ဖုန်းထဲမှာ ချက်ဖို့လုပ်ရင်အပေါ်ကလိုပုံ ကိုမြင်တွေ့ရင်တော့ မိမိဖုန်းထဲမှာ Messenger ကို Download ပြီး Install လုပ်ဖို့လိုအပ်ပြီပဲဖြစ်ပါတယ် ဘာလို့လဲဆိုတော့ Facebook ရဲ့အမြဲပြောင်းလဲနေတဲ့ စနစ်ကြောင့် အခုလဲ messeage စနစ်ကိုသူတို့ပြောင်းလဲလိုက်လို့ ပဲဖြစ်ပါတယ်။
ပထမဦးစွာ messenger ကို Download ရန် https://www.facebook.com/mobile/messenger ကိုသွားပါအပေါ်မှာပြထားသလိုပုံပေါ်လာပြီဆိုရင် အစိမ်းခလုတ်လေး Get Messenger ကိုနှိပ်ပါ မိမိဖုန်း ဗားရှင်းလိုက် ပီး Android ဆို Android iPhone Windows နှိပ်ပါသက်ဆိုင်ရာ Store ထဲဝင်သွားပြီး Download နိုင်ပါပြီ Download ပီးဖုန်းထဲမှာ Install လုပ်ပြီးပြီဆိုရင်တော့ Messenger ကိုဖွင့်လိုက်ပါ Welcome to Messenger ဆိုတာနဲ့အောက်မှာ ကိုယ့် Facebook နာမည်နဲ့ ပေါ်နေပါမယ် အပြာနောက်ခံနဲ့ Continue ကိုနှိပ်ရင် Logging in ဆိုပြီးလည်နေပီးခဏစောင့်ပါ အပေါ်ကိုဆွဲတင်လိုက်ပါ အောက်ဆုံးက Sync Contacts အောက်က Not Now ကိုနှိပ်ပါ ဖုန်းနံပါတ်ထည့်ဖို့နေရာပေါ်လာပါမယ် အဲကိုကိုလဲ အပေါ်ဆွဲတင်ပီး Not Now နှိပ်လိုက်ပါ Skip hpone number? မေးလာရင်တော့ Skip ကိုနှိပ်ပါ
You're on Messenger လို့ပေါ်လာရင် Continue ကိုနှိပ်ပါ ဒီလိုကိုယ့်သူငယ်ချင်းတွေပုံနဲ့စကားပြောထားတာလေးတွေပေါ်လာရင်တော့ Messenger Install လုပ်ခြင်းပြီးဆုံးပါပြီ Messenger အချင်းချင်းလည်း viber လို ဖုန်းပြောလို့ရပါတယ် အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ ++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
الخميس، 7 أغسطس 2014
ဓါတ်ပုံပြုပြင်ရာမှအကောင်းဆုံး Portrait_Professional_Studio
ဒီကောင်းလေးကို Photoshop Plugin အနေနဲ့လည်းသုံးလို့ရပါတယ် သူငယ်ချင်းတစ်ယောက်က တောင်းထားလို့ အနော့ဘော်ဘော်တွေအတွက်ပါ တစ်ခါတည်း တင်ပေးလိုက်တယ်နော်၊ သုံးရတာအရမ်းလွယ် သလို ပုံတစ်ပုံပြင်ရာမှာလဲ သူမတူအောင် ကောင်း ပါတယ်၊ ဒီကောင်လေးကို သုံးဖူးသူတွေ သိပြီးဖြစ်ပါ လိမ်မယ်၊ မသုံးဖူးသူတွေလဲ သုံးကြည့်လိုက်ကြပါ၊ ကျွန်တော်ပြောနေတာကမှ ကြာနေပါအုံးမယ်၊ ကဲကြာပါတယ်ဗျာ အောက်မှာတစ်ခါတည်းတာ ဒေါင်းသွားလိုက်တော့ဗျာ ... သုံးပုံသုံးနည်းလေးကိုလဲ Video ဖိုင်းလေကိုလဲကြည့်သွားလိုက်အုံးနော်၊ ဘယ်လိုအသုံးဝင်တယ်ဆိုတာသိသွားပါလိမ်မယ် ကျွန်တော်ဒေါင်းလော့လင့် ၃ ခုနဲ့တင်ပေးထားပါတယ် ကြိုက်တဲ့လင်ကနေသာဒေါင်းသွားတော့ဗျာ ......
