်

www.winkabarkyaw.net
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

الاثنين، 31 مارس 2014

Windows 7, 8 မှာ WinKey Shortcut များပြုလုပ်နည်း


Mouse ကနေ ပြုလုပ်တဲ့ Commands အတော်များများ ကို ကီးဘုတ် ကနေ ခိုင်းစေနိုင်ပါတယ်။ Mouse Click များစွာ နှိပ်ပြီးမှ ခိုင်းစေရတဲ့ Commands တွေကို ကီးဘုတ် ကနေ ခိုင်းစေမယ်ဆိုရင် လွယ်ကူလျှင်မြန်စေပါတယ်။

WinKey Shortcuts

အသုံးဝင်တဲ့ Windows Key Shortcut or WinKey Shortcut များ ကို ဖော်ပြပေးလိုက်ပါတယ်။ WinKey ဆိုတာက ကီးဘုတ် ရဲ့ Ctrl နဲ့ Alt ကီးကြားမှာ တည်ရှိတဲ့ Windows Logo နဲ့ ကီးဖြစ်ပါတယ်။ WinKey Shortcut တွေကို Microsoft Keyboard Shortcuts လို့လည်းခေါ်ကြပါတယ်။ WinKey နဲ့ တွဲနှိပ်ရတဲ့ကီးတွေကို အကြီးရိုက်စရာမလိုပါဘူး။

အသုံးဝင်တဲ့ WinKey Shortcuts တွေကို အောက်မှာဖော်ပြထားပါတယ်။

WinKey: Open and close the Start Screen or Start Menu
WinKey + C : Open Charms bar
WinKey + D : Minimize all windows to the desktop. Press again to reverse action
WinKey + E : Open Computer in Windows File Explorer
WinKey + L : Lock the computer
WinKey + F : Open the Search window to find files and folders
WinKey + M : Minimize all windows
WinKey + Shift + M : Maxmize all windows after minimizing them
WinKey + R : Open the Run dialog box
WinKey + X : Open Windows Mobility Center
WinKey + U : Open Ease Of Access Center
WinKey + Pause : Opens the Systems Properties dialog box
WinKey + F1 : Opens Windows Help & Support
WinKey + B : Sets focus on the Task bar, Allows navigation using arrow keys; opens applications on pressing Enter key.

Windows 8 အတွက် WinKey Shortcuts များစွာ ကို Microsoft Website မှာ လေ့လာနိုင်ပါတယ်။

WinKey Shortcut ကိုယ်တိုင်ပြုလုပ်နည်း

ဝင်းဒိုးမှာ WinKey Shortcuts တွေကို အဆင်သင့် သုံးစွဲနိုင်ပေမယ့် ကိုယ်တိုင် လည်း ပြုလုပ်နိုင်ပါသေးတယ်။ ဒီလိုပြုလုပ်ဖို့ WinHotKey ကို အသုံးပြုနိုင်ပါတယ်။ Application, Document, Folder တွေဖွင့်ဖို့အတွက် WinKey Shortcut တွေ ပြုလုပ်နိုင်ပါတယ်။ WinKey အပြင် Ctrl, Shift, Alt စတဲ့ ကီးတွေကိုလည်းအသုံးပြုနိုင်ပါတယ်။

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Post By MMICT

الاثنين، 24 فبراير 2014

Windows 8 Activator For All Versions 100% Working


http://img15.hostingpics.net/pics/889142windows8activation.jpg

Window 8 အသုံးပြုသူများ လိုင်စင်အတွက် စိတ်မညစ်ရအောင် Windows 8 Activator လေးကိုတင်ပေးလိုက် ပါတယ်ဗျာ။ Window 8 Version အားလုံးမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ 100% Activate ဖြစ်ပါတယ်။ အသုံးပြုရတာလည်းလွယ်ကူပါတယ်။ Windows 8 Activator ကို Double Click နှိပ်လိုက်ရုံပါဘဲ။ ဒါဆိုရင် Auto Restart ကျသွားပါလိမ့်မယ်။ Window ပြန်တက်ရလာရင်တော့ သင့်ရဲ့ Window 8ဟာ Activate ဖြစ်သွားပါပြီ။ တစ်ခုဘဲသတိပြုရမှာက Activator ကို Double Click မနှိပ်ခင်မှာ ကွန်ပြူတာမှာ Program တစ်ခုမှ Run ထား လို့မရပါဘူးနော်။ အောက်မှာလည်း အသေးစိတ်ရှင်းပြပေးထားပါတယ်ဗျာ။ အဆင်ပြေပါစေနော်။

 

 
How To Install:

1. Double Click  Windows 8 Activator

2. Rest all will be done Automatically

     (PC will Restart after this)

3.  You will see this message:

 Windows 8 Activator by TF
  
Enjoy stay tuned for more :)


 Let us know if you encounter any kind of problem


Suggestions:

 Close all other Applications Before Installing.
 After expiration Uninstall it with some uninstaller like Revo and install it again!


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။


الثلاثاء، 4 فبراير 2014

Window 7 ပေါ်မှာ Window 8 စတိုင်အသုံးပြုနိုင်တဲ့ - Win8.1 SkinPack 1.0 for Windows 7

http://www.crackszone.com/wp-content/uploads/2014/02/Win8.1.SkinPack.1.0.for_.Windows.7..jpg
အခုတင်ပေးလိုက်တဲ့ Window 8 Skin Pack လေးကတော့ တော်တော်လန်းတယ်ဗျ။ ကျွန်တော်အိမ်မှာ အခု Skin လေးကိုအုပ်ထားတာ Window 8 သုံးနေရတဲ့ပုံစံလေးပါ။ အသုံးပြုရတာလည်းလွယ်ပါတယ်။ Window 7 ပေါ်မှာဘဲ သာမန် Software တစ်ခု Install လုပ်သလိုမျိုး အခု Skin Pack လေးကို Double Click နှိပ်ပြီး Install လုပ်လိုက်ရုံပါဘဲ။ Install လုပ်နေတဲ့အချိန်မှာ Program တစ်ခုမှ Run မထားပါနဲ့။ Install လုပ်ပြီးသွားရင် Restart ကျသွားပါလိမ့်မယ်။ Window ပြန်တက်လာရင်တော့ သင့်ရဲ့ ကွန်ပြူတာပေါ်မှာ Window 8 တစ်ခုလုံး ကိုအသုံးပြုရသလိုမျိုး မြင်နိုင် သုံးနိုင်မှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ Error မရှိဘဲအသုံးပြုနိုင်မှာပါ။ မသုံးချင် ဘူးဆိုရင်လည်း ပြသာနာမရှိပါဘူး။ သာမန် Software တစ်ခု Install လုပ်သလိုမျိုးဘဲ Control Panel ထဲကနေ ၀င်ပြီး Uninstall လုပ်ပေးလိုက်တာနဲ့ အရင်တင်ထားတဲ့ Window 7 ကိုပြန်သုံးနိုင်မှာဖြစ်ပါတယ်ဗျာ။ License မလိုပါဘူး။ နမူနာအနေနဲ့ အောက်မှာ Screen Shot တွေပြထားပါတယ်။

http://dl.irskinpack.com/dl/win7/win8.1%20SkinPack%20win7%20ver1.jpg 

http://www.crackszone.com/wp-content/uploads/2014/02/Win8.1-SkinPack-v1.0_Screenshot-1.jpg

http://www.crackszone.com/wp-content/uploads/2014/02/Win8.1-SkinPack-v1.0_Screenshot-2.jpg 


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။