အားလုံးပဲအဆင်ပြေပါစေဗျာ .......
ဒေါင်းလော့ဆွဲရန် .....
MediaFire Link, MEGA Link, Solidfiles Link
REF:http://myolay1985.blogspot.com
Sony Xperia Firmware လွယ်ယူစွာ Download ရန် Xperia Firmware Downloader
အရင်ကဆို Sony Xperia ဖုန်းအမျိုးအစားပေါင်းစုံရဲ့ Firmware တွေကို အလွယ်တကူရှာလို့ရဖို့ ၊ Download လုပ်ဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး ။ အခုတော့ Sony Xperia စီးရီးဖုန်းတွေရဲ့ Firmware တွေကိုအလွယ်တကူ One Click အနေနဲ့ Download ရယူနိုင်ဖို့ Xperia Firmware Downloader ဆိုတာလေးထွက်ရှိလာပါတယ်။
ကိုယ့်ဖုန်းအမျိုးအစားကိုရွေး ၊ သက်ဆိုင်ရာ Region ကိုေ၇ွးပြီး Firmware နံပါတ်ကို နှိပ်လိုက်တာနဲ့ Download လုပ်မှာလားမေးပါလိမ့်မယ်။
Download ကိုနှိပ်လိုက်တာနဲ့ Firmware ဖိုင်ကိုစတင် Download လုပ်နေမှာဖြစ်ပါတယ်။ အလွန်လွယ်ကူသွားစေတာဖြစ်တာကြောင့် Sony Xperia ဖုန်းကိုင်ဆောင်သူတွေနဲ့ ဖုန်းဆားဗစ်သမားတွေဆောင်ထားသင့်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။ Xperia Firmware Downloader v2.1 ကိုအောက်က link မှာရယူနိုင်ပါတယ်။
(C) MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်
Video တည်းဖြတ် Photo သီချင်းနဲ့တွဲချင်သူများတွက် Ulead video studio 11
الثلاثاء، 5 أغسطس 2014
Xiaomi စမတ်ဖုန်း ဈေးကွက်ရှယ်ယာ မြင့်တက်လာရခြင်း၏ အကြောင်းအရင်း (၅) ချက်
Xiaomi ၏ စမတ်ဖုန်း ဒီဇိုင်းသည် iPhone ဒီဇိုင်းနှင့် ဆင်တူသော်လည်း ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်များကို ငြင်းဆိုထားပြီး ကုမ္ပဏီ၏ ထုတ်ကုန်များတွင် ကိုယ်ပိုင်ဟန်အချို့ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။ Apple ထုတ်ကုန်များနှင့် ဆင်တူသော ဒီဇိုင်းများမှာ Mi Pad tablet နှင့် Xiaomi Mi 4 ဖုန်းတို့ဖြစ်သည်။
Xaiomi ၏ ထုတ်ကုန်အချို့သည် Apple ၏ ဒီဇိုင်းနှင့် ဆင်တူသောကြောင့် ငြင်းခုံမှုများ ဖြစ်ပွားနေသော်လည်း ကုမ္ပဏီ တိုးတက်မှုကို အဓိက ဖြစ်ပေါ်လာစေသည့် ထုတ်ကုန်များမှာ ဈေးသက်သာသည့် Redmi ဖုန်းနှင့် Redmi Note phablet တို့ဖြစ်သည်။
ထို့အပြင် Xiaomi ကုမ္ပဏီသည် လာမည့်နှစ်အနည်းငယ်အတွင်း များစွာ တိုးတက်လာဖွယ်ရှိနေသည်။ ထို့ကြောင့် Xiaomi ကုမ္ပဏီ တိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်း (၅) ချက်ကို ဖော်ပြလိုက်ပါသည်။
(၁) အရည်အသွေးမြင့် ထုတ်ကုန်များ
Xiaomi ၏ ထုတ်ကုန်များသည် အလွန်ကောင်းမွန်သည့် ထုတ်ကုန်များကို ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များမှာ Mi 3 နှင့် Mi 4 တို့ဖြစ်ပြီး ဈေးနှုန်းမှာလည်း သက်သာသည်။ ဥပမာအားဖြင့် Redmi Note တွင် octa-core processor ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည် ကောင်းမွန်သော်လည်း ဈေးနှုန်းကြီးမြင့်ခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် router များနှင့် UHD TV ကဲ့သို့သော ထုတ်ကုန်များကိုလည်း ရောင်းချလျက်ရှိသည်။
(၂) ထိုက်သင့်သည့် ဈေးနှုန်းများ
Xiaomi ထုတ်ကုန်များ၏ ဈေးနှုန်းသင့်တင်ခြင်းကလည်း
ထို့အပြင် ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များ၏ ဈေးနှုန်းသည် အလယ်အလတ်တန်းစား ဖုန်းတစ်လုံး၏ ဈေးနှုန်းသာရှိသော်လည်း စွမ်းဆောင်ရည်အပိုင်းတွင် စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များနှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သ
(၃) Mi ပရိသတ်များ
Apple နှင့် Samsung ပရိသတ်များ ကဲ့သို့ပင် Xiaomi တွင်လည်း ကုမ္ပဏီ၏ ထုတ်ကုန်များကို နှစ်သက်သူများရှိသည်။ အဆိုပါ Mi ပရိသတ်များသည် တရုတ်နိုင်ငံတွင် ကျင်းပသည့် ကုမ္ပဏီ၏ ထုတ်ကုန် မိတ်ဆက်ပွဲများသို့ ပုံမှန်တက်ရောက်ကြသူများ ဖြစ်သည်။ သို့သော် Mi ပရိသတ်များကို ကန့်သတ်ထားခြင်း မရှိပေ။ ထို့အပြင် Xiaomi သည် ကုမ္ပဏီ၏ အရေးပါဆုံး ထုတ်ကုန်ဖြစ်သည့် MIUI နှင့် ပတ်သက်၍ အခြားနိုင်ငံများရှိ ပရိသတ်များထံ ပုံမှန်ဖြန့်ဝေလျက်ရှိသည်။
(၄) MIUI
Xiaomi ထုတ်ကုန်များတွင် ပါဝင်သော MIUI (my UI) ဟုခေါ်သည့် ROM skin သည် Android ပေါ်တွင် အခြေခံထားပြီး ၎င်းကို ကုမ္ပဏီ၏ စမတ်ဖုန်းများနှင့် tablet များတွင် အသုံးပြုလျက်ရှိသည်။ MIUI တွင် Android နှင့် iOS များ၌ မတွေ့နိုင်သည့် feature အများအပြား ပါဝင်သည်။
MIUI သည် Xiaomi ကို အခြား စမတ်ဖုန်းများနှင့် နှိုင်းယှဉ်သည့်အခါ ထူးခြားဆန်းသစ်သည် အတွေ့အကြုံ ပေးစွမ်းနိုင်သည်။ အကောင်းဆုံးအချက်မှာ ၎င်းကို download ပြုလုပ်ပြီး အခြားသော Android ဖုန်းများတွင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် HTC One တွင် MIUI ကို အသုံးပြုလိုသည့်အခါ MIUI ဆိုက်သို့ သွားရောက်ပြီး သက်ဆိုင်ရာ ROM ကို download ပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။
(၅) Hugo Barra
Google အမှုဆောင်အရာရှိဟောင်း ဟူဂိုဘရာသည် Xiaomi ၏ အပြည်ပြည်ဆိုင်ရာဌာနကို ဦးဆောင်နေသူဖြစ်သည်။
ဘာရာ၏ Google Android ဌာန ဒုဥက္ကဋ္ဌ အဖြစ် ရရှိခဲ့သည့် အောင်မြင်မှုများက Xiaomi ကို စမတ်ဖုန်းကမ္ဘာတွင် ကြီးမားသည့် သြဇာသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သလို ပြိုင်ဆိုင်မှု ပြင်းထန်သည့် စမတ်ဖုန်းဈေးကွက်တွင် အောင်မြင်မှုများ ရရှိစေရန် အကူအညီဖြစ်စေခဲ့သည်။
ဘာရာ၏ လမ်းညွှန်မှုအောက်တွင် Xiaomi သည် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ဖုန်းများကို ရောင်းချရန် ရည်မှန်းထားသည်။
ref: Internet Journal
သင့် Android ဖုန်းရဲ့ Mobile အင်တာနက် Data သုံးစွဲနှုန်းကိုဘယ်လိုချုံ့ပစ်မလဲ
ဒီဆောင်းပါးလေးကိုရေးသားပေးလိုက်ရတာကတော့ အခုမြန်မာနိုင်ငံမှာ မိုဘိုင်း Operator တွေလည်းစတင်လာပြီ ၊ သူတို့ရဲ့ မိုဘိုင်းဖုန်းအင်တာနက်ငွေကြေးကောက်ခံပုံကလည်း နိုင်ငံတကာပုံစံဖြစ်တဲ့ Data သုံးစွဲမှုပမာဏနဲ့ကောက်ခံမှာဖြစ်တဲ့အတွက် ဖုန်းမှာ Data သုံးစွဲနှုန်းကို ဘယ်လိုချုံ့ပစ်ရမလဲဆိုတာကို မိုဘိုင်းဖုန်းအသုံးပြုသူတွေကို သိစေချင်လို့ဖြစ်ပါတယ်။ iPhone တွေကတော့ ဆော့ဝဲအများစုကို Background ကနေ run ခွင့်ပေးမထားတဲ့အတွက် Mobile Data သုံးစွဲနှုန်းအတွက်ထူးထွေသတိပေးစရာမလိုပါဘူး ။ Android ဖုန်းတွေမှာတော့ ဆော့ဝဲအများစုကို Background process အနေနဲ့ run ခွင့်ပေးထားတဲ့အတွက် အင်တာနက်ကနေ Data တွေအမြဲ sync လုပ်နေတဲ့ဆော့ဝဲမျိုးတွေကိုသွင်းထားမိရင် ဖုန်းမှာမလိုအပ်ပဲ အင်တာနက်ကြေးတွေအကုန်အကျအရမ်းများသွားနိုင်ပါတယ်။ ဒါကြောင့် သင့် Android ဖုန်းရဲ့ Mobile အင်တာနက် Data သုံးစွဲနှုန်းကိုလျှော့ချစရာမလိုဘဲ Data Usage ပမာဏကို ဘယ်လိုချုံ့ပစ်မလဲဆိုတာကို တင်ပြပေးလိုက်ရပါတယ်။
Opera Mini ကိုအသုံးပြု ခြင်း

Opera Mini Browser ဟာ မိုဘိုင်း OS တွေအတွက်ထုတ်လုပ်ခဲ့တဲ့ Browser တွေထဲမှာသက်တမ်းအရင့်ဆုံး Browser တစ်ခုလို့ပြောလို့ရပါတယ်။ ဟိုးအရင် Nokia ခေတ်ကတည်းကပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး Mobile Browser တစ်ခုလို့ရည်ညွှန်းရတဲ့အထိကောင်းပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ version တွေမှာဆိုရင် မိုဘိုင်းဖုန်းအင်တာနက် Data အသုံးပြု မှုပမာဏကိုလျှော့ချပေးနိုင်တဲ့အထိကိုစွမ်းဆောင်လာနိုင်တာကိုတွေ့ရပါတယ်။ ဒီ Opera Mini Browser လေးကိုအသုံးပြု ပြီး Website တွေကိုကြည့်ရှုသူတွေအနေနဲ့ မိမိတို့ဖုန်းရဲ့ Website ကြည့်ရှုမှုအတွက် Data သုံးစွဲမှုပမာဏကိုသာမန်ထက် ၂ ဆခန့်လျှော့ချပေးနိုင်တာကို လက်တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီ Browser လေးဟာ သာမန်အတိုင်းကုန်ရမယ့် Data ပမာဏကို Compress လုပ်ပေးလိုက်တာဖြစ်ပါတယ်။ Opera Mini Browser လေးကို အောက်က link မှာရယူနိုင်ပါတယ်။
Opera Mini Browser for Android အားရယူရန်
Opera Max ကိုအသုံးပြု ခြင်း

Opera Max ဆော့ဝဲဟာ Opera Mini ကဲ့သို့ Webpage ကြည့်ရုံမဟုတ်ဘဲ Android ဖုန်းထဲမှာသွင်းထားတဲ့ အင်တာနက် data သုံးစွဲတဲ့ app တိုင်းရဲ့ data သုံးစွဲမှုပမာဏကို compress လုပ်ချုံ့ပစ်နိုင်ပါတယ်။ လက်တွေ့စမ်းသပ်ထားမှုအရ Opera Max ဆော့ဝဲကိုအသုံးပြုပြီး Youtube video ကြည့်ရှုနေချိန်မှာ 10 MB ရှိတဲ့ Video ဖိုင်တစ်ခုကိုကြည့်ရှုတာ 3MB သာ Data သုံးစွဲမှုရှိအောင် Compress လုပ်ပေးလိုက်တာကိုတွေ့ရပါတယ်။ လောလောဆယ်မှာတော့ Opera Max ဆော့ဝဲလေးဟာ Beta version အနေနဲ့ပဲထွက်ရှိပါသေးတယ်။ Opera Max Browser လေးကိုအောက်က link မှာရယူနိုင်ပါတယ်။
Opera Max for Android အားရယူရန်
Onavo Extend ကိုအသုံးပြု ခြင်း

Onavo Extend ဆော့ဝဲကလည်း Opera Max ကဲ့သို့ပါပဲ ။ လုပ်ဆောင်ချက်တူပါတယ်။ သူကတော့ လူသုံးပိုများပါတယ်။ Onavo Extend ဆော့ဝဲကတော့ ဖုန်းမှာအသုံးပြုနေတဲ့ Data ပမာဏကို သက်ဆိုင်ရာ Server ဆီတိုက်ရိုက်မပို့ဘဲ သူ့ရဲ့ကိုယ်ပိုင် VPN Server ဆီကို data ဖြတ်သန်းစေပြီး Data ကို Compress ချုံ့ပစ်လိုက်ပါတယ်။ Opera Max ဆော့ဝဲလိုပဲ ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတိုင်းရဲ့ Mobile Data သုံးစွဲမှုပမာဏကိုလျော့ချပေးနိုင်ပါတယ်။ Onavo Extend ကိုအောက်က link မှာရယူနိုင်ပါတယ်။
Onavo Extend for Android အားရယူရန်
ဒီလောက်ဆိုရင်တော့ အခုပြောခဲ့တဲ့ ဆော့ဝဲများကိုအသုံးပြုပြီး မိမိတို့ Android ဖုန်းတွေရဲ့ မိုဘိုင်းအင်တာနက် Data သုံးစွဲမှုပမာဏကိုသိသိသာသာလျှော့ချလာနိုင်မှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ ။
Ref: TheAndroidSoul
MMAS
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ ++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်

السبت، 2 أغسطس 2014
ဖုန်းလာရင် နာမည်ထွက်အော်ပေးမယ့် apk
ဖုန်းလာရင် နာမည်ထွက်အော်ပေးမယ့် apk လေးဖြစ်ပါတယ်...
လိုအပ်ရင်အောက်မှာရယူပါ
refhttp://ninjiaboylay.blogspot.com
الاشتراك في:
الرسائل (Atom)